Connect with us

Europe

ယူကရိန်း၏ စွမ်းအင်ဆိုင်ရာ အဆောက်အအုံများအတွက် ကာကွယ်ရေး အကူအညီများ တိုးမြှင့်ပေးမည်ဟု အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) က ပြောကြား

သြစတြီးယားနိုင်ငံ ဗီယင်နာမြို့တွင် အပြည်ပြည်ဆိုင်ရာ အနုမြူစွမ်းအင်အေဂျင်စီကောင်စီ အထူးအစည်းအဝေးသို့ တက်ရောက်လာသော IAEA ညွှန်ကြားရေးမှူးချုပ် Grossi (ရှေ့တန်းဝဲ) ကို ၂၀၂၄ ခုနှစ် ဧပြီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဗီယင်နာ၊ စက်တင်ဘာ ၄ ရက် (ဆင်ဟွာ)
အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) သည် ယူကရိန်း၏ နျူကလီးယားလုံခြုံရေးသေချာစေရန် အကူအညီများ တိုးချဲ့ပေးမည်ဖြစ်ပြီး ယူကရိန်းနိုင်ငံအတွင်းရှိ အရေးကြီးသော စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများကို ကာကွယ်ရန် ပိုမိုတက်ကြွသော အစီအမံများ ဖော်ဆောင်သွားမည်ဖြစ်ကြောင်း IAEA က စက်တင်ဘာ ၃ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
လတ်တလော ယူကရိန်းနိုင်ငံအတွင်းရှိ စွမ်းအင်ဆိုင်ရာ အခြေခံအဆောက်အအုံများ ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရမှုကြောင့် နျူကလီးယားဓာတ်ပေါင်းဖိုအများအပြားနှင့် ဓာတ်အားလိုင်း၏ ဆက်သွယ်မှုကို ပြတ်တောက်စေပြီး ယူကရိန်းနိုင်ငံ၏ ဓာတ်အားလိုင်းကွန်ရက်ကိုလည်း မတည်မငြိမ်ဖြစ်စေကာ ယူကရိန်းနိုင်ငံအတွင်းရှိ နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ နျူကလီးယားလုံခြုံရေးကို အန္တရာယ်ဖြစ်စေကြောင်း IAEA ညွှန်ကြားရေးမှူးချုပ် Grossi က ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် အဆိုပါနေ့တွင် ယူကရိန်းနိုင်ငံ မြို့တော် ကိဗ်၌ တွေ့ဆုံမှုအပြီး ပြောကြားခဲ့သည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။ IAEA သည် ယူကရိန်းနိုင်ငံအတွင်းရှိ တစ်စိတ်တစ်ပိုင်း ပျက်စီးနေသည့် ဓာတ်အားပေးစက်ရုံများသို့ ပညာရှင်အဖွဲ့တစ်ဖွဲ့ကို အမြန်ဆုံး စေလွှတ်မည်ဖြစ် နောက်ပိုင်း လုပ်ဆောင်နိုင်ခြေရှိသောလှုပ်ရှားမှုများကို လေ့လာပြီး ယင်းနေရာရှိ အခြေအနေကို အကဲဖြတ်ကာ အေဂျင်စီထံ သတင်းပို့ရန်ဖြစ်ကြောင်း သိရသည်။
နျူကလီးယားဓာတ်အားပေးစက်ရုံများ၏ ဘေးကင်းစွာလည်ပတ်မှုသည် ဓာတ်အားလိုင်းနှင့် တည်ငြိမ်သောချိတ်ဆက်မှုများအပေါ်တွင်မူတည်ကြောင်း၊ ယခုအခါ ယင်းနှင့်သက်ဆိုင်သော အခြေအနေများ ပို၍အားနည်းလျက်ရှိကြောင်း Grossi က အလေးပေးပြောကြားခဲ့သည်။ IAEA သည် နျူကလီးယားလုံခြုံရေးသေချာစေရန်နှင့် နျူကလီးယားမတော်တဆမှုများကို ကာကွယ်ရန် ဆက်လက်အားစိုက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။
Grossi သည် ယခုသီတင်းပတ်နှောင်းပိုင်းတွင် ဇာပိုရေဇီးယား နျူကလီးယားဓာတ်အားပေးစက်ရုံသို့ သွားရောက်ပြီး အခြေအနေကို အကဲဖြတ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


…………………
(Chinese Version)
国际原子能机构说将加强对乌克兰能源设施的保护援助
新华社维也纳9月3日电(记者刘昕宇)国际原子能机构3日发表声明说,国际原子能机构将扩大对乌克兰核安全保障的援助,采取更积极主动的措施保护乌境内重要能源基础设施。
声明说,国际原子能机构总干事格罗西当天在乌克兰首都基辅与乌总统泽连斯基会见后说,近期针对乌境内能源基础设施的导弹袭击导致多个核反应堆与电网连接中断,也导致乌国家电网的不稳定,对乌境内核电站的核安全构成风险。国际原子能机构将很快派出一个专家小组前往乌境内部分受损的变电站,现场评估形势并向机构报告以研究后续可能采取的行动。
格罗西强调,核电站的安全运行取决于与电网的稳定连接,而这方面的形势正在变得越来越脆弱。国际原子能机构将继续致力于保障核安全,防止核事故发生。
格罗西本周晚些时候将前往扎波罗热核电站评估形势。(完)
2024年4月11日,在奥地利维也纳,国际原子能机构总干事格罗西(前左)出席国际原子能机构理事会特别会议。(新华社记者贺灿铃摄)