Connect with us

Africa & Middle East

အီရတ်နှင့် ဆီးရီးယားမြောက်ပိုင်းတွင် ကာ့ဒ် (Kurd) လက်နက်ကိုင်အဖွဲ့ဝင် ၃၅ ဦးကို တူကီယဲစစ်တပ်က ပစ်သတ်ခဲ့

အန်ကာရာ၊ စက်တက်ဘာ ၇ ရက် (ဆင်ဟွာ)

မကြာသေးမီက တူကီယဲစစ်တပ်သည် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းရှိ ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့ဝင် ၃၅ ဦးကို ပစ်သတ်ခဲ့ကြောင်း တူကီယဲနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

တူကီယဲစစ်တပ်သည် မကြာသေးမီက အီရတ်မြောက်ပိုင်းရှိ “အကြမ်းဖက်သမားများ” ကို လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့ရာ လွန်ခဲ့သည့် ၄ ရက်အတွင်း Kurdistan Workers’ Party (PKK) လက်နက်ကိုင် ၂၇ ဦး သေဆုံးခဲ့ကြောင်း တူကီယဲနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနက ဆိုရှယ်မီဒီယာတွင် ပြောကြားခဲ့သည်။ ထို့အပြင် ဆီးရီးယားမြောက်ပိုင်းရှိ ဆီးရီးယားကာ့ဒ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Kurdish People’s Protection Units (YPG) မှ လက်နက်ကိုင် ၈ ဦးကိုလည်း တူကီယဲစစ်တပ်များက ပစ်သတ်ခဲ့ကြောင်း သိရသည်။

ယခုနှစ်များအတွင်း တူကီယဲစစ်တပ်သည် တူကီယဲအရှေ့တောင်ပိုင်းနယ်စပ်လုံခြုံရေး သေချာစေရန် အီရတ်မြောက်ပိုင်းနှင့် ဆီးရီးယားမြောက်ပိုင်းတွင် စခန်းချနေသော ကာ့ဒ်လက်နက်ကိုင်တပ်ဖွဲ့များကို နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ကြိမ်ဖန်များစွာ ပြုလုပ်ခဲ့သည်။

PKK ကို ၁၉၇၉ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး လက်နက်အင်အားသုံး၍ တူကီယဲနှင့် အီရတ်၊ အီရန်၊ ဆီးရီးယားတို့ ထိစပ်ရာ နယ်စပ်ရှိ ကာ့ဒ်လူမျိုးများစုဝေးနေထိုင်ရာနေရာတွင် လွတ်လပ်သောနိုင်ငံ ထူထောင်ရန် ကြိုးပမ်းရှာဖွေလျက်ရှိသည်။ ၂၀၁၁ ခုနှစ်တွင် ဆီးရီးယားပြည်တွင်းစစ်ဖြစ်ပွားပြီးကတည်းက “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” သည် ကာ့ဒ်လူမျိုးများစုဝေးနေထိုင်ရာ ဆီးရီးယားမြောက်ပိုင်း၌ တက်ကြွစွာလှုပ်ရှားခဲ့ကြသည်။ တူကီယဲဘက်က “ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ” သည် PKK ၏ ဆီးရီးယားရှိ ဌာနခွဲတစ်ခုဖြစ်ပြီး “အကြမ်းဖက်အဖွဲ့” လည်းဖြစ်ကြောင်း သတ်မှတ်ခဲ့သည်။ (Xinhua)

……………………………..
(Chinese Version)
土军在伊叙北部打死35名库尔德武装人员
新华社安卡拉9月6日电(记者王腾飞)土耳其国防部6日说,土军近日在伊拉克北部和叙利亚北部打死35名库尔德武装人员。
土耳其国防部当天在社交媒体上说,土军近日对伊拉克北部的“恐怖分子”实施空袭,在过去4天内打死27名库尔德工人党武装人员。此外,土军在叙北部打死8名叙利亚库尔德武装“人民保护部队”武装人员。
近年来,土军多次越境打击盘踞在伊拉克北部和叙利亚北部的库尔德武装人员,以保障土东南部边境安全。
库尔德工人党成立于1979年,寻求通过武力在土耳其与伊拉克、伊朗和叙利亚交界处的库尔德人聚居区建立独立国家,被土耳其列为恐怖组织。叙利亚2011年爆发内战以来,“人民保护部队”活跃在库尔德人聚居的叙北部地区。土方指认“人民保护部队”是库尔德工人党在叙利亚的分支,同样属于“恐怖组织”。(完)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.