Connect with us

North America

ယူကရိန်းကို စစ်ရေးအကူအညီ ဒေါ်လာ သန်း ၂၅၀ ထပ်မံ ပေးအပ်သွားမည်ဟု အမေရိကန်က ကြေညာ

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်ခရိုင်ရှိ ပင်တဂွန်စစ်ဌာနချုပ်အဆောက်အဦအား ၂၀၂၁ ခုနှစ် ဩဂုတ် ၃ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဝါရှင်တန်၊ စက်တင်ဘာ ၇ ရက် (ဆင်ဟွာ)
ယူကရိန်း၏ လုံခြုံရေးနှင့် ကာကွယ်ရေး လိုအပ်ချက်များကို ဖြည့်ဆည်းပေးရန်အတွက် ယူကရိန်းနိုင်ငံကို အမေရိကန် ဒေါ်လာ သန်း ၂၅၀ တန်ဖိုးရှိ စစ်ရေးအကူအညီများ ထပ်မံ ပေးအပ်သွားမည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာ ၆ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။
အဆိုပါ စစ်ရေးအကူအညီကို ကာကွယ်ရေးလက်ကျန်များမှ ခွဲဝေပေးမည်ဖြစ်ပြီး ၎င်းတို့တွင် လေကြောင်းရန်ကာကွယ်ရေး ဒုံးကျည်များ၊ ဒုံးလက်နက်လောင်ချာစနစ်နှင့် အမြောက်ကျည်များ၊ တင့်ကားဖျက်လက်နက်များ၊ သံချပ်ကာယာဉ်များ စသည်တို့ပါ၀င်ကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
မကြာသေးမီက ယူကရိန်းသည် ဘိုင်ဒန်အစိုးရအား ဆက်လက်ဖိအားပေးကာ ယူကရိန်းက ရုရှားနိုင်ငံတွင်းရှိ ပစ်မှတ်များကို တိုက်ခိုက်ရာတွင် အမေရိကန်နိုင်ငံထုတ် တာဝေးပစ်လက်နက်များ အသုံးပြုခြင်းအပေါ် ကန့်သတ်ချက်များ ထပ်တိုးရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ယူကရိန်းအကျပ်အတည်းသည် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလတွင် ပြင်းထန်လာပြီးနောက် အမေရိကန်နိုင်ငံမှ ယူကရိန်းအား ဒေါ်လာ ၅၆ ဘီလီယံတန်ဖိုးရှိ စစ်ရေးအကူအညီများ ပေးအပ်ခဲ့ပြီး ယူကရိန်းအား ထောက်ပံ့သော လက်နက်များ၏ ဆန်းသစ်မှုနှင့် ဖျက်ဆီးမှုစွမ်းအားမှာ တဖြည်းဖြည်း မြင့်တက်လာခဲ့ကြောင်း အမေရိကန်နိုင်ငံ မီဒီယာများ၏ စာရင်းဇယားအရ သိရသည်။ (Xinhua)
……………………………….
(Chinese Version)
美国宣布再向乌克兰提供2.5亿美元军援
新华社华盛顿9月6日电(记者颜亮)美国国防部6日发表声明,宣布向乌克兰提供价值2.5亿美元的额外军事援助,以满足乌方的安全和国防需求。
声明说,这项军事援助将从国防库存中划拨,其中包括防空导弹、火箭炮系统和火炮弹药、反坦克武器、装甲车等。
近期,乌克兰持续向拜登政府施压,要求进一步解除乌克兰使用美制远程武器攻击俄罗斯境内目标的限制。据美国媒体统计,自乌克兰危机2022年2月升级以来,美国已向乌克兰提供价值约560亿美元军事援助,援乌武器的先进程度、破坏力逐渐提高。(完)
图说:这是2021年8月3日在美国弗吉尼亚州阿灵顿拍摄的五角大楼。新华社记者刘杰摄