Connect with us

Europe

ရုရှားစစ်တပ်က ယူကရိန်းနိုင်ငံ နေရာအများအပြားတွင် လေကြောင်းတိုက်ခိုက်မှုအသစ်တစ်ဖန် စတင်

ယူကရိန်းနိုင်ငံ ကိဗ်မြို့တွင် ဒုံးကျည်အပိုင်းအစများ ထိမှန်မှုကြောင့် မီးလောင်နေသည့် လူနေအဆောက်အအုံတစ်ခုကို မီးငြှိမ်းသတ်နေသော မီးသတ်သမားအား ဖေဖော်ဝါရီ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကိဗ်/မော်စကို၊ စက်တင်ဘာ ၃ ရက် (ဆင်ဟွာ)
ယူကရိန်းလေတပ်သည် ထိုနေ့နံနက်အစောပိုင်းတွင်
ရုရှားစစ်တပ်က စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် ယူကရိန်းအား ကြီးမားသောလေကြောင်းတိုက်ခိုက်မှု ထပ်မံပြုလုပ်ခဲ့ကြောင်း၊ ယူကရိန်းနယ်မြေအတွင်းသို့ ဒုံးကျည် ၃၅ စင်းနှင့် တိုက်ခိုက်ရေးဒရုန်း ၂၃ စင်းတို့ကို ပစ်လွှတ်ခဲ့ကြောင်း ယူကရိန်းလေတပ်က အဆိုပါနေ့၌ လူမှုမီဒီယာ၌ ရေးသားဖော်ပြခဲ့သည်။
ကိဗ်ပြည်နယ်၊ Kharkiv ပြည်နယ် နှင့် Dnipropetrovsk ပြည်နယ် စသည့် ပြည်နယ်ခြောက်ခုသည် စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် လေကြောင်းရန်ကာကွယ်ရေး စစ်ဆင်မှု ပြုလုပ်ခဲ့ပြီး ယူကရိန်းဘက်မှ စုစုပေါင်း ဒုံးကျည် ၂၂ စင်းနှင့် တိုက်ခိုက်ရေးဒရုန်း ၂၀ စင်းကို ကြားဖြတ်တားဆီးနိုင်ခဲ့ကြောင်း ယူကရိန်းလေတပ်က ပြောကြားခဲ့သည်။
စက်တင်ဘာ ၂ ရက် နံနက်အစောပိုင်းတွင် မြို့တော်ကိဗ်ကို အဓိကထား လေကြောင်းတိုက်ခိုက်ခဲ့ရာ ရုရှားစစ်တပ်က လမ်းကြောင်းအမျိုးမျိုးမှ ဒုံးကျည်အမျိုးအစားအမျိုးမျိုးကို အသုံးပြု၍ ကိဗ်မြို့ကို တိုက်ခိုက်ခဲ့ကြောင်း ယူကရိန်းလေတပ်၏အချက်အလက်များကို ကိုးကားပြီး “Ukrainska Pravda” သတင်းစာ က သတင်းဖော်ပြခဲ့သည်။ အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် ယင်းမြို့တွင် လူနှစ်ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပြီး မြို့တွင်းရှိ အဆောက်အအုံအများအပြား ဒုံးကျည်အပိုင်းအစများ ထိမှန်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း ကိဗ်မြို့ စစ်ဘက်ဆိုင်ရာအုပ်ချုပ်ရေးဗျူရိုမှ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။
လေကြောင်းတိုက်ခိုက်မှုကြောင့် Kharkiv မြို့တွင် လူငါးဦးထက်မနည်း ဒဏ်ရာရခဲ့ပြီး အဆောက်အဦများစွာ ပျက်စီးခဲ့ကြောင်း Kharkiv ပြည်နယ် စစ်ဘက်ဆိုင်ရာ အုပ်ချုပ်ရေးမှူး Oleg Synegubov က လူမှုမီဒီယာတွင် ရေးသားဖော်ပြခဲ့သည်။
စက်တင်ဘာ ၁ ရက် ညနက်ပိုင်းမှ ၂ ရက် နံနက်အစောပိုင်းအထိ ရုရှားစစ်တပ်သည် တိကျသော တာဝေးပစ်လက်နက်များနှင့် ဒရုန်းများကို အသုံးပြု၍ ယူကရိန်း စွမ်းအင်အရင်းအမြစ်နှင့် စစ်ဘက်ဆိုင်ရာစက်မှု အဆောက်အအုံများ၊ ယူကရိန်း ဒရုန်းတပ်ဆင်ရေးနှင့် သိုလှောင်နေရာများ၊ ယူကရိန်းစစ်တပ်နှင့် နိုင်ငံခြားကြေးစားတပ်များ၏ ယာယီတပ်စွဲထားတဲ့နေရာများကို အစုလိုက်အပြုံလိုက် တိုက်ခိုက်ခဲ့ရာ ကြိုတင်သတ်မှတ်ထားသော ပစ်မှတ်အားလုံးကို ထိမှန်ခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
လွန်ခဲ့သောတစ်ရက်က ယူကရိန်းစစ်တပ်သည် ရုရှားနိုင်ငံ Kursk ပြည်နယ်တွင် လူပေါင်း ၃၅၀ ကျော် ဆုံးရှုံးခဲ့ကြောင်း ရုရှားကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၂ ရက်၌ ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ သြဂုတ်လအစောပိုင်း Kursk ပြည်နယ်တွင် တိုက်ပွဲများစတင်ခဲ့ချိန်မှစ၍ ယူကရိန်းစစ်တပ်သည် လူပေါင်း ၈,၉၀၀ ကျော်နှင့် တင့်ကားအစီးရေ ၈၀ ကျော် ဆုံးရှုံးခဲ့ကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
俄军对乌多地发动新一轮空袭
新华社基辅/莫斯科9月2日电(记者李东旭 刘恺)乌克兰空军2日在社交媒体发文称,俄军当天凌晨再次对乌克兰发动大规模空袭,向乌境内发射了35枚导弹和23架攻击型无人机。
乌空军称,基辅州、哈尔科夫州、第聂伯罗彼得罗夫斯克州等6个州2日凌晨进行了防空作业,乌方共拦截22枚导弹和20架攻击型无人机。
《乌克兰真理报》援引乌空军消息报道,2日凌晨遭空袭的主要是首都基辅,俄军从不同方向使用各型导弹对基辅进行打击。据基辅市军事管理局发布的消息,空袭造成该市至少2人受伤,市内多个建筑物被导弹碎片击中并起火。
哈尔科夫州军事行政长官西涅古博夫在社交媒体发文称,空袭造成哈尔科夫市至少5人受伤,多栋建筑在空袭中受损。
俄罗斯国防部2日通报说,1日深夜至2日凌晨,俄军使用高精度远程武器和无人机对乌克兰能源和军工综合体设施、乌克兰无人机组装和储存场所、乌军和外国雇佣军的临时部署点进行了集群打击,所有预设目标均被击中。
另据俄国防部2日公布的数据,过去一天,乌军在俄库尔斯克州损失350多人。自8月初库尔斯克州战斗开始以来,乌军累计损失超过8900人和80辆坦克。(完)
图说:2月7日,消防员在乌克兰基辅为被导弹碎片击中的居民楼灭火。新华社发(罗曼·佩图什科夫摄)