Connect with us

Europe

Michel Barnier ကို ၀န်ကြီးချုပ်သစ်အဖြစ် ပြင်သစ်နိုင်ငံ သမ္မတက ခန့်အပ်

ပြင်သစ်နိုင်ငံ မြို့တော် ပဲရစ်မြို့ရှိ ဝန်ကြီးချုပ်ရုံးတွင် ရာထူးလွှဲပြောင်းပွဲ အခမ်းအနားသို့ တက်ရောက်လာသော Michel Barnier (ရှေ့တန်းယာ) နှင့် ရာထူးမှနုတ်ထွက်တော့မည့် ၀န်ကြီးချုပ် Attal (ရှေ့တန်းဝဲ) တို့ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပဲရစ်၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်က စက်တင်ဘာ ၅ ရက်တွင် Michel Barnier ကို ဝန်ကြီးချုပ်သစ်အဖြစ်ခန့်အပ်ခဲ့ပြီး အစိုးရသစ်ဖွဲ့စည်းရန် ၎င်းအား တာဝန်ပေးအပ်ခဲ့ကြောင်း ပြင်သစ်သမ္မတအိမ်တော်က အဆိုပါနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။
ဤခန့်အပ်မှုသည် ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်မှ “မကြုံစဖူး ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးညှိနှိုင်းမှုများ” လုပ်ဆောင်ပြီးနောက် သမ္မတက “၎င်း၏ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာ တာဝန်နှင့်အညီ ဝန်ကြီးချုပ်အသစ်နှင့် နောက်ပိုင်းတက်လာမည့် အစိုးရတို့ တတ်နိုင်သမျှ တည်ငြိမ်မှုရှိစေရန်နှင့် ဘက်ပေါင်းစုံမှ အင်အားများ ပိုမိုကျယ်ပြန့်စွာ စည်းလုံးညီညွတ်မှုရှိစေရန်” ခန့်အပ်ကြောင်း ကြေညာချက်တွင် ဖော်ပြခဲ့သည်။
ဩဂုတ်လနှောင်းပိုင်းမှစ၍ မက်ခရွန်က အဓိကနိုင်ငံရေးပါတီများနှင့် ဝန်ကြီးချုပ်အသစ် ကိုယ်စားလှယ်လောင်းရွေးချယ်ရန်နှင့် ပတ်သက်၍ ဆွေးနွေးတိုင်ပင်မှုများ ကျယ်ကျယ်ပြန့်ပြန့်လုပ်ဆောင်ခဲ့ပြီး လက်ဝဲယိမ်းဝန်ကြီးချုပ်ဟောင်း Bernard Cazeneuve နှင့် လက်ယာယိမ်း Hauts-de-France ဒေသပါလီမန်ဥက္ကဋ္ဌ Xavier Bertrand ၊ ပြင်သစ်စီးပွားရေး၊ လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာကောင်စီ ဥက္ကဋ္ဌ Thierry Baudet စသည်တို့ကို ကိုယ်စားလှယ်လောင်းများအဖြစ် သတ်မှတ်ရန် စဉ်းစားခဲ့သော်လည်း အတိုက်အခံဘက်၏ ထောက်ခံမှု မရရှိခြင်းကြောင့် နောက်ဆုံး ၎င်းတို့အားလုံးကို လက်လျှော့လိုက်ရသည်။
လက်ရှိတွင် မက်ခရွန်၏အာဏာရပါတီ “Together” သည် အမျိုးသားလွှတ်တော်တွင် အမတ်နေရာအရေအတွက်အရ ဒုတိယနေရာတွင်သာ ရှိနေသည်။ မက်ခရွန်က ခန့်အပ်သော ဝန်ကြီးချုပ် ကိုယ်စားလှယ်လောင်းမှာ အာဏာရပါတီမှ လွှတ်တော်အမတ်များ၏ထောက်ခံမှုအပြင် အတိုက်အခံဘက်မှ လွှတ်တော်များ၏ ထောက်ခံမှုမှာလည်း သင့်တင့်သောအရေအတွက်ရှိမှသာလျှင် ထောက်ခံမှုနှုန်းမှာ ထက်ဝက်ကျော်ရရှိရမည်ဖြစ်သည်။
သမ္မတအိမ်တော်က ဝန်ကြီးချုပ်အသစ် ကိုယ်စားလှယ်လောင်းအား ကြေညာပြီးနောက် လက်ယာယိမ်း National Rally ဥက္ကဋ္ဌ Jordan Bardella က Barnier ကို ချက်ချင်းစွပ်စွဲပြစ်တင်ခြင်း ပြုလုပ်မည်မဟုတ်ကြောင်း၊ ၎င်း၏အနာဂတ်မူဝါဒများအပေါ်မူတည်၍ နောက်တစ်ဆင့်ကို ဆုံးဖြတ်မည်ဖြစ်ကြောင်း မီဒီယာများအား ပြောကြားခဲ့သည်။ သို့သော် အမျိုးသားလွှတ်တော်တွင် အမတ်နေရာအများဆုံးရှိသည့် လက်ဝဲယိမ်းမဟာမိတ်အဖွဲ့ဖြစ်သည့် Nouveau Front Populaire (NFP) ကမူ အပြင်းအထန် ကန့်ကွက်ကြောင်း၊ ၀န်ကြီးချုပ်သစ်ခန့်အပ်ခြင်းသည် “မိမိတို့ကို နိုင်ငံရေးစနစ်အကျပ်အတည်းထဲရောက်စေတယ်”ဟူ၍ ၎င်းနိုင်ငံရေးပါတီများအနက် တစ်ခုဖြစ်သည့် ဆိုရှယ်လစ်ပါတီ၏ ပထမအတွင်းဝန် Olivier Faure က ပြောကြားခဲ့သည်။ Barnier ကိုအမျိုးသားလွှတ်တော်တွင် စွပ်စွဲပြစ်တင်မည်ဖြစ်ကြောင်း ၎င်းပါတီက ဖော်ပြခဲ့သည်။
အသက် ၇၃ နှစ်အရွယ်ရှိသော Barnier သည် ပြင်သစ်လက်ယာယိမ်းမှဖြစ်ပြီး ၎င်းသည် အစိုးရ၀န်ကြီးအဖြစ် အကြိမ်ပေါင်းများစွာ တာဝန်ထမ်းဆောင်ခဲ့ပြီး ဥရောပသမဂ္ဂကော်မရှင်နာအဖြစ် နှစ်ကြိမ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သည်။ ၂၀၁၆ ခုနှစ်မှစ၍ ၎င်းသည် ဗြိတိန်၏ ဘရက်ဇစ် (Brexit) ရေးရာတွင် ဥရောပသမဂ္ဂ ညှိနှိုင်းရေး ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်။
ဇွန်လအစောပိုင်းတွင်ကျင်းပခဲ့သည့် ဥရောပပါလီမန်ရွေးကောက်ပွဲ၌ ပြင်သစ်အာဏာရပါတီ Renaissance (RE) ၏ မဲရရှိနှုန်းသည် လက်ယာစွန်းအမျိုးသားဒီမိုကရေစီမဟာမိတ်အဖွဲ့ထက်အလွန်နည်းပါးခဲ့ရာ နောက်ပိုင်းတွင် မက်ခရွန်သည် အမျိုးသားလွှတ်တော်ကို ဖျက်သိမ်းကြောင်း ကြေညာခဲ့ပြီး အမျိုးသားလွှတ်တော်အသစ်အတွက် ရွေးကောက်ပွဲကြိုတင် ကျင်းပခဲ့သည်။ ဇူလိုင်လအစောပိုင်းတွင် ပြင်သစ်အမျိုးသားလွှတ်တော်ရွေးကောက်ပွဲ ဒုတိယအကျော့မဲပေးမှု ပြီးစီးခဲ့ရာ လက်ဝဲလက်ယာ မယိမ်းသောဗဟိုဝါဒအဖွဲ့၏ အာဏာရပါတီမဟာမိတ်နှင့် လက်ဝဲယိမ်းမဟာမိတ်အဖွဲ့တို့ ပူးပေါင်းကာ အမျိုးသားမဟာမိတ်အဖွဲ့က အမျိုးသားလွှတ်တော်တွင် အကြီးဆုံးပါတီဖြစ်လာခြင်းကို တားဆီးခဲ့သော်လည်း အာဏာရပါတီ မဟာမိတ်အဖွဲ့သည် အကြီးဆုံးပါတီနေရာကို မရရှိခဲ့ပေ။ ဇူလိုင်လ ၁၆ ရက်တွင် မက်ခရွန်သည် ထိုစဉ်၀န်ကြီးချုပ်ရာထူးတာဝန်ထမ်းဆောင်နေသော Gabriel Attal ၏ ရာထူးမှနုတ်ထွက်ရန်တောင်းဆိုမှုကို အတည်ပြုပေးခဲ့သည်။ (Xinhua)

………………………………………………….
(Chinese Version)
法国总统任命 米歇尔·巴尼耶 为新总理
新华社巴黎9月5日电(记者唐霁 邢建桥)法国总统府5日发布新闻公报说,总统马克龙当天任命米歇尔·巴尼耶为新总理,并责成他组建新政府。
该公报称,这项任命是总统马克龙在进行了“前所未有地广泛磋商”后做出的,总统“根据其宪法职责,确保新总理和即将产生的政府尽可能稳定,并能够更广泛地团结各方力量”。
从8月下旬开始,马克龙和各主要政党就新总理人选进行广泛磋商,一度曾考虑过左翼的前总理贝尔纳·卡泽纳夫、右翼的上法兰西大区议会主席格扎维埃·贝特朗、法国经济社会环境理事会主席蒂埃里·博代等人选,但都因得不到反对派的支持最终作罢。
目前,马克龙所在执政党联盟“在一起”在国民议会中的议席数只排第二位。马克龙任命的总理人选,除了执政党议员支持外,还必须有相当数量来自反对派阵营的议员支持,才能保证支持率超过半数。
总统府宣布新总理人选后,极右翼的国民联盟主席若尔当·巴尔代拉对媒体说不会马上弹劾巴尼耶,将根据其未来政策再决定下一步行动。但在国民议会议席数排在第一的左翼联盟“新人民阵线”表示强烈反对,其政党之一的社会党第一书记奥利维耶·富尔说,新总理的任命让“我们正在进入政体危机”,该党表示将会在国民议会弹劾巴尼耶。
今年73岁的巴尼耶属于法国右翼,曾数次担任政府部长,并两次担任欧盟委员。2016年起,他曾担任负责英国“脱欧”事务的欧盟首席谈判代表。
在6月初举行的欧洲议会选举中,法国执政党复兴党得票率远低于极右翼的国民联盟,马克龙随即宣布解散国民议会、提前举行新一届国民议会选举。7月初,法国国民议会选举第二轮投票结束,属于“中间派”的执政党联盟与左翼联盟联手阻止了国民联盟成为国民议会第一大党,但执政党联盟未能获得第一大党地位。7月16日,马克龙批准时任总理阿塔尔的辞职请求。(完)
9月5日,在法国首都巴黎的总理府,米歇尔·巴尼耶(前右)和即将卸任的总理阿塔尔(前左)出席交接仪式。