Connect with us

Sino-Myanmar

ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ တက်ရောက်ရန် Yuntianhua ကုမ္ပဏီအား ဖိတ်ကြား၊ ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဂုဏ်ပြုလက်မှတ်အား ယင်းကုမ္ပဏီက ရရှိ

ရန်ကုန်၊ ဇန်နဝါရီ ၁၀ ရက်
တရုတ်နိုင်ငံ Yuntianhua Group Co.,Ltd ၏ မြန်မာနိုင်ငံရှိ ကုမ္ပဏီခွဲဖြစ်သော Shwe Crop Nutrients Co.,Ltd သည် ဖိတ်ကြားချက်အရ မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ် နှစ် ၁၀၀ ပြည့် အထိမ်းအမှတ်အခမ်းအနားသို့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၂၂ ရက်က တက်ရောက်ခဲ့သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၏ အဓိက ပူးပေါင်းဆောက်ရွက်မှု မိတ်ဖက် အနေဖြင့် မြန်မာနိုင်ငံ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်က Yuntianhua အား ချစ်ကြည် ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက် ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

Shwe Crop Nutrients Co.,Ltd က ယင်းနေရာတွင် မိတ်ဆက်ပြခန်းစင်များ ထားရှိ၍ အခမ်းအနား တက်ရောက်သူများအား Yuntianhua Group Co.,Ltd အကြောင်း မိတ်ဆက်ပေးခဲ့သလို မြန်မာနိုင်ငံရှိ Yuntianhua၏ အဓိက ထုတ်ကုန်များကို ပြသခဲ့ရာ အခမ်းအနား တက်ရောက်လာသူများက ထုတ်ကုန်မိတ်ဆက်စာစောင် ၂၀၀ ကျော်နှင့် မိတ်ဆက်ကြော်ငြာပစ္စည်းများကို စိတ်အားထက်သန်စွာ အားလုံးအကုန်ယူဆောင်သွားကြကြောင်း သိရသည်။

ယခုနှစ်များတွင် Yuntianhua သည် တရုတ်နိုင်ငံ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် အတူလက်တွဲတည်ဆောက်ရေးနှင့် တရုတ်-မြန်မာ အေးအတူ ပူအမျှ အသိုက်အဝန်း ဟူသော ဟစ်ကြွေးသံကို တက်ကြွစွာ တုံ့ပြန်သည့်အနေဖြင့် ၂၀၁၇ ခုနှစ်မှစ၍ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တွင် “Yuntianhua ပညာသင်ဆု” နှင့် “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” များ တည်ထောင်ခဲ့ပြီး ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်နှင့် ရေရှည် ချစ်ကြည်ရင်းနှီးသော ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေးတည်ဆောက်ကာ ပညာတော်၍ စာရိတ္တကောင်းမွန်သော မြန်မာ့စိုက်ပျိုးရေးလုပ်ငန်း လူရည်ချွန်များအတွက် ငွေကြေးထောက်ပံ့ကူညီပေးပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးလုပ်ငန်း လူရည်ချွန် ပျိုးထောင်ရေးနှင့် အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်ရေးကို မြှင့်တင်ပေးခဲ့ပေသည်။ စာရင်းများအရ လက်ရှိအချိန်အထိ “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” တွင် Yuntianhua ကုမ္ပဏီက မြန်မာကျပ်ငွေ ၆၉၉ သန်း (တရုတ်ယွမ်ငွေ ၂.၄၂၉ သန်း) ထည့်ဝင်ထားပြီး ဖြစ်သလို “Yuntianhua ပညာသင်ဆု” များ ပေးအပ်ရာတွင် မြန်မာကျပ်ငွေ ၃၀၅ သန်း (တရုတ်ယွမ်ငွေ ၁၄၅,၀၀၀ ) ရှိပြီဖြစ်သည်။ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ကျောင်းသား၊ ကျောင်းသူ ၄၀၁ ဦး “Yuntianhua ပညာသင်ဆု” ရရှိခဲ့ပြီး မြန်မာနိုင်ငံ ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃၉ ဦးနှင့် တရုတ်နိုင်ငံ ယူနန်စိုက်ပျိုးရေးတက္ကသိုလ် ဆရာ၊ ဆရာမနှင့် ကျောင်းသား၊ ကျောင်းသူ ၃၂ ဦးတို့သည် “Yuntianhua ပညာတော်သင်ဆု ရန်ပုံငွေ” မှတစ်ဆင့် လေ့လာဖလှယ်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

အနာဂတ်တွင် Yuntianhua သည် ရေဆင်း စိုက်ပျိုးရေးတက္ကသိုလ်နှင့် မြေဩဇာနည်းပညာအသုံးချမှု၊ စိုက်ပျိုးရေး စံပြစိုက်ကွက်တည်ဆောက်မှု စသည့် ကဏ္ဍများတွင် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး မြန်မာနိုင်ငံ စိုက်ပျိုးရေးကဏ္ဍ ခေတ်မီအသွင်ပြောင်းမှု ဖြစ်စဉ်အတွက် အားအင် ဖြည့်တင်းသွားမည် ဖြစ်ကြောင်း သိရသည်။


……………………..
(Chinese Version)
云天化受邀出席缅甸耶津农大百年校庆 获颁友好合作伙伴荣誉证书
12月22日,云天化集团在缅子公司瑞丰年肥料有限公司应邀参加缅甸耶津农业大学百年校庆庆典活动。作为耶津农大重要的合作伙伴,缅甸农业、畜牧与灌溉部部长吴敏瑙为云天化授予友好合作伙伴荣誉证书。
瑞丰年在现场设置了宣传展台,向与会人员介绍云天化集团,展示云天化在缅销售的主要产品,两百余份产品宣传手册以及宣传品被大家领取一空。
近年来,云天化积极响应中国高质量共建“一带一路”和中缅命运共同体的号召,长期致力于推动中缅农业项目合作及农业人才培养,自2017年以来,在耶津农大设立“云天化奖学金”和“云天化留学基金”,与耶津农大建立了长期友好的合作关系,为品学兼优的缅甸农业人才提供资金支持和帮助,促进缅甸农业人才的培养和高质量发展。据统计,截止目前,云天化已投入“云天化留学基金”6.99亿缅币(242.9万元人民币),颁发“云天化奖学金”3.05亿缅币(14.5万美金),已有401名缅甸耶津农大学生获得“云天化奖学金”,39名耶津农大师生和32名云南农大的师生通过“云天化留学基金”开展了交流学习。
未来,云天化将与耶津农大继续在肥料技术应用、农业示范基地建设等多个领域开展深入合作,为缅甸农业的现代化进程注入了强劲动力。

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.