Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် ပိုလီယိုကာကွယ်ဆေးတိုက်ကျွေး

ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်မြို့တွင် ပါလက်စတိုင်းကလေးငယ်များ ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးနေသည်ကို စက်တင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ စက်တင်ဘာ ၆ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ ကလေးငယ်များအတွက် ပိုလီယိုရောဂါကာကွယ်ဆေးတိုက်ကျွေးခြင်း ပထမအဆင့်လုပ်ငန်း ပြီးဆုံးသွားကြောင်းနှင့် ကလေးငယ် ၁၈၀,၀၀၀ ကျော်အား ပထမအကြိမ် ကာကွယ်ဆေး တိုက်ကျွေးပြီးကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က စက်တင်ဘာ ၄ ရက်တွင် ပြောကြားခဲ့သည်။ “ဤဒေသတွင်းရှိ ကလေးများမကျန်ခဲ့စေရေး သေချာစေရန်” လာမည့်ရက်အနည်းငယ်အတွင်း ဂါဇာအလယ်ပိုင်းရှိ ဆေးဘက်ဆိုင်ရာ အဆောက်အအုံကြီး ၄ ခုတွင် ကာကွယ်ဆေးများ ဆက်လက်တိုက်ကျွေးပေးသွားမည်ဖြစ်ကြောင်း WHO မှ ပြောကြားခဲ့သည်။ တစ်ချိန်တည်းမှာပင် ကာကွယ်ဆေးတိုက်ကျွေးခြင်း၏ အဓိကအပိုင်းကို ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်းသို့ ဦးတည်သွားမည်ဖြစ်ပြီး ၎င်းနေရာတွင် ခန့်မှန်းခြေ ကလေးငယ် ၃၄၀,၀၀၀ ခန့်ရှိပြီး လာမည့် ၄ ရက်အတွင်း ကာကွယ်ဆေး ပထမအကြိမ် တိုက်ကျွေးပေးမည်ဖြစ်ကြောင်း သိရသည်။ (Xinhua)


………………………………………………………

(Chinese Version)
加沙地带:脊灰疫苗接种
加沙,2024年9月6日
世界卫生组织4日说,为加沙地带儿童接种脊髓灰质炎疫苗的第一阶段工作已经结束,超过18万名儿童接种了第一剂疫苗。世卫组织说,接下来几天将在加沙中部4处大型医疗设施继续提供疫苗接种,“以确保这一区域没有儿童错过”。与此同时,疫苗接种重点将转移到加沙地带南部,估计那里将有34万名儿童在今后4天接种第一剂疫苗。
图说:9月5日,在加沙地带南部城市汗尤尼斯,巴勒斯坦儿童接种脊髓灰质炎疫苗。新华社发(里泽克·阿卜杜勒贾瓦德摄)