Connect with us

North America

အမေရိကန်စစ်တပ်အနေဖြင့် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားဖြန့်ကျက်မှု အားကောင်းစေရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်း ပင်တဂွန်စစ်ဌာနချုပ်က ပြောကြား

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
အီရန်စသည့် အင်အားစုများက အမေရိကန်စစ်တပ်အား ပစ်မှတ်ထားတိုက်ခိုက်နိုင်မှုကို ကိုင်တွယ်တုံ့ပြန်ရန် အမေရိကန်စစ်တပ်သည် အရှေ့အလယ်ပိုင်းဒေသတွင် စစ်အင်အားဖြန့်ကျက်မှုနှင့် ပတ်သက်၍ အားကောင်းစေရေးအတွက် အဆင်သင့်ဖြစ်နေပြီ ဖြစ်ကြောင်းနှင့် လက်ရှိရေကြောင်းတိုက်ခိုက်မှုအင်အားကို ဆက်လက်ထိန်းသိမ်းထားကာ လေကြောင်းတိုက်ခိုက်ရေးအင်အားကို တိုးမြှင့်နိုင်အောင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း အမေရိကန်ကာကွယ်ရေးဌာနက စက်တင်ဘာ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အမေရိကန်နိုင်ငံ ကာကွယ်ရေး ဝန်ကြီး Lloyd Austin သည် အရှေ့အလယ်ပိုင်းဒေသတွင် ဖြစ်ပွားနေသော အခြေအနေ အစီရင်ခံစာများကို ဆက်လက် နားထောင်လျက်ရှိပြီး ယင်းကိုအခြေခံ၍ ၎င်းဒေသတွင် အမေရိကန်စစ်တပ်များ ဖြန့်ကျက်ထားမှုကို ချိန်ညှိသွားမည်ဟု အမေရိကန်နိုင်ငံ ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Patrick Ryder က အဆိုပါနေ့ ကြေညာချက်တွင် ပြောကြားခဲ့သည်။ အမေရိကန်စစ်တပ်၏ သက်ဆိုင်ရာ အစီအမံများ၏ ရည်ရွယ်ချက်မှာ ၎င်းဒေသတွင်းရှိ အမေရိကန် နိုင်ငံသားများနှင့် တပ်ဖွဲ့များ၏ လုံခြုံရေးကို ကာကွယ်ရန်၊ အစ္စရေးကို ကာကွယ်ပေးရန်နှင့် အဟန့်အတားနှင့် သံခင်းတမန်ခင်း နည်းလမ်း ၂ ခုဖြင့် ပဋိပက္ခ အရှိန်အဟုန်မြင့်တက်လာမှုကို တားဆီးရန် ဖြစ်ကြောင်း သိရသည်။
အီရန်နှင့် ၎င်း၏မိတ်ဖက်၊ “ကိုယ်စားလှယ်”များက လက်ရှိ အခြေအနေ တင်းမာနေမှုကို အခွင့်ကောင်းယူပြီး အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့ဝင်များကို ရုတ်တရက် တိုက်ခိုက်ခြင်း၊ အမေရိကန် အကျိုးစီးပွားကို ထိခိုက်စေခြင်း သို့မဟုတ် ပဋိပက္ခ ပိုမိုကြီးထွားလာစေခြင်းတို့မှ ကာကွယ်ရန်အတွက် Austin က ဩဂုတ်လတွင် အရှေ့အလယ်ပိုင်းဒေသ၌ ဖြန့်ကျက်ထားသော အမေရိကန် ရေတပ် “USS Abraham Lincoln CVN-72” လေယာဉ်တင်သင်္ဘောတိုက်ခိုက်ရေးအဖွဲ့ကို အမေရိကန်နိုင်ငံ ဗဟိုစစ်ဌာနချုပ်၏ ကွပ်ကဲမှုအောက်ရှိစစ်မြေပြင်တွင် ဆက်လက်ထားရှိရန်နှင့် ဇွန်လတွင် မြေထဲပင်လယ်ထဲသို့ ဝင်ရောက်ခဲ့သည့် အမေရိကန်ရေတပ်၏ “USS Wasp” ကုန်းရေနှစ်သွယ် ချေမှုန်းရေးသင်္ဘော နှင့် 24th Marine Expeditionary Unit တို့ကို သက်ဆိုင်ရာပင်လယ်ရေပြင်တွင် ဆက်လက်ထားရှိရန် အမိန့်ထုတ်ပြန်ခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
တစ်ချိန်တည်းမှာပင် F-22၊ F-16 စသည့် လေယာဉ်မော်ဒယ်အမျိုးအစားဖြင့် ဖွဲ့စည်းထားသော တိုက်လေယာဉ်တပ်ခွဲကို အထက်တွင်ဖော်ပြထားသော ရေတပ်အင်းအားနှစ်ခုအတွက် လေကြောင်းမှ ပံ့ပိုးပေးမည်ဖြစ်ကြောင်း၊ လာမည့်ရက်အနည်းငယ်အတွင်း အမေရိကန်စစ်တပ်သည် “ခုခံကာကွယ်ရေးဆိုင်ရာ လေကြောင်းထောက်ပံ့မှုစွမ်းရည်” ကို တစ်ဆင့်တိုး မြှင့်တင်သွားမည်ဖြစ်ကြောင်း ဖော်ပြထားသည်။
“အရေးပေါ်အခြေအနေအမျိုးမျိုး” အတွက် နှိုးကြားမှုကို တိုးမြှင့်ရေး၊ အရှေ့အလယ်ပိုင်းဒေသတွင် တပ်ဖြန့်ကျက်မှုကို ပြင်ဆင်ထားရန် ပိုမိုများပြားသော အမေရိကန်တပ်ဖွဲ့များကို Austin က ထပ်မံအမိန့်ထုတ်ခဲ့သည်။
လက်ဘနွန်ဟစ်ဇ်ဘိုလာအဖွဲ့နှင့် အစ္စရေးကြား ပဋိပက္ခသည် မကြာသေးမီရက်ပိုင်းအတွင်းက ရုတ်တရက် ပြင်းထန်လာခဲ့ပြီး အစ္စရေးစစ်တပ်သည် ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးဒေသများကို မကြာခဏ ပစ်မှတ်ထား တိုက်ခိုက်လေ့ရှိရာ ဟစ်ဇ်ဘိုလာအဖွဲ့၏ အကြီးတန်းအဖွဲ့ဝင်များကို အဓိကထားရည်ရွယ်ခဲ့ခြင်းဖြစ်သည်။ ဟစ်ဇ်ဘိုလာအဖွဲ့ က ၎င်းတို့၏ ခေါင်းဆောင် Hassan Nasrallah သည် စက်တင်ဘာ ၂၇ ရက် ဘေရွတ်မြို့ တောင်ပိုင်းဆင်ခြေဖုံးဒေသတွင် အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့ကြောင်း စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်၍ အတည်ပြုခဲ့သည်။ စက်တင်ဘာ ၂၈ ရက်တွင် အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီက ဒေသတွင်း ခုခံရေး အင်အားစုများ အားလုံးကို “ဟစ်ဇ်ဘိုလာအဖွဲ့ဘက်တွင် ရပ်တည်ပေးရန်” တိုက်တွန်းခဲ့သည်။ အီရန်နိုင်ငံ အမျိုးသားလုံခြုံရေးကောင်စီသည် ထိုနေ့တွင်ပင် အစည်းဝေးကျင်းပပြီး အစ္စရေးကို “ပြင်းထန်သော” တုံ့ပြန်မှုကို စတင်ရန် ဆုံးဖြတ်ခဲ့သည်။ (Xinhua)
………………………………….
(Chinese Version)
五角大楼:美军准备好增强对中东地区军力部署
新华社华盛顿9月29日电(记者邓仙来)美国国防部29日说,美军已准备好增强针对中东地区的军力部署,将维持当前的海上打击力量并可能增强空中打击力量,以应对伊朗等方面可能针对美军的袭击。
美国防部发言人帕特里克·赖德当天发表声明说,美国防部长奥斯汀正持续听取有关中东地区局势进展的汇报并据此调整美军在当地的部署。美军相关举措的目的是保护该地区美国公民和军队的安全、保卫以色列,并通过威慑和外交两个途径防止局势升级。
声明说,为防止伊朗及其伙伴和“代理人”趁当前紧张局势袭击中东地区的美军人员、损害美国利益或扩大冲突,奥斯汀命令,8月部署到中东地区的美海军“亚伯拉罕·林肯”号航母打击群继续停留在美国中央司令部所辖战区,6月进入地中海的美国海军“黄蜂”号两栖攻击舰和海军陆战队第24远征部队继续停留在相关水域。同时,由F-22、F-16等多种机型组成的一个战斗机中队将为上述两个海上打击力量提供空中支援。未来数日,美军将进一步增强“防御性空中支持力量”。
声明说,奥斯汀还命令更多美军部队做好向中东地区部署的准备,以提高对“各种突发状况”的戒备。
黎巴嫩真主党和以色列的冲突近日陡然升级,以军频繁对贝鲁特南郊发动定点打击,重点针对真主党高级成员。真主党28日发表声明,证实其领导人纳斯鲁拉在以色列27日对贝鲁特南郊的空袭中丧生。28日,伊朗最高领袖哈梅内伊呼吁“所有地区抵抗力量”都站在黎真主党一边。伊朗最高国家安全委员会同日召开会议,决定对以色列展开“强有力”回应。(完)
图说:这是2021年8月3日在美国弗吉尼亚州阿灵顿拍摄的五角大楼。新华社记者刘杰摄