မြန်မာ-中文
တရုတ်-အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးမှုတွင် အပြုသဘောဆောင်သော ရလဒ်ရရှိရေး တွန်းအားပေးရန် အမေရိကန်နှင့်အတူကြိုးပမ်းသွားလိုကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ဆို
ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)
တရုတ်-အမေရိကန် နှစ်ဖက် ဆွေးနွေးညှိနှိုင်းမှုအရ တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့် တို့သည် တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့၌ ဒေသစံတော်ချိန် အောက်တိုဘာ ၃၀ ရက်တွင် တွေ့ဆုံဆွေးနွေးမည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ကောကျားခွန်းက အောက်တိုဘာ ၂၉ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ သက်ဆိုင်ရာအခြေအနေများကို မိတ်ဆက်ပြောကြားခဲ့သည်။
နိုင်ငံခေါင်းဆောင်များ သံတမန်ဆက်ဆံရေးသည် တရုတ်-အမေရိကန်ဆက်ဆံရေးအတွက် အစားထိုးမရသည့် မဟာဗျူဟာ ဦးဆောင်လမ်းညွှန်မှု အခန်းကဏ္ဍမှပါဝင်နေကြောင်း၊ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုတွင် နှစ်နိုင်ငံခေါင်းဆောင်များသည် တရုတ်-အမေရိကန်ဆက်ဆံရေး၏ မဟာဗျူဟာမြောက်မှု၊ ရေရှည်တည်တံ့မှု အရေးကိစ္စ၊ အတူတကွဂရုပြုသော အရေးကြီးကိစ္စရပ်များနှင့် စပ်လျဉ်း၍ ထဲထဲဝင်ဝင် ချိတ်ဆက်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ကောကျားခွန်းက ပြောကြားခဲ့သည်။
“ကျွန်တော်တို့အနေဖြင့် ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုမှာ အပြုသဘောဆောင်တဲ့ ရလဒ်များ ရရှိရေး တွန်းအားပေးဖို့ အမေရိကန်နဲ့အတူကြိုးပမ်းသွားလိုပြီး တရုတ်-အမေရိကန် ဆက်ဆံရေး တည်ငြိမ်စွာ တိုးတက်မှုအတွက် လမ်းညွှန်ချက်အသစ်ပြုလုပ်ပြီး အားအင်သစ်များ ဖြည့်တင်းပေးလိုပါတယ်” ဟု ကောကျားခွန်းက ပြောကြားခဲ့သည်။ (Xinhua)
——————
(Chinese Version)
外交部:愿同美方共同努力,推动中美元首会晤取得积极成果
新华社北京10月29日电(记者朱超)经中美双方商定,国家主席习近平将于当地时间10月30日在韩国釜山同美国总统特朗普举行会晤。外交部发言人郭嘉昆29日在例行记者会上介绍有关情况。
郭嘉昆表示,元首外交对中美关系发挥着不可替代的战略引领作用。此次会晤,两国元首将就事关中美关系的战略性、长远性问题以及共同关心的重大问题深入沟通。
“我们愿同美方共同努力,推动此次会晤取得积极成果,为中美关系稳定发展作出新指引、注入新动力。”郭嘉昆说。(完)
图说:当地时间2019年6月29日上午,国家主席习近平同美国总统特朗普在日本大阪举行会晤。 新华社记者 鞠鹏 摄
