Connect with us

North America

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတွင် လူသတ်မှုကျူးလွန်သူ၏ ဖခင်ဖြစ်သူအား ဒုတိယအဆင့် လူသတ်မှုဖြင့် စွဲချက်တင်

အမေရိကန်နိုင်ငံ ဂျော်ဂျီယာပြည်နယ် ဘားရိုခရိုင် ဝင်ဒါးမြို့တွင် သေနတ်ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် Apalachee အထက်တန်းကျောင်းအပြင်ဘက်တွင် ရဲများ စုဝေးနေသည်ကို စက်တင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/ အေပီ)

ပေကျင်း၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ယခင်ရက်က ဖြစ်ပွားသော Apalachee အထက်တန်းကျောင်း သေနတ်ပစ်ခတ်မှုတွင် လူသတ်မှုကျူးလွန်သူ၏ ဖခင်ဖြစ်သူအား ဖမ်းဆီးခဲ့ပြီး ဒုတိယအဆင့် လူသတ်မှုစသည့် စွဲချက်အများအပြား တင်ပြခဲ့ပြီး ထိုဖခင်က “ရည်ရွယ်ချက်ရှိရှိ” ၎င်း၏ သားကို သေနတ်ကိုင်ခွင့်ပေးသည်ဆိုသော အကြောင်းရင်းလည်း ပါဝင်ကြောင်း ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုက စက်တင်ဘာ ၅ ရက်၌ ကြေညာခဲ့သည်။
သေနတ်ပစ်ခတ်မှုတွင် သံသယရှိသူ Colt Gray ၏ အသက် ၅၄ နှစ်အရွယ်ရှိသောဖခင် Colin Gray ကို မတော်တဆလူသတ်မှု ၄ မှု၊ ဒုတိယအဆင့် လူသတ်မှု ၂ မှုနှင့် ကလေးငယ်အား ညှင်းပန်းနှိပ်စက်မှု ၈ မှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရကြောင်း ဂျော်ဂျီယာပြည်နယ် စုံစမ်းစစ်ဆေးရေးဗျူရိုက အဆိုပါနေ့ ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။
အဆိုပါ ပစ်ခတ်မှုကြောင့် လူ ၄ ဦး သေဆုံးပြီး ၉ ဦး ဒဏ်ရာရရှိကာ ယင်းသည် ယခုနှစ်ဆောင်းဦးရာသီ ကျောင်းဖွင့်ချိန်မှ စတင်၍ အမေရိကန်နိုင်ငံတွင် ဖြစ်ပွားသော ပထမဆုံးသော ကျောင်းတွင်း သေနတ်ပစ်ခတ်မှုဖြစ်သည်။ အသက် ၁၄ နှစ်အရွယ်ရှိ Colt သည် ကြီးလေးသော လူသတ်မှု ၄ မှုဖြင့် စွဲချက်တင်ခံထားရပြီး အရွယ်ရောက်ပြီးသူအဖြစ် လက်ခံကြားနာရမည်ဖြစ်သည်။ ဂျော်ဂျီယာ တရားရုံးချုပ်တွင် ဒေသစံတော်ချိန် စက်တင်ဘာ ၆ ရက်၌ ဗီဒီယိုလင့်ခ်မှတစ်ဆင့် ပထမဆုံးအကြိမ် တရားရုံးတက်ရမည်ဖြစ်သည်။
ဂျော်ဂျီယာပြည်နယ်တွင် ဒုတိယအဆင့် လူသတ်မှုသည် ထောင်ဒဏ် ၁၀ နှစ်မှ ၃၀ အထိ ပြစ်ဒဏ်ရှိပြီး ကြီးလေးသော လူသတ်ပြစ်မှု ကျူးလွန်ပါက အပေါ့ဆုံးပြစ်မှုအဖြစ်ပင် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ချမှတ်နိုင်သည်။
ပစ်ခတ်မှုတွင် Colt အသုံးပြုခဲ့သော သေနတ်မှာ ယခင်နှစ် ဒီဇင်ဘာလက အားလပ်ရက် လက်ဆောင်အဖြစ် သားဖြစ်သူကို ၎င်းကိုယ်တိုင်ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း Colin က စုံစမ်းစစ်ဆေးသူများကို ပြောပြခဲ့သည်။ Colt သည် ဖခင်နှင့်အတူ မကြာခဏ သေနတ်ပစ်ခြင်း၊ အမဲလိုက်ခြင်းတို့ပြုလုပ်ကြောင်း အေပီသတင်းဌာနက ဖော်ပြခဲ့သည်။
ပြီးခဲ့သည့်နှစ် မေလတွင် Gray သားအဖနှစ်ယောက်သည် လူမှုကွန်ရက်တွင် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုပြုလုပ်မည်ဟု ခြိမ်းခြောက်ပြောစကားများတင်ခဲ့သော သံသယရှိသဖြင့် အနီးအနားခရိုင်မှ ဂျက်ဆင်ခရိုင်ရဲများတပ်ဖွဲ့ဝင်များ၏ စစ်ဆေးမေးမြန်းခြင်းခံခဲ့ရကြောင်း စုံစမ်းရေးမှူးများက ဖော်ပြခဲ့သည်။ Gray သားအဖက အဆိုပါပြောစကားများ တင်ခဲ့ခြင်းနှင့် ပတ်သက်၍ ငြင်းဆိုခဲ့သည်။
Colin သည် အမဲလိုက်သေနတ်ကို အိမ်၏ မီးခံသေတ္တာတွင် သော့ခတ်ထားပြီး ၎င်း၏သား ယူ၍မရကြောင်း၊ ” လက်နက်ရဲ့ လေးနက်မှု၊ ဘာလုပ်လို့ရနိုင်သလဲ၊ ဘယ်လိုသုံးရမယ်နဲ့ ဘယ်လိုသုံးလို့မရဘူးဆိုတာကို သူ (Colt) သိတယ်” ဟု ၎င်းက စုံစမ်းစစ်ဆေးသူများအား ပြောကြားခဲ့ကြောင်း မေးမြန်းချက် မှတ်တမ်းများအရ သိရသည်။
ထိုစဉ်တွင် စုံစမ်းစစ်ဆေးသူများသည် Gray သားအဖ လူမှုကွန်ရက်တွင် ခြိမ်းခြောက်ပြောစကားများတင်ခဲ့သည်နှင့် ပတ်သက်၍ အတည်မပြုနိုင်ကြောင်း၊ တရားရုံးအား သေနတ်များကို သိမ်းဆည်းရန် အမိန့်ချပေးရန် အကြောင်းပြချက်ကိုလည်း ရှာမတွေ့ခဲ့ကြောင်း သိရသည်။ ပြီးခဲ့သည့်နှစ် မေလက အစီရင်ခံစာကို ပြန်ကြည့်သောအခါ ထိုစဉ်တွင် စွဲချက်တင်နိုင်သော မည်သည့်အကြောင်းပြချက်မျှ မတွေ့ခဲ့ရဘဲ “တရားသူကြီးက အမိန့်ပေးတဲ့အခါ ဒါမှမဟုတ် တစ်စုံတစ်ယောက်ကို စွဲချက်တင်တဲ့အခါမှသာ သေနတ်တွေကို ထိန်းသိမ်းပေးဖို့ ယူဆောင်နိုင်မှာ ဖြစ်တယ်”ဟု ဂျက်ဆင်ခရိုင် လုံခြုံရေးအရာရှိ Janis Mangum က အေပီသတင်းထောက်ကို ပြောကြားခဲ့သည်။
ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတွင် လူသတ်မှုကျူးလွန်သူ၏ မိဘများကို စွဲချက်တင်သည့် ယခင် စံနမူနာများကို အခြေခံနိုင်သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြခဲ့သည်။ အမေရိကန်နိုင်ငံ၌ ကျောင်းတွင်း သေနတ်ပစ်ခတ်မှုများ မကြာခဏ ဖြစ်ပွား၍ ဤလုပ်ရပ်သည် တုံ့ပြန်မှုနည်းဗျူဟာအသစ်တစ်မျိုးဖြစ်နိုင်သည်။
ယခုနှစ် ဧပြီလတွင် ၂၀၂၁ ခုနှစ်က အောက်စဖို့မြို့နယ် အလယ်တန်းကျောင်း၌ သားဖြစ်သူ၏ သေနတ်ပစ်ခတ်မှုကြောင့် ကျောင်းသား ၄ ဦး သေဆုံး၍ အခြား ကျောင်းသား ၆ ဦးနှင့် ဆရာ ၁ ဦး ဒဏ်ရာရခဲ့သဖြင့် မီချီဂန်ပြည်နယ်ရှိ မိဘနှစ်ဦးကို ထောင်ဒဏ် ၁၀ နှစ်မှ ၁၅ နှစ်အထိ အသီးသီး ချမှတ်ခံခဲ့ရသည်။ ယင်းမှာ အမေရိကန်နိုင်ငံတွင် လူအများအပြား သေဆုံး၊ ဒဏ်ရာရခဲ့သော ကျောင်းတွင်း သေနတ်ပစ်ခတ်မှု၌ လူသတ်မှုကျူးလွန်သည့်ကျောင်းသား မိဘများကို ပထမဆုံးအကြိမ် ပြစ်ဒဏ်ချမှတ်ခြင်း ဖြစ်သည်။
ကျောင်းတွင်း သေနတ်သမားများ၏ ၇၅ ရာခိုင်နှုန်းခန့်သည် လက်နက်များကို အိမ်မှရရှိခဲ့ကြခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ပြည်တွင်းလုံခြုံရေးဌာန၏ သုတေသနပြုချက်အရ သိရသည်။ မီချီဂန်ပြည်နယ် ကျောင်းတွင်း သေနတ်ပစ်ခတ်မှုတွင် လူသတ်မှုကျူးလွန်သူ၏ မိဘများကို ပြစ်ဒဏ်ချမှတ်ခြင်းသည် သေနတ်ကိုင်ဆောင်ထားသော မိဘများအနေဖြင့် ၎င်းတို့၏ ကလေးများက ကျောင်းတွင်း အကြမ်းဖက်မှု လုပ်ဆောင်ခြင်းအတွက် ပိုမိုတာဝန်ယူမှုဖြစ်စေရန် အရေးကြီးသော ခြေလှမ်းဖြစ်ကြောင်း ပညာရှင်များနှင့် သေနတ်ဘေးကင်းရေး ထောက်ခံသူများက ပြောကြားခဲ့သည်။ (Xinhua)


……………………………………..
(Chinese Version)
美国佐治亚州校园枪击案凶手父亲被控二级谋杀
新华社北京9月7日电 美国佐治亚州调查局5日宣布,逮捕前一天阿巴拉契中学枪击案凶手的父亲,对其提出二级谋杀等多项指控,理由包括这名父亲“故意”允许儿子持枪。
佐治亚州调查局当天在一份声明中说,枪击案嫌疑人科尔特·格雷现年54岁的父亲科林·格雷受到4项过失杀人罪、两项二级谋杀罪和8项虐待儿童罪指控。
这起枪击造成4人死亡、9人受伤,是今年秋季学期开学以来美国发生的第一起校园枪击事件。科尔特现年14岁,受到4项重罪谋杀罪名指控,将按成年人身份受理。他将于当地时间6日借助视频连线方式在佐治亚州高级法院首次出庭。
在佐治亚州,二级谋杀罪可判10至30年监禁,重罪谋杀最轻也是终身监禁。
科林告诉调查人员,科尔特行凶时用的枪是去年12月他送给儿子的节日礼物。美联社报道,科尔特经常与父亲一起射击、打猎。
调查人员披露,去年5月,格雷父子曾因涉嫌在社交网络上发布威胁制造校园枪击的言论,接受邻县杰克逊县警方讯问。格雷父子否认发布相关言论。
根据问讯记录,科林告诉调查人员,他的猎枪锁在家中保险柜里,儿子拿不到。“他(科尔特)知道武器的严重性、能做什么,以及如何去使用和不使用”。
调查人员当时无法证实格雷父子发布过网络威胁言论,也没有找到让法院下令没收枪支的理由。杰克逊县治安官贾尼斯·曼格姆对美联社记者说,回看去年5月的报告,的确没有发现任何可以在当时提出指控的理由,“只有法官下令或者我们指控某人,才可以带走枪支进行保管”。
路透社报道,对校园枪击案凶手的家长提出指控,有先例可依。美国国内校园枪击频发,这一做法可能是一种新的应对策略。
今年4月,因儿子2021年在牛津镇中学开枪打死4名同学、打伤6名同学和1名老师,密歇根州一对父母分别被判处10至15年监禁。这是美国多人死伤校园枪击案行凶学生的家长首次被判刑。
美国国土安全部研究显示,大约75%的校园枪手都是从家中获取武器。专家和枪支安全倡导者说,密歇根州校园枪击案凶手父母获刑是重要一步,让拥有枪支的父母为孩子实施校园暴力事件承担更多责任。(孙硕)
图说:9月4日,在美国佐治亚州巴罗县温德市,警察聚集在发生枪击事件的阿巴拉契高中外。新华社/美联