Connect with us

International Organizations

ခရစ္စတီယာနို ရော်နယ်လ်ဒိုနှင့် လီယွန်နယ် မက်ဆီတို့ ဘလွန်းဒီအောဆု (Ballon d’Or) ဆန်ခါတင် အယောက် ၃၀ နာမည်စာရင်းနှင့် လွဲချော်

ပေါ်တူဂီအသင်း ကစားသမား ရော်နယ်ဒိုကို ပွဲမစတင်မီ ၂၀၂၄ ခုနှစ် ဇွန်လ ၂၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ စက်တင်ဘာ ၅ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ် ဘလွန်းဒီအောဆု ဆန်ခါတင် အယောက် ၃၀ နာမည်စာရင်းတွင် ကိုင်လီယန် အမ်ဘာပေ၊ ဗင်နီရှပ် ဂျူနီယာ စသည်တို့ပါဝင်ပြီး စီရော်နယ်လ်ဒိုနှင့် မက်ဆီတို့မှာမူ စာရင်းတွင်ပင် မပါဝင်ခဲ့ကြောင်း “France Football” မဂ္ဂဇင်းက စက်တင်ဘာ ၄ ရက်တွင် ကြေညာခဲ့သည်။ဤနာမည်စာရင်းတွင် ပြီးခဲ့သောပြိုင်ပွဲရာသီက လာလီဂါနှင့် ဥရောပချန်ပီယံလိဂ် နှစ်ထပ်ကွမ်းချန်ပီယံများဖြစ်သော ရီးရဲလ်မက်ဒရစ်အသင်းမှ ကစားသမားပေါင်း ၇ ဦး ရွေးချယ်ခံခဲ့ရပြီး ဗင်နီရှပ် ဂျူနီယာ၊ ဘယ်လင်ဂမ်၊ အဖွဲ့ဝင်အသစ် အမ်ဘာပေနှင့် အနားယူသွားသော တိုနီခရူးစ် စသည်တို့အပါအဝင် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။ ထို့အပြင် စပိန်အသင်းနှင့် မန်ချက်စတာစီးတီးအသင်း အဓိကကွင်းလယ်ကစားသမား ရိုဒရီ၊ ဥရောပချန်ပီယံရှစ်တွင် တစ်မူထူးခြားစွာ တောက်ပခဲ့သော လူငယ်ကစားသမား လမိုင်း ရာမယ်နှင့် အင်တာမီလန် အမြွှာကြယ်ပွင့် လူတာရို မာတီနက်နှင့် Hakan Calhanoglu တို့လည်း ရွေးချယ်ခံခဲ့ရကြောင်း သိရသည်။

ထူးခြားချက်အနေဖြင့် ဖော်ပြရမည်ဆိုလျှင် ၂၀၂၃ ခုနှစ် ဘလွန်းဒီအောဆုရှင်၊ စုစုပေါင်း ၈ ကြိမ်ထူးထူးခြားခြားဆွတ်ခူးခဲ့သော မက်ဆီနှင့် ဘလွန်းဒီအောဆု ၅ ကြိမ်ဆွတ်ခူးရရှိခဲ့သော စီရော်နယ်လ်ဒိုတို့မှာမူ နာမည်စာရင်းတွင်ပင် ထည့်သွင်းခြင်း မခံရသဖြင့် ၎င်းတို့နှစ်ဦးသည် ၂၀၂၃ ခုနှစ်မှစ၍ ပထမဆုံးအကြိမ် အမည်စာရင်းမဝင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
“French Football” မှလည်း အခြားဆုများစွာအတွက် ဆန်ခါတင် နာမည်စာရင်းများကို ထုတ်ပြန်ကြေညာခဲ့ပြီး ၎င်းတို့ထဲမှ ရာမယ်သည် အကောင်းဆုံးလူငယ်ကစားသမားကိုယ်စားပြုသည့် ကိုပါဆု (Kopa Award) ဆန်ခါတင် နာမည်စာရင်းတွင် ဦးဆောင်ကာ ကာလို အန်ဆယ်လော့တီ နှင့် ဒယ်လာဖွန်တေ တို့သည် အကောင်းဆုံးအမျိုးသားဘောလုံးနည်းပြအဖြစ် ဆန်ခါတင်စာရင်းတွင် ပါဝင်ကြောင်း သိရသည်။ဆုပေးပွဲအခမ်းအနားကို အောက်တိုဘာ ၂၈ ရက်တွင် ကျင်းပမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

————————-
C罗、梅西无缘金球奖30人候选名单
新华社北京9月5日电 《法国足球》杂志当地时间4日公布了2024年金球奖的30人候选名单,姆巴佩、维尼修斯等人在列,克·罗纳尔多(C罗)与梅西双双无缘。
在这份名单中,上赛季西甲与欧冠双料冠军皇家马德里共有7名球员入选,包括维尼修斯、贝林厄姆、新加盟的姆巴佩和已退役的克罗斯等人。入选的还包括西班牙队和曼城队中场核心罗德里、在欧锦赛中大放异彩的小将亚马尔、国际米兰双子星劳塔罗和恰尔汗奥卢等。
值得一提的是,2023年金球奖得主、共8次获得该项殊荣的梅西和5夺金球奖的C罗均未能获得提名,这也是2003年以来,二人首次都未能入围。
《法国足球》还公布了其他多个奖项的提名,其中亚马尔领衔象征最佳年轻球员的科帕奖候选名单,安切洛蒂、德拉富恩特入围最佳男足教练候选。
颁奖典礼将于10月28日进行。(完)
图说:6月22日,葡萄牙队球员克·罗纳尔多在比赛前。