Connect with us

Africa & Middle East

တရုတ်ကုမ္ပဏီလုပ်ငန်းမှ တာဝန်ယူတည်ဆောက်ပေးသည့် နမီးဘီးယားနိုင်ငံ လမ်းပန်းဆက်သွယ်ရေး အသက်သွေးကြော လမ်းမကြီး ဖွင့်ပွဲအခမ်းအနား ကျင်းပ

နမီးဘီးယားနိုင်ငံ Tses မြို့ရှိ B1 အဝေးပြေးလမ်းတွင် ယာဉ်များ ဖြတ်သန်းသွားလာနေသည်ကို ၂၀၂၄ ခုနှစ် စက်တင်ဘာ ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝင်းလ်ဟိုခ်၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)

နမီးဘီးယားနိုင်ငံ၏ အဓိကအသက်သွေးကြောဖြစ်သည့် B1 အဝေးပြေးလမ်း၊ Keetmanshoop မှ Mariental သို့ ချိတ်ဆက်ထားသော ၈၈ ကီလိုမီတာအရှည်ရှိ ပထမလမ်းအပိုင်း ပြုပြင်ရေးစီမံကိန်း ယာဉ်သွားလာခြင်း ဖွင့်ပွဲအခမ်းအနားကို နမီးဘီးယားနိုင်ငံ မြို့တော် ဝင်းလ်ဟိုခ်နှင့် ၄၂၉ ကီလိုမီတာ ကွာဝေးသော တောင်ပိုင်းမြို့ Tses တွင် စက်တင်ဘာ ၃ ရက်က ကျင်းပခဲ့သည်။

အဆိုပါအခမ်းအနားကို နမီးဘီးယားနိုင်ငံ အစိုးရအရာရှိများ၊ ဒေသခံပြည်သူလူထုနှင့် ပြုပြင်ဆောက်လုပ်ပေးသော တရုတ်နိုင်ငံ ဟဲနန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကုမ္ပဏီလီမိတက် (Henan International) တို့မှ လူပေါင်း ၄၀၀ ကျော် တက်ရောက်ခဲ့သည်။

လမ်းဖွင့်ပွဲအခမ်းအနားတွင် နမီးဘီးယားနိုင်ငံ ဒုတိယဝန်ကြီးချုပ်၊ စီမံကိန်းနှင့်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး John Mutorwa က တရုတ်နိုင်ငံအနေဖြင့် မိမိတို့အတွက် အရည်အသွေးမြင့်ယာဉ်သွားလမ်းကို ဖော်ဆောင်ပေးသည့် တစ်ချိန်တည်းတွင်ပင် မိမိတို့အတွက် ဒေသခံ အလတ်စား၊ အသေးစားလုပ်ငန်းများနှင့် နည်းပညာလုပ်သားများကို ပျိုးထောင်ပေးသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဟဲနန်နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ကုမ္ပဏီလီမိတက် (Henan International) အထွေထွေမန်နေဂျာ ချွေးယွင်ခဲက စီမံကိန်းဆောက်လုပ်ရေးကာလတွင် ကုမ္ပဏီအနေဖြင့် ကပ်ရောဂါ၊ ရေလိုအပ်ချက် ဆိုးရွားမှု၊ ကုန်ဈေးနှုန်းမြင့်တက်မှု စသည့် အခက်အခဲများကို ကျော်လွှားကာ ဒေသခံ လူပေါင်း တစ်ထောင်နီးပါး၏ အလုပ်အကိုင်အခက်အခဲကို ဖြေရှင်းပေးခဲ့ကြောင်း၊ ၎င်းတို့အား ဆောက်လုပ်ရေး နည်းပညာများ သင်ကြားပို့ချပေးခဲ့သလို ဒေသခံ လယ်သမားများ၊ အမျိုးသမီးနှင့် လူငယ်များ၏ ဝင်ငွေတိုးမြင့်အောင် ကူညီအားဖြည့်ပေးခဲ့ရာ ဒေသလူမှုအဖွဲ့အစည်း ဟန်ချက်ညီညီဖွံ့ဖြိုးတိုးတက်ရေးအတွက် စွမ်းအင် ဖြည့်တင်းပေးခဲ့ပါကြောင်း ပြောကြားခဲ့သည်။

နမီးဘီးယားနိုင်ငံ၏ အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံဖြစ်သော တောင်အာဖရိကနိုင်ငံကို ချိတ်ဆက်ထားသည့် အဆိုပါ B1 အဝေးပြေးလမ်းမကြီးသည် ယင်းနိုင်ငံမှ တောင်အာဖရိကသို့ သွားရောက်သည့် တစ်ခုတည်းသော မြန်နှုန်းမြင့်အဝေးပြေးလမ်းဖြစ်ရာ လမ်းပန်းဆက်သွယ်ရေး၏ အသက်သွေးကြောလမ်းမကြီးဟူသော အမည်ဖြင့် ကိုက်ညီပေသည်။ လမ်းဖွင့်လှစ်ပြီးနောက် နှစ်နိုင်ငံအကြား ကုန်သွယ်သွားလာမှုနှုန်းနှင့် ယာဉ်အန္တရာယ်ကင်းရှင်းရေးကို မြှင့်တင်ပေးကာ နမီးဘီးယားနိုင်ငံ၏ စီးပွားရေးတိုးတက်မှုကို အားဖြည့်ပေးမည် ဖြစ်ပေသည်။ (Xinhua)


………………………..
(Chinese Version)
中企承建纳米比亚交通大动脉举行通车仪式

新华社温得和克9月3日电(记者陈诚)3日,在距离纳米比亚首都温得和克420公里的南部城镇策斯,举行了纳交通大动脉B1高速公路基特曼斯胡普至马林塔尔第一标段88公里道路修复项目的通车仪式。
纳政府官员、当地民众和施工方中国河南国际合作集团有限公司(河南国际)等400多人参加了通车仪式。纳副总理兼工程与运输部长穆托尔瓦在通车仪式上致辞说,感谢中国为我们带来一条高质量的道路,同时也为我们培养了一批本地中小企业和技术工人。
河南国际纳米比亚公司总经理崔云柯说,项目施工期间,公司克服了疫情、严重缺水和物价上涨等困难,解决了当地近千人的就业问题,还给他们传授施工技艺,助力当地小农户、妇女和青年群体提高收入,为当地社会协调发展赋能。
据悉,这条连接纳米比亚最大贸易伙伴南非的B1公路是该国通往南非的唯一一条高速路,是名副其实的交通大动脉。道路通车后将提升两国间货物通行速度和人员交通安全,助力纳经济发展。(完)
WINDHOEK, Sept. 4, 2024 (Xinhua) — Cars run on the reopened B1 highway in Tses, Namibia, Sept. 3, 2024.