Connect with us

မြန်မာ-中文

အမေရိကန် ဖက်ဒရယ်အစိုးရ “ရပ်ဆိုင်းမှု” က ကမ္ဘာ့ဈေးကွက်အပေါ် မည်သို့ သက်ရောက်မှု ရှိသနည်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော် အဆောက်အဦရှေ့တွင် အမေရိကန် ဖက်ဒရယ်အစိုးရ “ရပ်ဆိုင်းမှု” ကြောင့် လွှတ်တော်အဆောက်အဦ ခရီးသွားဧည့်သည်ဝန်ဆောင်မှုစင်တာ ပိတ်ထားကြောင်း ကြော်ငြာဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၃ ရက် (ဆင်ဟွာ)
ဒေသစံတော်ချိန် အောက်တိုဘာ ၁ ရက် ၀၀ နာရီမှစ၍ အမေရိကန် ဖက်ဒရယ်အစိုးရသည် ခုနစ်နှစ်နီးပါးကြာပြီးနောက် ထပ်မံ “ရပ်ဆိုင်းမှု” ဖြစ်ပွားခဲ့ရာ အချို့သော အများပြည်သူဝန်ဆောင်မှုများ ယာယီဆိုင်းငံ့ထားခြင်း သို့မဟုတ် ရွှေ့ဆိုင်းခြင်းရှိသလို စီးပွားရေးအချက်အလက်ကိန်းဂဏန်းများ ထုတ်ပြန်သည့်အပေါ်လည်း သက်ရောက်မှုရှိလာမည်ဖြစ်ပေသည်။
သုံးသပ်သူ အများအပြားက ထိုသို့ “ရပ်ဆိုင်းမှု” သည် အမေရိကန် စီးပွားရေးအပေါ် အနုတ်လက္ခဏာ သက်ရောက်ရုံသာမက ကမ္ဘာ့ဈေးကွက်အပေါ်လည်း ကွင်းဆက်အကျိုးသက်ရောက်မှုများ ရှိလာနိုင်ပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်ရေး၊ ဘဏ္ဍာရေး တည်ငြိမ်မှုအပေါ် ရိုက်ခတ်ကာ အမေရိကန် စီးပွားရေး စီမံခန့်ခွဲနိုင်စွမ်းအပေါ် ဈေးကွက်၏ ယုံကြည်မှု ယိမ်းယိုင်ခြင်းဖြစ်လာနိုင်သည်ဟု ဆိုသည်။

နိုင်ငံတကာကုန်သွယ်ရေးအပေါ် မည်သို့ သက်ရောက်မှု ရှိမည်နည်း

“ရပ်ဆိုင်းမှု” ကာလအတွင်း အကောက်ခွန်ဌာနများ မပိတ်သိမ်းသော်လည်း နည်းပညာဝန်ထမ်း အများအပြား လစာမဲ့ခွင့်ယူကြသည်။ ယင်းမှာ ကုန်စည်အကောက်ခွန် ဖြတ်သန်းမှုရှိသော်လည်း စာရွက်စာတမ်းနှင့် စစ်ဆေးမှုများ ကြန့်ကြာကာ ပုပ်သိုးလွယ်ကုန်ပစ္စည်း၊ ဆေးဝါး စသည့် သွင်းကုန်များအပေါ် အန္တရာယ်ဖြစ်စေသည်ကို ဖော်ပြပေသည်။ ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှ ၂၀၁၉ ခုနှစ် နှစ်ဆန်းပိုင်းတွင် အမေရိကန်နိုင်ငံ၏ အလုပ်အများဆုံးဆိပ်ကမ်းများဖြစ်သည့် ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်ဆိပ်ကမ်းနှင့် Long Beach ဆိပ်ကမ်းတို့သည် “ရပ်ဆိုင်းမှု” ၏ သက်ရောက်မှုကြောင့် ကုန်စည်ယာယီထားရှိသည့်အချိန်သည် ၁၅ ရာခိုင်နှုန်းမှ ၂၀ ရာခိုင်နှုန်းအထိ တိုးမြင့်ခဲ့ဖူးသည်။

ထို့အပြင် “ရပ်ဆိုင်းမှု” က ကုန်သွယ်ရေးလုပ်ငန်းများ သွင်းကုန်ပို့ကုန်ခွင့်ပြုချက် လျှောက်ထားမှုအပေါ် ဒုက္ခဖြစ်စေနိုင်သည်။ ဝန်ထမ်းမလုံလောက်မှုကြောင့် အသစ်ဖြစ်သော အသိအမှတ်ပြုမှု၊ စိစစ်ခွင့်ပြုမှု၊ နောက်ကြောင်းစစ်ဆေးမှု အားလုံး ရပ်တန့်နိုင်သည်။ ယခင်အကြိမ် အစိုးရ “ရပ်ဆိုင်းမှု” ဖြစ်ပွားစဉ်က စားသောက်ကုန်နှင့် အဖျော်ယမကာ တင်သွင်းတင်ပို့မှုလုပ်ငန်းစဉ်များ အကြီးအကျယ် ကြန့်ကြာခဲ့ရာ ကုန်သွယ်ရေးလုပ်ငန်းများ နစ်နာဆုံးရှုံးမှုဖြစ်ခဲ့ရသည်။

အမေရိကန်အစိုးရက ယခုအကြိမ် “ရပ်ဆိုင်းမှု” သည် အလုပ်အကိုင် နေရာအများအပြားအတွက် “နောက်ပြန်လှည့်ပြောင်းလဲ၍ မရသည့်” ဝန်ထမ်းလျှော့ချမှုများ ဖြစ်စေနိုင်ကြောင်း ဆိုသည်။
ထိုကဲ့သို့ ပမာဏအများအပြား ဝန်ထမ်းလျှော့ချမှု ဖြစ်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အမေရိကန် စားသုံးသူဈေးကွက်ကို မုချမသွေ ရိုက်ခတ်မည်ဖြစ်ကြောင်း၊ ဝယ်လိုအား လျော့နည်းလာမှုကြောင့် အမေရိကန်အပေါ် ဥရောပပို့ကုန်များအား ထိခိုက်စေမည်ဖြစ်ရာ ၎င်းတို့အနက် အထူးသဖြင့် ဂျာမနီ စက်မှုလုပ်ငန်းများ၏ လည်ပတ်မှုအပေါ် ဖိအားပိုများလာစေနိုင်ကြောင်း အမေရိကန် RSM ထိပ်တန်း စီးပွာရေးပညာရှင် Joe Brusuelas က ဆိုသည်။

တစ်ချိန်တည်းတွင်ပင် “ရပ်ဆိုင်းမှု” က စီးပွားရေးအချက်အလက်ထုတ်ပြန်ခြင်းကို ကြန့်ကြာစေနိုင်သည့်အပြင် မထုတ်ပြန်သည့်အခြေအနေ ဖြစ်နိုင်ပေသည်။ ၎င်းတို့အနက် အမေရိကန်နှင့် စီးပွားရေး နီးကပ်စွာ ဆက်စပ်နေသည့် အလုပ်အကိုင်၊ ကုန်ဈေးနှုန်း စသည့် အချက်အလက်များ ပါဝင်ရုံသာမက အမေရိကန် နိုင်ငံတကာကုန်သွယ်ရေး အခြေအနေ၊ ပို့ကုန်သွင်းကုန်ဈေးနှုန်းအခြေအနေ စသည်တို့လည်း ပါဝင်သည်။ ကြိုတင်ခန့်မှန်းချက် အချက်အလက်လိုအပ်မှုက အမေရိကန်ဈေးကွက်၌ ပြည်ပကုမ္ပဏီလုပ်ငန်းအများအပြား လည်ပတ်မှုအပေါ် မရေရာမှုများ သယ်ဆောင်လာမည် ဖြစ်သည်။

ဘဏ္ဍာရေးဈေးကွက်အပေါ် မည်သို့ သက်ရောက်မှု ရှိမည်နည်း
“ရပ်ဆိုင်းမှု” က ယန္တရား ဟန်ချက်ပျက်မှု၊ နိုင်ငံရေးမတည်ငြိမ်မှု၏ သတင်းစကားကို ပြသရာ ရင်းနှီးမြှုပ်နှံသူများ၏ အန္တရာယ်အပေါ် စိုးရိမ်မှုကို ပို၍ ဆိုးဝါးစေနိုင်သည်။ ရေတိုကာလအတွင်း ရွှေ စသည့် ကန်ဒေါ်လာကိုရှောင်ကွင်းသည့် အရင်းအနှီးပစ္စည်းဈေးနှုန်းများ တက်လာကာ ဘဏ္ဍာရေးဈေးကွက် လှုပ်ခတ်နိုင်သလို “ရပ်ဆိုင်းမှု” အချိန်ဆက်တိုက်ကြာလာလျှင် မရေရာမှု အကြောင်းရင်းများ ထပ်တိုးပြီး ဈေးကွက်စိုးရိမ်မှုသည် ထိတ်လန့်မှုအဖြစ်သို့ ဆင့်ကဲပြောင်းလဲနိုင်သည်။
“ရပ်ဆိုင်းမှု” က CBOT၏ မတည်ငြိမ်မှုနှုန်း အညွှန်းကိန်းကို အစဉ်သဖြင့် သိသိသာသာမြင့်တက်စေပြီး ဈေးကွက်ရိုက်ခတ်မှု ပို၍ပြင်းထန်လာခြင်းအား ပေါ်လွင်စေသည်ကို သမိုင်းအချက်အလက်များက ဖော်ပြထားကြောင်း၊ အမေရိကန်အစိုးရနှင့် တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက် ဆက်စပ်နေသည့် ကုမ္ပဏီလုပ်ငန်းများ၏ စတော့ဈေးနှုန်းသည် ဖိအားဒဏ် သိသိသာသာ ခံရမည် ဖြစ်ကြောင်း အမေရိကန် Citibank သုတေသန အစီရင်ခံစာတွင် ထောက်ပြထားသည်။

ဗြိတိန် ရင်းနှီးမြှုပ်နှံမှုအဖွဲ့အစည်းတစ်ခုဖြစ်သည့် Premier Miton Investors ကုမ္ပဏီ CEO ဖြစ်သူ Neil Birrell က လက်ရှိ ကမ္ဘာလုံးဆိုင်ရာ အရင်းအနှီးဈေးကွက် ခန့်မှန်းတန်ဖိုးမှာ အလွန်မြင့်မားပြီး အတိမ်းအစောင်းဖြစ်မှုအတွက် ခံနိုင်ရည်မရှိကြောင်း၊ ထို့ကြောင့် အမေရိကန် ဖက်ဒရယ်အစိုးရ “ရပ်ဆိုင်းမှု” ဟူသော ဤသို့ အနုတ်လက္ခဏာဆောင်သည့်ဖြစ်ရပ်များသည် ကမ္ဘာ့ဈေးကွက်စွန့်စားလိုမှုကို နှိမ့်ချလိုက်ရာ အရင်းအနှီးများကို အဖိုးတန်သတ္တု စသည့် ကုန်စည်များအဖြစ်သို့ ပြောင်းလဲစေခြင်းကြောင့် ၎င်းဈေးနှုန်းအတွက် မတည်ငြိမ်မှု အကြောင်းတရားများ ဖြစ်စေကြောင်း ဆိုသည်။

အမေရိကန် စီးပွားရေးသုံးသပ်သူ Daniel Altman က “ရပ်ဆိုင်းမှု” သည် မူလက မရေရာမှုများနှင့် ပြည့်နှက်နေသည့် ဈေးကွက်ကို ဆက်တိုက် ဆိုးဝါးစေသလို လုပ်ငန်းများ၏ ရင်းနှီးမြှုပ်နှံမှု ဆုံးဖြတ်ချက်မူဝါဒများကို ရိုက်ခတ်ပြီး ဘဏ္ဍာရေးဈေးကွက်အတွက် ဖိအားဖြစ်စေကြောင်း၊ “ရပ်ဆိုင်းမှု” အချိန်ကြာမြင့်လေ အနုတ်လက္ခဏာသက်ရောက်မှုက ပို၍ ကြီးမားလေ ဖြစ်ကြောင်း ယူဆသည်။

“ရပ်ဆိုင်းမှု” က ဆက်တိုက်ဖြစ်နေမည်ဆိုလျှင် အမေရိကန်ဒေါ်လာအညွှန်းကိန်းက တစ်ဆင့် ထိုးကျမည်ဖြစ်ပြီး ၎င်းနှင့် ဆက်စပ်နေသည့် ကန်ဒေါ်လာအရင်းအနှီးများမှာလည်း ဆက်တိုက် မတည်မငြိမ် ဖြစ်လာနိုင်ကြောင်း၊ အမေရိကန်ဒေါ်လာကြီးစိုးမှု၏ တည်ရှိခြင်းကြောင့် ဤသို့သော မတည်မငြိမ်ဖြစ်မှုက ကမ္ဘာ့ဈေးကွက်တွင် အနုတ်လက္ခဏာ ကွင်းဆက်သက်ရောက်မှု ဖြစ်စေနိုင်ကြောင်း သုံးသပ်သူများက ကျယ်ကျယ်ပြန့်ပြန့် ယူဆကြသည်။

အမေရိကန်အပေါ် ယုံကြည်မှုကို မည်သို့ သက်ရောက်မည်နည်း

ပို၍ အရေးကြီးသည်မှာ နိုင်ငံအသီးသီးက “ရပ်ဆိုင်းမှု” မှတစ်ဆင့် အမေရိကန်ယန္တရား၏ ချို့ယွင်းချက်ရှိမှုကို ပို၍ ရှင်းလင်းစွာ မြင်တွေ့လာရာ ဘက်အသီးသီးက အမေရိကန်စီးပွားရေး စီမံခန့်ခွဲနိုင်စွမ်းအပေါ် ယုံကြည်မှုသည် ယိမ်းယိုင်လာခဲ့သည်။ ယင်းမှာ အမေရိကန် ဦးဆောင်သော ကမ္ဘာ့စီးပွားရေး၏ ပုံစံဟောင်းအပေါ် နက်ရှိုင်းသည့် သက်ရောက်မှုရှိစေမည် ဖြစ်သည်။

ရေတို “ရပ်ဆိုင်းမှု”က အမေရိကန် အချုပ်အခြာအာဏာ၏ ယုံကြည်မှုအဆင့်အပေါ် သက်ရောက်မည် မဟုတ်သော်လည်း “ရပ်ဆိုင်းမှု” က သီတင်းပတ်တစ်ပတ် ဆက်တိုက်ဖြစ်ပွားတိုင်း အမေရိကန် စုစုပေါင်း ပြည်တွင်းထုတ်လုပ်မှုတန်ဖိုး (GDP) ကို ရာခိုင်နှုန်းပွိုင့် ၀.၁ မှ ၀.၂ အထိ နောက်ပြန်ဆွဲနိုင်ပြီး ရေရှည် “ရပ်ဆိုင်းမှု” ကြောင့် ဖြစ်ပွားသည့် ကွင်းဆက်သက်ရောက်မှုများကို လျစ်လျူမရှုသင့်ကြောင်း S&P Global Inc က ဆိုသည်။

“ရပ်ဆိုင်းမှု” သည် ပြင်ပလောကက အမေရိကန်အစိုးရအပေါ် ယုံကြည်စိတ်ချရမှု၊ ဘဏ္ဍာရေးအခြေအနေနှင့် “နိုင်ငံရေးအသက်မဝင်မှု” အပေါ် စိုးရိမ်မှုများ ပို၍ ပြင်းထန်စေမည် ဖြစ်ကြောင်း ဗြိတိန် Aberdeen Investments ကုမ္ပဏီ ဒုတိယ ထိပ်တန်းစီးပွားရေးပညာရှင် Luke Bartholomew က အလေးအနက် ပြောကြားခဲ့သည်။

Euronews က ဝက်ဘ်ဆိုက်တွင် ဆောင်းပါးထုတ်ပြန်ခဲ့ရာ အမေရိကန်ဖက်ဒရယ်အစိုးရ “ရပ်ဆိုင်းမှု” က အမေရိကန် စီးပွားရေးကို သက်ရောက်မည်ဖြစ်သလို ဥရောပစီးပွားရေးကိုလည်း သက်ရောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ဤသို့ သက်ရောက်မှုသည် non-linear အသွင် ကြီးမားကျယ်ပြန့်သည့်ပုံစံ ဖြစ်ပေါ်လာမည်ဖြစ်ကြောင်း၊ အကယ်၍ “ရပ်ဆိုင်းမှု” သီတင်းပတ် နှစ်ပတ်ကြာပါက ဥရောပသမဂ္ဂ GDP မှာ ယူရိုငွေ ၄ ဘီလီယံ နစ်နာမည် ဖြစ်ပြီး အကယ်၍ “ရပ်ဆိုင်းမှု” သီတင်းပတ် ရှစ်ပတ် ကြာပါက နစ်နာဆုံးရှုံးမှုမှာ ယူရိုငွေ ၁၆ ဘီလီယံအထိ တိုးလာနိုင်ကြောင်း သိရသည်။

အစိုးရ “ရပ်ဆိုင်းမှု” က ကမ္ဘာ့စီးပွားရေး မူလကပင် စဉ်ဆက်မပြတ် တည်ရှိနေသာ “မလုံခြုံမှုခံစားချက်” ကို ပို၍ ဆိုးရွားစေကြောင်း၊ အချိန်ပို၍ကြန့်ကြာသွားပါက စီးပွားရေးနောက်ဆက်တွဲဆိုးကျိုးများ ဖြစ်ပွားနိုင်သေးကြောင်း၊ “ယင်းအဆင့်သို့ အမှန်တကယ် ဖြစ်လာနိုင်မည်လောဆိုသည်မှာ ဝါရှင်တန်ရှိ နိုင်ငံရေးသမားများပေါ်၌ မူတည်ကြောင်း” ဆောင်းပါးတွင် ဖော်ပြထားသည်။

အမေရိကန် ဖက်ဒရယ်အစိုးရသည် အစိုးရ၏ အခြေခံလုပ်ငန်းလည်ပတ်မှုများကို ထိန်းသိမ်းရန် ပို၍ခက်ခဲလာကြောင်း၊ ပါတီချင်းယှဉ်ပြိုင်မှု၌သော်လည်းကောင်း၊ အခြားနိုင်ငံကို ဗိုလ်ကျစိုးမိုးရန် အတွက်သော်လည်းကောင်း အလုပ်များနေကြောင်း သုံးသပ်သူများက ဆိုသည်။ ကမ္ဘာ့နိုင်ငံအများအပြားအတွက်ဆိုလျှင် ယင်းမှာ နားလည်ရခက်ရာ အမေရိကန်ဗိုလ်ကျစိုးမိုးမှုက ကမ္ဘာ့စီးပွားရေးကို မည်သည့်လားရာသို့ လမ်းညွှန်သွားမည်ကို ပို၍ စိုးရိမ်လာစေပေသည်။ (Xinhua)

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော်အဆောက်အဦအား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဝါရှင်တန်ရှိ အမေရိကန်လွှတ်တော် စာကြည့်တိုက်ပြင်ပတွင် အမေရိကန် ဖက်ဒရယ်အစိုးရ “ရပ်ဆိုင်းမှု” ကြောင့် လွှတ်တော်စာကြည့်တိုက် ပိတ်ထားကြောင်း ကြော်ငြာဆိုင်းဘုတ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

———————-
(Chinese Version)
经济热点问答|美联邦政府“停摆”如何影响全球市场
新华社北京10月2日电 经济热点问答|美联邦政府“停摆”如何影响全球市场   新华社记者宿亮   当地时间1日零时起,美国联邦政府时隔近七年再“停摆”,部分公共服务被暂停或延迟,经济数据发布也将受影响。   不少分析人士表示,“停摆”不仅给美国经济带来负面影响,也将给全球市场带来连锁反应,波及全球贸易、金融稳定,动摇市场对美国经济治理能力的信心。
不少分析人士表示,“停摆”不仅给美国经济带来负面影响,也将给全球市场带来连锁反应,波及全球贸易、金融稳定,动摇市场对美国经济治理能力的信心。
如何影响国际贸易?
“停摆”期间,海关不会关门,但不少技术人员停薪休假。这意味着,虽然货物可通关,但文件和检查会延误,给易腐货物、药品等进口带来风险。2018年底至2019年初,美国最繁忙的港口加利福尼亚州洛杉矶港和长滩港受“停摆”影响,货物停留时间增加15%至20%。
另外,“停摆”会给贸易商办理进出口许可带来麻烦。由于人员不足,新的认证、审批、背调都会停止。上次政府“停摆”,食品和酒类进出口手续大量延误,让贸易商遭受损失。
美国政府提出,此次“停摆”可能导致大量岗位“不可逆转地”裁撤。美国罗申美会计师事务所首席经济学家乔·布鲁苏埃拉斯表示,此类大规模裁员一旦出现,必将影响美国消费市场,需求减弱会影响欧洲对美出口,其中尤其或加大德国工业企业的经营压力。
同时,“停摆”会导致大量经济数据延期甚至取消发布,这其中不仅包括与美国经济紧密相关的就业、物价等数据,也包括美国国际贸易形势、进出口价格趋势等。数据缺失预期给不少外国企业在美国市场的运营带来不确定性。
如何影响金融市场?
“停摆”释放出体制失调、政治不稳的信号,会加剧投资者对风险的担忧。短期内,黄金等非美避险资产价格上涨,金融市场动荡;一旦“停摆”持续较长时间,叠加其他不确定性因素,市场担忧很有可能演变为恐慌。
美国花旗银行研究报告指出,历史数据显示,“停摆”总会引发芝加哥期货交易所波动率指数明显上升,显示市场波动性更强。与美国政府有直接或间接关联的企业股价承压明显。
英国投资机构第一米顿投资者公司首席执行官尼尔·比勒尔表示,当前全球资产市场估值过高,缺乏容错空间,因此美国联邦政府“停摆”这类负面事件会抑制全球市场风险偏好情绪,导致资本转向贵金属等大宗商品,为其价格带来不稳定因素。
美国经济评论员丹尼尔·奥尔特曼认为,“停摆”让原本充满不确定性的市场持续恶化,影响企业投资决策,给金融市场造成压力。“停摆”时间越长,负面影响就越大。
分析人士普遍认为,“停摆”一旦持续下去,美元指数将进一步下跌,与之关联的美元资产也会持续波动。由于美元霸权的存在,这种波动将在全球市场产生负面连锁反应。
如何影响对美信心?
更为重要的是,各国通过“停摆”更清晰看到了美国机制存在的缺陷,动摇了各方对美国经济治理能力的信心。这将对美国主导全球经济的旧模式产生深远影响。
标普全球公司表示,短期“停摆”不影响美国主权信用评级,但“停摆”每持续一周可能拖累美国国内生产总值(GDP)0.1至0.2个百分点,长期“停摆”引发的连锁反应不容忽视。   英国安本投资公司副首席经济学家卢克·巴塞洛缪强调,“停摆”加剧了外界对美国政府公信力、财政状况及“政治失灵”的担忧。
欧洲新闻电视台在网站上发表文章表示,美国联邦政府“停摆”影响美国经济,也影响欧洲经济。这种影响呈非线性扩大的方式:如果“停摆”两周,欧盟GDP将损失40亿欧元;如果“停摆”八周,损失增至160亿欧元。
文章表示,政府“停摆”加剧了世界经济原本就持续存在的“不安全感”,拖延下去还可能引发一系列经济后果。“事情是否真的会发展到这一步,取决于华盛顿的政客们。”
观察人士表示,事态一再证明,美国联邦政府越来越难以维持政府的基本运转,要么忙于党争,要么就是霸凌别国。对于世界上许多国家来说,这令人费解,更令人担忧美国霸权会把世界经济引向何方。(完)
1. 10月1日,在美国华盛顿的美国国会大厦前,公告牌显示国会大厦游客中心因美国联邦政府“停摆”而关闭。新华社记者 李睿 摄
2. 这是10月1日在美国华盛顿拍摄的美国国会大厦。新华社记者 李睿 摄
3. 10月1日,在美国华盛顿的国会图书馆外,公告牌显示国会图书馆因美国联邦政府“停摆”而关闭。新华社记者 李睿 摄