မြန်မာ-中文
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ ဝင်ရောက်မှုကြောင့် လူ ၁၄၂ ဦးထက်မနည်း သေဆုံး၊ ဖိလစ်ပိုင်နိုင်ငံတစ်ဝန်း ကပ်ဘေးသင့်အခြေအနေ ကြေညာ
မနီလာ၊ နိုဝင်ဘာ ၆ ရက် (ဆင်ဟွာ)
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီ တိုက်ခတ်မှုကြောင့် ဖိလစ်ပိုင်နိုင်ငံ သမ္မတ မားကို့စ်က နိုဝင်ဘာ ၆ ရက်တွင် နိုင်ငံတစ်ဝန်း ကပ်ဘေးသင့်အခြေအနေ ကြေညာခဲ့သည်ဟု ဖိလစ်ပိုင်သတင်းအေဂျင်စီ၏ သတင်းဖော်ပြချက်အရ သိရသည်။
“တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီနဲ့ မကြာမီ တိုက်ခတ်တော့မဲ့ တိုင်ဖွန်းမုန်တိုင်း ဖန်ဝမ်ကြောင့် သက်ရောက်မှုရှိမယ့်ဒေသ ကျယ်ပြန့်တာကြောင့် အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကော်မတီက နိုင်ငံတစ်ဝန်း ကပ်ဘေးသင့်အခြေအနေ ကြေညာရန် အကြံပြုခဲ့ပါတယ်။ ကျွန်တော်ကလည်း ဒီအကြံပြုချက်ကို ခွင့်ပြုပြီးဖြစ်ပါတယ်” ဟု မားကို့စ်က မီဒီယာများကို ပြောကြားခဲ့သည်။
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီသည် ဖိလစ်ပိုင်နိုင်ငံတွင် ရက်ဆက်တိုက်ခတ်ခဲ့ရာ လူ ၁၄၂ ဦးထက်မနည်း သေဆုံးပြီး လူ ၁၂၇ ဦး ပျောက်ဆုံးကာ အခြားသူ ၈၂ ဦး ဒဏ်ရာရရှိထားကြောင်း ဖိလစ်ပိုင် အရပ်ဘက်ကာကွယ်ရေးရုံးနှင့် ဒေသတွင်းမီဒီယာများက နိုဝင်ဘာ ၆ ရက်တွင်ဖော်ပြသော အချက်အလက်များကို ပေါင်းစပ်ခြင်းဖြင့် သိရသည်။
ဖိလစ်ပိုင် အရပ်ဘက်ကာကွယ်ရေးရုံး အရာရှိ၏ ပြောကြားချက်အရ မုန်တိုင်းကြောင့် သေဆုံးသူ ၁၁၄ ဦး ထက်မနည်းရှိပြီး ပျောက်ဆုံးနေသူများ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ စီဘူးပြည်နယ်တွင် အခြားသေဆုံးသူ ၂၈ ဦးသည် အရပ်ဘက်ကာကွယ်ရေးရုံး၏ နောက်ဆုံးစာရင်းကောက်ယူမှုအတွင်း မထည့်သွင်းရသေးကြောင်း၊ နိုဝင်ဘာ ၅ ရက် ကောက်ယူထားသည့် အချက်အလက်များအရ မုန်တိုင်း ကယ်လ်မာဂီကြောင့် စီဘူးပြည်နယ်၌ သေဆုံးသူအရေအတွက် အများဆုံးဖြစ်ကြောင်း ဒေသတွင်းမီဒီယာများက နိုဝင်ဘာ ၆ ရက်တွင် သတင်းဖော်ပြခဲ့သည်။
ဖိလစ်ပိုင် အမျိုးသား သဘာဝဘေးအန္တရာယ် လျှော့ချရေးနှင့် စီမံခန့်ခွဲမှုကော်မတီ၏ နောက်ဆုံးကြေညာချက်တွင် တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းသည် ဖိလစ်ပိုင်နိုင်ငံ အလယ်ပိုင်းနှင့် တောင်ပိုင်း ဒေသအများအပြားတွင် ရေကြီးရေလျှံမှု၊ သစ်ပင်များပြိုလဲကျမှု စသည့် ကပ်ဘေးများ ဖြစ်ပွားစေခဲ့ပြီး နိုင်ငံတစ်ဝန်း ဘေးသင့်ပြည်သူလူဦးရေသည် ၁.၉ သန်းကျော်ရှိကြောင်း ဖော်ပြထားသည်။
တိုင်ဖွန်းမုန်တိုင်း ကယ်လ်မာဂီသည် နိုဝင်ဘာ ၄ ရက် နံနက်ပိုင်းတွင် ဖိလစ်ပိုင်နိုင်ငံသို့ စတင်ဝင်ရောက် တိုက်ခတ်ခဲ့ပြီး နိုဝင်ဘာ ၆ ရက် နံနက်ပိုင်းတွင် တိုက်ခတ်မှု ပြီးဆုံးသွားခဲ့သည်။ ဆက်လက်ပြီး စူပါတိုင်ဖွန်းမုန်တိုင်း ဖြစ်လာနိုင်သည့် ဖန်ဝမ်မုန်တိုင်းသည် လာမည့်ရက်အနည်းငယ်အတွင်း ဖိလစ်ပိုင်နိုင်ငံအား ဝင်ရောက်တိုက်ခတ်နိုင်ခြေရှိကြောင်း သိရသည်။ (Xinhua)

ဖိလစ်ပိုင်နိုင်ငံ စီဘူးပြည်နယ်တွင် ကယ်ဆယ်ရေးဝန်ထမ်းများက ဘေးသင့်ပြည်သူများ နေရာရွှေ့ပြောင်းရန် ကူညီပေးနေသည်ကို ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၄ ရက်က တွေ့ရစဉ် (ဓာတ်ပုံ – Philippine Coast Guard/Handout via Xinhua)
——————
(Chinese Version)
“海鸥”过境致至少142人死亡 菲律宾宣布全国进入灾难状态
新华社马尼拉11月6日电(记者张怡晟 聂晓阳)据菲律宾通讯社报道,受台风“海鸥”影响,菲律宾总统马科斯6日宣布全国进入灾难状态。
马科斯对媒体说:“鉴于台风‘海鸥’以及即将登陆的台风‘凤凰’影响区域广泛,国家减灾管理委员会建议宣布全国进入灾难状态,我已批准这一建议。”
综合菲律宾民防办公室和当地媒体6日提供的数据,台风“海鸥”连日来横扫菲律宾,已造成至少142人死亡、127人失踪,另有82人受伤。
按照菲民防办公室官员通报,至少有114人因台风死亡,搜救失踪人员的工作仍在继续。据当地媒体6日报道,宿务省还有28人死亡未被纳入民防办公室最新统计数据。5日的统计数据显示,“海鸥”在宿务省造成的死亡人数最多。
菲国家减灾管理委员会最新通报说,“海鸥”带来的强降雨导致菲中部和南部多地出现洪涝、树木倒伏等灾情,全国受灾人数超过190万。
台风“海鸥”于4日凌晨登陆菲律宾,6日凌晨离境。接下来,可能发展为超级台风的“凤凰”或将在未来几天内登陆菲律宾。(完)
1、这是11月5日在菲律宾宿务省拍摄的被台风损毁的房屋。新华社发
2、11月4日,在菲律宾宿务省,救援人员帮助受灾居民撤离。新华社发(菲律宾海岸警卫队供图)
