Connect with us

Africa & Middle East

လက်ဘနွန်နှင့် အီရန်တို့က Hassan Nasrallah သေဆုံးမှုအပေါ် ဝမ်းနည်းကြေကွဲရကြောင်း ဖော်ပြ၊ အစ္စရေးအပေါ် အမေရိကန်က ဆက်လက် မျက်နှာလိုက် ကာကွယ်ပေးလျက်ရှိ

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့၌ ရိုက်ကူးသော ရုပ်သံမြင်ကွင်းတစ်ခုတွင် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah မိန့်ခွန်းပြောကြားနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၃၀ ရက် (ဆင်ဟွာ)
လွန်ခဲ့သည့်ရက်က အစ္စရေး၏ လေကြောင်းတိုက်ခိုက်မှုအတွင်း သေဆုံးခဲ့သည့် လက်ဘနွန် ဟစ်ဇ်ဘိုလာခေါင်းဆောင် Hassan Nasrallah အတွက် ဝမ်းနည်းမှုအထိမ်းအမှတ်ကာလများကို လက်ဘနွန်နှင့် အီရန် အစိုးရတို့က စက်တင်ဘာ ၂၈ ရက်တွင် အသီးသီး ကြေညာခဲ့သည်။ အမေရိကန် သမ္မတ ဂျိုးဇက် ဘိုင်ဒန်ကမူ တစ်ဖက်တွင် အပစ်ရပ်ရေး တိုက်တွန်းနေသလို တစ်ဖက်တွင်လည်း အစ္စရေး၏ “မိမိကိုယ်ကိုယ် ကာကွယ်မှု” ကို အခိုင်အမာ ထောက်ခံကြောင်း၊ အစ္စရေးစစ်တပ် Hassan Nasrallah သေဆုံးအောင် ဗုံးကြဲတိုက်ခိုက်ခြင်းမှာ “တရားမျှတသည့် လုပ်ဆောင်ချက်” ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နှင့် အီရန် နိုင်ငံတစ်ဝန်း ဝမ်းနည်းခြင်း အထိမ်းအမှတ် ပြုလုပ်

လက်ဘနွန်ဝန်ကြီးချုပ် Najib Mikati က ဝမ်းနည်းခြင်း အထိမ်းအမှတ်ကာလအဖြစ် စက်တင်ဘာ ၃၀ ရက်မှ အောက်တိုဘာ ၂ ရက်အထိ သတ်မှတ်သည်ဟု ကြေညာခဲ့ကြောင်း၊ ယင်းကာလတွင် နိုင်ငံတစ်ဝန်း အများပြည်သူနှင့်သက်ဆိုင်သောနေရာများနှင့် မြို့ပြအုပ်ချုပ်ရေးဌာနများတွင် အလံတိုင်တစ်ဝက်လွှင့်ထူကာ ဝမ်နည်းကြောင်း ဖော်ပြသွားမည်ကြောင်း၊ ရုပ်မြင်သံကြား အသံလွှင့်ဌာနများအနေဖြင့်လည်း အစီအစဉ် ထုတ်လွှင့်မှုများကို ပြောင်းလဲသွားမည် ဖြစ်ကြောင်း၊ Hassan Nasrallah ဈာပန အခမ်းအနားနေ့တွင် အစိုးရနှင့် ပုဂ္ဂလိက အဖွဲ့အစည်းများက လုပ်ငန်းများ ယာယီရပ်နားမည် ဖြစ်ကြောင်း လက်ဘနွန်နိုင်ငံပိုင်သတင်းအေဂျင်စီ (NNA) ၏ ဖော်ပြချက်များအရ သိရသည်။

အီရန်နိုင်ငံ ထိပ်တန်းခေါင်းဆောင် အလီ ခါမေနီ က Hassan Nasrallah သေဆုံးခြင်းအတွက် အများပြည်သူ ဝမ်းနည်းမှုအထိမ်းအမှတ်ကာလ ၅ ရက် သတ်မှတ်ရန် ကြေညာခဲ့ပြီး ဒေသတွင်း ခုခံတော်လှန်ရေးအင်အားစုများအနေဖြင့် လက်ဘနွန် ဟစ်ဇ်ဘိုလာအဖွဲအား ထောက်ခံအားပေးရန် တိုက်တွန်းပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် လက်ဘနွန်နှင့် အစ္စရေး နှစ်ဖက်စလုံးသည် စက်တင်ဘာ ၂၇ ရက်က လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် ဆင်ခြေဖုံးကို အစ္စရေးစစ်တပ် လေကြောင်းတိုက်ခိုက်မှုအတွင်း Hassan Nasrallah သေဆုံးခဲ့သည်ကို အတည်ပြုပြောကြားခဲ့သည်။ အစ္စရေးစစ်တပ်က လက်ဘနွန်အား ဆက်တိုက် တိုက်ခိုက်မှုများကြောင့် တင်းမာမှုအခြေအနေများ အရှိန်အဟုန်မြင့်တက်လာပြီး ဒေသတွင်းပဋိပက္ခ ကျယ်ပြန့်ကြီးမာလာကာ ဘက်စုံစစ်ပွဲ ဖြစ်ပွားလာမည်ကို နိုင်ငံ အများအပြားက စိုးရိမ်ကြပေသည်။
လက်ဘနွန် နယ်နိမိတ်သို့ ဝင်၍ ဟစ်ဇ်ဘိုလာ လက်နက်ကိုင်စခန်းများကို ဖျက်ဆီးရန် အစ္စရေး တပ်ဖွဲ့ငယ်များက လက်ဘနွန်-အစ္စရေး နယ်စပ်တွင် လှုပ်ရှားနေပြီဖြစ်ကြောင်း အမေရိကန် ABC သတင်းဌာနက အမေရိကန် အရာရှိနှစ်ဦးကို သတင်းအရင်းအမြစ်အနေဖြင့် စက်တင်ဘာ ၂၉ ရက်တွင် ဖော်ပြထားသည်။ အစ္စရေး အနေဖြင့် Hassan Nasrallah သေဆုံးခြင်းက အစ္စရေး မြောက်ပိုင်း ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးထားရသူ ၆၀,၀၀၀ နေရပ်ပြန်ရေး ရည်မှန်းချက်ကို ပြည့်မီရန် မလုံလောက်ဟု ယူဆသည်။

လုံခြုံရေးကောင်စီအား လက်ဘနွန်-အစ္စရေး ပဋိပက္ခ အရေးပေါ်အစည်းအဝေး ခေါ်ယူရန်၊ “အစ္စရေး ဆက်တိုက် ထိုးစစ်ဆင်နေမှုကို ဟန့်တားရန်၊ ဒေသတွင်းတစ်ခုလုံး ဘက်စုံစစ်ပွဲသို့ မကျရောက်ရေး ကာကွယ်ရန်အတွက် ချက်ချင်း ပြတ်သားသည့် လှုပ်ရှားမှုများ မဖြစ်မနေ လုပ်ဆောင်ရန်” ကုလသမဂ္ဂဆိုင်ရာ အီရန်နိုင်ငံကိုယ်စားလှယ်က ကုလသမဂ္ဂလုံခြုံရေးကောင်စီသို့ စာပေးပို့၍ တိုက်တွန်းခဲ့သည်။

အပစ်ရပ်ရေး နိုင်ငံတကာက တိုက်တွန်းနှိုးဆော်

ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောရေးဆိုခွင့်ရှိသူမှတစ်ဆင့် ကြေညာချက် ထုတ်ပြန်ခဲ့ရာ တင်းမာမှုအရှိန်အဟုန် ရုတ်ခြည်းမြင့်တက်လာခြင်းအပေါ် စိုးရိမ်ကြောင်း၊ “ဒီအကြမ်းဖက်သံသရာလည်နေတာက ချက်ချင်း ရပ်တန့်ရမှာ ဖြစ်ပြီး သက်ဆိုင်ရာအားလုံးက အန္တရာယ်နှုတ်ခမ်းဖျားမှာ အရှိန်သတ်ရမှာဖြစ်တယ်။ လက်ဘနွန်ပြည်သူတွေ၊ အစ္စရေးပြည်သူတွေနဲ့တကွ ဒေသတွင်း ပိုမိုများပြားလှတဲ့ ပြည်သူလူထုတွေက ဘက်စုံစစ်ပွဲဒဏ်ကို ခံနိုင်မှာမဟုတ်ဘူး ” ဟု ပြောကြားခဲ့သည်။

ဆော်ဒီအာရေဗျနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Faisal bin Farhan Al-Saud က “ဒီအရှိန်မြင့်တက်လာတဲ့ အလားအလာက ဒေသတွင်းတစ်ခုလုံးကို ဆိုးကျိုးသက်ရောက်စေလိမ့်မယ်”၊ “ဘက်ပေါင်းစုံအနေနဲ့ အသိဉာဏ်နှင့်ထိန်းသိမ်းဖို့၊ ဒီဒေသတွင်း တကယ်စစ်ပွဲကြီးကို ရှောင်ရှားဖို့ မိမိတို့အနေနဲ့ တိုက်တွန်းတယ်” ဟု ကုလသမဂ္ဂမိန့်ခွန်းတွင် ပြောကြားခဲ့သည်။

ရုရှား နိုင်ငံခြားရေးဝန်ကြီးဌာနက ကြေညာချက် ထုတ်ပြန်ရာတွင် ရုရှားက “အစ္စရေး၏ ဤတစ်ကြိမ် နိုင်ငံရေးလုပ်ကြံမှုကို ရှုတ်ချကြောင်း” ပြောကြားခဲ့သည်။ ဤစစ်ရေးလှုပ်ရှားမှုက လက်ဘနွန်နှင့် အရှေ့အလယ်ပိုင်းဒေသတစ်ခုလုံးအတွက် ပိုမိုကြီးမားသည့် ဝမ်နည်းကြေကွဲမှုများ ဖြစ်လာမည့် အန္တရာယ်ဖြစ်စေသည်ကို အစ္စရေးအနေဖြင့် မစဉ်းစားမိဘဲ မဖြစ်နိုင်ကြောင်း၊ အစ္စရေးအနေဖြင့် “နောက်ဆက်ဖြစ်ပွားသည့် အရှိန်အဟုန်မြင့်တက်လာမှုများအပေါ် အပြည့်အဝ တာဝန်ယူရမည်” ဟု ဖော်ပြခဲ့သည်။

ဂျာမနီနိုင်ငံခြားရေးဝန်ကြီး Annalena Baerbock က ဂျာမနီ Das Erste ၏ တွေ့ဆုံမေးမြန်းမှုတွင် Hassan Nasrallah ကို အစ္စရေးစစ်တပ် ဗုံးကြဲ သတ်ဖြတ်ခဲ့မှုက “လက်ဘနွန်နိုင်ငံတစ်ဝန်းလုံး၏ တည်ငြိမ်မှုကို ခြိမ်းခြောက်ခြင်း” ဖြစ်သလို “အစ္စရေး လုံခြုံရေး အကျိုးစီးပွားနှင့် လုံးဝ မကိုက်ညီ” ကြောင်း ပြောကြားခဲ့သည်။

ပြင်သစ်နိုင်ငံခြားရေးဝန်ကြီး Jean-Noel Barrot က အစ္စရေးကို “လက်ဘနွန်အပေါ် တိုက်ခိုက်မှုများ ချက်ချင်း ရပ်တန့်ရန်” တောင်းဆိုခဲ့ပြီး ပြင်သစ်နိုင်ငံ အနေဖြင့် အစ္စရေးတပ်၏ လက်ဘနွန်ကို ဦးတည်သော မည်သည့် မြေပြင်စစ်ရေးလှုပ်ရှားမှုကိုမဆို ဆန့်ကျင်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် လက်ဘနွန် ဟစ်ဇ်ဘိုလာနှင့် အီရန် စသည့် သက်ဆိုင်ရာက “ထိန်းထိန်းသိမ်းသိမ်း” ရှိကြရန် တိုက်တွန်းကြောင်း ပြောကြားခဲ့သည်။

အမေရိကန် အနေဖြင့် အစ္စရေးကို မျက်နှာလိုက် အကာအကွယ်ပေးနေဆဲ ဖြစ်

နိုင်ငံတကာ အသိုက်အဝန်း၏ ဝေဖန်မှုနှင့် စိုးရိမ်သံများတွင် အမေရိကန်အစိုးရကမူ အစ္စရေးအပေါ် ဆက်လက် မျက်နှာလိုက် အကာအကွယ်ပေးနေဆဲ ဖြစ်သည်။ “အစ္စရေးအနေဖြင့် ဟစ်ဇ်ဘိုလာ၊ ဟားမက်စ်၊ ဟူသီလက်နက်ကိုင်နှင့် အခြားသော အီရန်ပံ့ပိုးသည့် အကြမ်းဖက်အဖွဲ့အစည်းများနှင့် ထိပ်တိုက်ရင်ဆိုင်ရာတွင် မိမိနိုင်ငံ၏ အခွင့်အာဏာနှင့် အကျိုးစီးပွားကို ကာကွယ်မှုအပေါ် ထောက်ခံသည်”ဟု ထပ်မံပြောကြားလိုကြောင်း ဘိုင်ဒန်က စက်တင်ဘာ ၂၈ ရက်တွင် ကြေညာချက် ထုတ်ပြန်ခဲ့သည်။ Hassan Nasrallah ကို အစ္စရေးစစ်တပ် ဗုံးကြဲ သတ်ဖြတ်ခြင်းမှာ “တရားမျှတသည့် လုပ်ဆောင်ချက်” ဖြစ်ကြောင်းပင် ဘိုင်ဒန်က ပြောကြားခဲ့သည်။

Hassan Nasrallah ကို အစ္စရေးစစ်တပ် ဗုံးကြဲ သတ်ဖြတ်ရန်အတွက် အစ္စရေးစစ်တပ်၏ လက်ဘနွန် ဟစ်ဇ်ဘိုလာရုံးချုပ် ဗုံးကြဲတိုက်ခိုက်ရေး လှုပ်ရှားမှုတွင် အမေရိကန် ထောက်ပံ့ပေးသည့် အလေးချိန် ပေါင် ၂,၀၀၀ ( ၉၀၇ ကီလိုဂရမ်) ရှိ BLU-109 မြေပြင်ထိုးဖောက်ဗုံး အပါအဝင် မိနစ်အနည်းငယ်အတွင်း ဗုံးသီးပေါင်း ၈၀ ကျော် ပစ်ချခဲ့ရာ အနည်းဆုံး အဆောက်အဦ ၆ လုံး ဖျက်ဆီးခဲ့ကြောင်း အမေရိကန် နယူးယောက်တိုင်းမ် သတင်းက အစ္စရေး အဆင့်မြင့် စစ်အရာရှိ နှစ်ဦးကို သတင်းအရင်းအမြစ်အဖြစ် ဖော်ပြခဲ့သည်။

ဘိုင်ဒန်က ဖြစ်လာနိုင်မည့် တိုက်ခိုက်မှုများကို ဟန့်တားရေး၊ ပို၍ ကျယ်ပြန့်သည့် ဒေသတွင်းစစ်ပွဲ အန္တရာယ် ဖြစ်ပွားလာမှုကို လျှော့ချရေးအတွက် “အမေရိကန်စစ်တပ်၏ အရှေ့အလယ်ပိုင်းဒေသ ကာကွယ်ရေးအနေအထား တစ်ဆင့်တိုးခိုင်မာအောင် ဆောင်ရွက်ရန်” ၎င်းအနေဖြင့် ကာကွယ်ရေးဝန်ကြီး အော်စတင်ကို ညွှန်ကြားထားကြောင်း ပြောကြားခဲ့ပေသေးသည်။

စက်တင်ဘာ ၂၇ ရက်တွင် အော်စတင်က အစ္စရေးကာကွယ်ရေးဝန်ကြီး Yoav Gallant နှင့် ဖုန်းဖြင့် နှစ်ကြိမ်ဆက်သွယ်ပြောကြားရာတွင် “အမေရိကန်အနေဖြင့် အီရန်နှင့် ၎င်းတို့၏ မိတ်ဖက်၊ ကိုယ်စားလှယ်များ လက်ရှိအခြေအနေကို အသုံးချပြီး လက်ရှိပဋိပက္ခတွေ ကျယ်ပြန့်အောင် ဆောင်ရွက်လာနိုင်မှုကို ခိုင်မာစွာ တားဆီးသွားမည်” ဖြစ်ကြောင်း အလေးထားပြောကြားခဲ့သည်။

စက်တင်ဘာ ၂၈ ရက်တွင် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ဘေရွတ်အခြေစိုက် သံတမန်မိသားစုဝင်များ လက်ဘနွန်မှ ထွက်ခွာရန် အမိန့်ချခဲ့ပြီး သံတမန်အချို့ထွက်ခွာရန် ခွင့်ပြုခဲ့ရာ အကြောင်းရင်းမှာ “ဘေရွတ် လုံခြုံရေးအခြေအနေ လှုပ်ခတ်လာခြင်း၊ ခန့်မှန်းရန်ခဲယဉ်းခြင်း” တို့ ဖြစ်ကြောင်း သိရသည်။ တစ်ချိန်တည်းတွင်ပင် လက်ဘနွန်ရှိ အမေရိကန်နိုင်ငံသားများ နိုင်ငံမှထွက်ခွာရန် လက်ရှိသော စီးပွားဖြစ်လေကြောင်းလိုင်းများ ဖွင့်လှစ်လျက်ရှိနေချိန်တွင် အမြန်ဆုံး ထွက်ခွာရန် တိုက်တွန်းခဲ့ကြောင်း သိရသည်။ (Xinhua)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် တောင်ဆင်ခြေဖုံးကို အစ္စရေးစစ်တပ်ဗုံးကြဲတိုက်ခိုက်ပြီးနောက် မီးခိုးများ ထွက်ပေါ်လာသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လက်ဘနွန်နိုင်ငံ ဘေရွတ်မြို့တော် မြို့လယ်တွင် ဘေရွတ်မြို့ တောင်ဘက်ဆင်ခြေဖုံးမှ ထွက်ပြေးလာသော အိုးအိမ်မဲ့သူများ ၂၀၂၄ ခုနှစ် စက်တင်ဘာ ၂၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

………………………….
(Chinese Version)

观天下·中东局势|黎巴嫩伊朗哀悼纳斯鲁拉 美国继续偏袒以色列
新华社北京9月29日电 黎巴嫩和伊朗政府28日分别宣布为前一天死于以色列空袭的黎巴嫩真主党领导人赛义德·哈桑·纳斯鲁拉设官方哀悼期。美国总统约瑟夫·拜登则一边呼吁停火,一边表示坚决支持以色列“自卫”,称以军炸死纳斯鲁拉是“正义之举”。
黎伊举国哀悼
据黎巴嫩国家通讯社报道,黎总理纳吉布·米卡提宣布9月30日至10月2日为官方哀悼期,其间全国各公众场所和市政机构以下半旗形式致哀;电视广播也将调整节目播出安排;在纳斯鲁拉葬礼之日,所有公立与私营机构将暂停工作。
伊朗最高领袖大阿亚图拉阿里·哈梅内伊宣布为纳斯鲁拉之死设置五天公共哀悼期,并呼吁地区抵抗力量支持黎巴嫩真主党。
28日,黎以双方分别确认纳斯鲁拉27日在黎巴嫩首都贝鲁特郊区遭以军空袭身亡。不少国家担忧以军持续攻击黎巴嫩将致局势升级,使地区冲突扩大为全面战争。
美国广播公司新闻部29日以两名美国官员为消息源报道,以军小股部队已经沿黎以边界活动,进入黎境内摧毁真主党武装阵地。以色列认为单靠杀死纳斯鲁拉不足以实现让以色列北部6万被疏散居民回家的目标。
伊朗驻联合国代表致函联合国安理会,呼吁安理会就黎以冲突召开紧急会议,“必须立刻、果断采取行动,以制止以色列持续不断进攻,防止……将整个地区拖入一场全面战争”。
国际呼吁止战
联合国秘书长安东尼奥·古特雷斯经由发言人发表声明,对局势急剧升级深感担忧:“这种暴力循环必须立即停止,所有相关方必须悬崖勒马。黎巴嫩人民,以色列人民,以及地区内更大范围(的人民),经受不起一场全面战争。”
沙特阿拉伯外交大臣费萨尔·本·法尔汉·阿勒沙特在联合国发言时说,“这一升级动向将在整个地区引发负面反应”,“我们呼吁各方展现智慧和克制,避免这个地区爆发一场真正的战争”。
俄罗斯外交部声明,俄方“谴责以色列最新这起政治谋杀”。以方不可能没有意识到这一军事行动会给黎巴嫩及整个中东地区造成更大悲剧后果的危险。以色列要“对随后的升级负全部责任”。
德国外交部长安娜莱娜·贝尔伯克接受德国电视一台采访时说,以军炸死纳斯鲁拉之举“威胁整个黎巴嫩的稳定”,“完全不符合以色列安全利益”。
法国外长让-诺埃尔·巴罗要求以色列“立即停止对黎巴嫩的打击”,并表示法国反对以军对黎巴嫩采取任何地面军事行动,同时呼吁真主党和伊朗等相关方“克制”。
美国仍偏袒以色列
在国际社会批评和担忧声中,美国政府却继续偏袒以色列。拜登28日发表声明,重申“支持以色列在与真主党、哈马斯、胡塞武装和其他伊朗支持的恐怖组织对抗时保卫本国的权利”。拜登甚至称,以色列炸死纳斯鲁拉是“正义之举”。
据美国《纽约时报》以两名以色列高级军官为消息源报道,为炸死纳斯鲁拉,以军在轰炸黎巴嫩真主党总部的行动中,几分钟内投下80多枚炸弹,包括美国援助的2000磅(907公斤)BLU-109型钻地炸弹,至少摧毁了4栋公寓楼。
拜登还表示,他已指示国防部长劳埃德·奥斯汀“进一步巩固美军在中东地区的防御态势,以阻遏潜在攻击,降低发生更大范围地区战争的风险”。
奥斯汀27日与以色列国防部长约亚夫·加兰特两次通话,强调“美国将坚决阻遏伊朗及其支持的伙伴、代理人利用当前局势或扩大当前冲突”。
美国国务院28日下令驻贝鲁特外交使团人员家属离开黎巴嫩,并批准部分外交人员离开,理由是“贝鲁特安全形势动荡、难以预测”;同时敦促在黎美国公民趁现在出境商业航线仍开放尽快撤离。(沈敏)
1. 这是9月19日在黎巴嫩贝鲁特拍摄的真主党领导人纳斯鲁拉发表讲话的电视画面。新华社发(比拉尔·贾维希摄)
2. 这是9月28日凌晨拍摄的以军轰炸黎巴嫩首都贝鲁特南郊后产生的浓烟。新华社/美联
3. 这是9月28日在黎巴嫩首都贝鲁特市中心拍摄的从贝鲁特南郊逃离的流离失所者。新华社发(比拉尔·贾维希摄)