Connect with us

North America

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ်ရှိ အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် သံသယရှိသူမှာ ယင်းကျောင်းမှ ကျောင်းသားတစ်ဦးဖြစ်နေ

စက်တင်ဘာ ၄ ရက် သေနတ်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဘားရိုခရိုင်ရှိ Apalachee အထက်တန်းကျောင်းမြင်ကွင်းကို တွေ့ရစဉ် (ဓာတ်ပုံ- WXIA)

နယူးယောက်၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဘားရိုခရိုင်ရှိ အထက်တန်းကျောင်းတစ်ကျောင်း၌ စက်တင်ဘာ ၄ ရက်တွင် သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ သံသယရှိသူမှာ ယင်းကျောင်းမှ အသက် ၁၄ နှစ်အရွယ် ကျောင်းသားတစ်ဦးဖြစ်ကြောင်း ပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုမှ တာဝန်ရှိသူက ပြောကြားခဲ့သည်။ ထိုသံသယရှိသူကို ဖမ်းဆီးခဲ့ပြီး အရွယ်ရောက်ပြီးသူအဖြစ်သတ်မှတ်၍ စစ်ဆေးမေးမြန်းမည်ဖြစ်သည်။အဆိုပါသေနတ်ပစ်ခတ်မှုသည် ဂျော်ဂျီယာပြည်နယ် မြို့တော် အတ္တလန်တာမှ ၇၂ ကီလိုမီတာခန့်အကွာ ဘားရိုခရိုင် ဝင်ဒါးမြို့ရှိ Apalachee အထက်တန်းကျောင်းတွင် စက်တင်ဘာ ၄ ရက် နံနက်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ သေနတ်ပစ်ခတ်မှုကြောင့် ဆရာ ၂ ဦးနှင့် ကျောင်းသား ၂ ဦး သေဆုံးခဲ့ပြီး ဒဏ်ရာရသူ ၉ ဦးကို ဒေသခံဆေးရုံသို့ ပို့ဆောင်၍ ကုသမှုပေးခဲ့သည်။ အခြားသူ ၅ ဦးမှာ အထိတ်တလန့်လက္ခဏာများဖြစ်ပေါ်၍ ကုသမှုခံယူခဲ့ကြောင်း ဆေးရုံပြောရေးဆိုခွင့်ရှိသူက ပြောကြားခဲ့သည်။

သေနတ်သမားသည် Apalachee အထက်တန်းကျောင်းမှ အသက် ၁၄ နှစ်အရွယ်ကျောင်းသား Colt Gray ဖြစ်ကြောင်း၊ ၎င်းမှ သေနတ်ဖြင့် ပစ်ခတ်ပြီးနောက် ကျောင်းရဲများနှင့် တွေ့ကြုံခဲ့ရာ မကြာမီတွင်ပင် ရဲတပ်ဖွဲ့ထံ လက်နက်ချခဲ့ကြောင်း ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရို ဒါရိုက်တာ Chris Hosey က အဆိုပါနေ့ ညနေပိုင်း သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Gray မှာ လူသတ်မှုဖြင့် တရားစွဲခံရမည်ဖြစ်ပြီး အရွယ်ရောက်ပြီးသူအဖြစ်သတ်မှတ်၍ စစ်ဆေးမေးမြန်းခံရမည်ဖြစ်သည်။ ရဲများသည် ထိုရာဇ၀တ်မှုပြုလုပ်ရသည့် အကြောင်းရင်းစသည်တို့ကို စုံစမ်းစစ်ဆေးမည်ဖြစ်ကြောင်း သိရသည်။

Apalachee အထက်တန်းကျောင်းတွင် ကျောင်းသား ၁,၉၀၀ ခန့်ရှိပြီး အခင်းဖြစ်ပွားပြီးနောက် ယင်းကျောင်းကို လော့ခ်ဒေါင်း (lockdown) ချထားသည်။ ဘားရိုခရိုင်ရှိ ကျောင်းများအားလုံးကို ယခုရက်သတ္တပတ် ကျန်ရှိသောရက်များတွင် ပိတ်ထားမည်ဖြစ်သည်။ အနီးနားရှိ အတ္တလန်တာမြို့ရှိ ရဲများသည် ကျောင်းနှင့် အနီးတစ်ဝိုက်နေရာများ၏ ကင်းလှည့်မှုများကိုလည်း အရှိန်မြှင့်လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

“အသိတရားမဲ့သော သေနတ် အကြမ်းဖက်မှု” ကြောင့် အသက်ဆုံးရှုံးခဲ့ရသူများအတွက် ဝမ်းနည်းကြောင်း အမေရိကန်နိုင်ငံ သမ္မတ ဘိုင်ဒန်က အဆိုပါနေ့တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ လူများ၏ သေနတ်အကြမ်းဖက်မှုက အမေရိကန်လူ့အဖွဲ့အစည်းကို မည်သို့ ခြိမ်းခြောက်နေသည်ကို ဤအဖြစ်အပျက်က သတိပေးမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ တိုက်ခိုက်ရေးလက်နက်များကို တားမြစ်ရန်နှင့် ကျည်ဆန်အများကြီးဆံ့သော ကျည်အိမ်များကို တားမြစ်ရန်၊ သေနတ်များ လုံခြုံစွာ သိုလှောင်မှု တိုးမြှင့်ရန်၊ သေနတ်ကိုင်ဆောင်ထားသူများ၏ နောက်ခံစစ်ဆေးမှုများ လုပ်ဆောင်ရန်နှင့် သေနတ်ထုတ်လုပ်ရောင်းချသူများ၏ ကင်းလွတ်ခွင့်ကို ပယ်ဖျက်ရန် ဥပဒေပြုအမတ်များကိုလည်း ဘိုင်ဒန်က တိုက်တွန်းခဲ့သည်။

သေနတ်အကြမ်းဖက်မှုသည် အမေရိကန် လူ့အဖွဲ့အစည်းကို ဒုက္ခပေးနေသည့် နာတာရှည်ရောဂါများထဲမှ တစ်ခုဖြစ်သည်။ ယခုနှစ်အတွင်း အမေရိကန်နိုင်ငံတွင် အကြီးစား သေနတ်ပစ်ခတ်မှု ၃၈၅ မှု ဖြစ်ပွားခဲ့ပြီး ပစ်ခတ်မှုတိုင်းတွင် အနည်းဆုံး ၄ ဦး သေဆုံး၊ ဒဏ်ရာရခဲ့ကြောင်း အမေရိကန် Gun Violence Archive ဝက်ဘ်ဆိုက်မှ ကိန်းဂဏန်းများအရ သိရသည်။ (Xinhua)

——————————
美国佐治亚州高中枪击事件嫌疑人为该校学生
新华社纽约9月4日电(记者谭晶晶)美国佐治亚州调查局官员4日说,当天发生在该州巴罗县一所高中的枪击事件嫌疑人为该校一名14岁学生。这名嫌疑人被逮捕,并将被视作成年人接受审讯。
这起枪击事件4日上午发生在巴罗县温德市阿巴拉契高中,距佐治亚州首府亚特兰大约72公里。枪击造成两名教师和两名学生死亡,9名伤者被送往当地医院接受救治。一名医院发言人说,还有5人因出现惊恐症状就医。
佐治亚州调查局局长克里斯·霍西在当天下午的新闻发布会上说,枪手为阿巴拉契高中14岁学生科尔特·格雷,他开火后遭遇校警,很快向警方投降。格雷将被指控犯有谋杀罪,并将被视作成年人接受审讯。警方将对其作案动机等进行调查。
阿巴拉契高中约有1900名学生,事发后这所高中被封锁。巴罗县所有学校本周余下时间将关闭。附近的亚特兰大市警方也加强了对学校及周边区域的巡逻。
美国总统拜登当天发表声明,向因“无谓的枪支暴力”而丧生的人表示哀悼。他说,这起事件提醒人们枪支暴力如何持续撕裂美国社区。拜登还呼吁立法者禁止攻击性武器和高容量弹匣,加强枪支安全存放,对持枪人进行背景调查,并取消对枪支制造商的豁免权。
枪支暴力是困扰美国社会的顽疾之一。据美国“枪支暴力档案”网站数据,美国今年已发生385起造成至少4人死伤的大规模枪击事件。(完)
Video screenshot taken on Sept. 4, 2024, shows the scene after a shooting at the Apalachee High School in Barrow County, Georgia, the United States. (Credit: WXIA)