Connect with us

မြန်မာ-中文

ပဋိပက္ခနှင့် ငတ်မွတ်ခေါင်းပါးမှု သံသရာဆိုးကြီးကို ထိုးဖောက်ရန် တရုတ်ကိုယ်စားလှယ် တောင်းဆို

အမေရိကန် ယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်တွင် ရိုက်ကူးထားသည့် လုံခြုံရေးအစည်းအဝေး မြင်ကွင်းအား နိုဝင်ဘာ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ကုလသမဂ္ဂ၊ နိုဝင်ဘာ ၁၉ ရက် (ဆင်ဟွာ)

ပဋိပက္ခနှင့် ငတ်မွတ်ခေါင်းပါးမှု သံသရာဆိုးကြီးကို ထိုးဖောက်ရန် ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံအမြဲတမ်းကိုယ်စားလှယ် ဖုချုံးက လုံခြုံရေးကောင်စီ ပဋိပက္ခနှင့် စားနပ်ရိက္ခာဖူလုံရေးကိစ္စရပ် တံခါးဖွင့် အချေအတင်အစည်းအဝေး၌ ပါဝင်ဆွေးနွေးစဉ် တောင်းဆိုခဲ့သည်။ထိုသို့ ပါဝင်ဆွေးနွေးရာတွင် ဖုချုံးက လက်နက်ကိုင်ပဋိပက္ခများသည် လူသားချင်းစာနာထောက်ထားမှုအကျပ်အတည်းနှင့် ငတ်မွတ်ခေါင်းပါးမှု ကိစ္စရပ်များဖြစ်ပွားရခြင်း၏ အဓိက အကြောင်းရင်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ပဋိပက္ခတွင်ပါဝင်ပတ်သက်သော ဘက်အသီးသီးအနေဖြင့် အပြန်အလှန်ဆွေးနွေးညှိနှိုင်းမှုမှတစ်ဆင့် အငြင်းပွားမှုများကို ဖြေရှင်းရန်၊ စစ်မက်မီးလျှံ ဆောလျင်စွာ ငြှိမ်းသတ်ရန်၊ ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ပြန်လည်တည်ဆောက်ရန် တိုက်တွန်းကြောင်း၊ နိုင်ငံအသီးသီးအနေဖြင့် ဘုံဖြစ်သော၊ ဘက်စုံဖြစ်၍ ပူးပေါင်းဆောင်ရွက်မှုရှိသော၊ စဉ်ဆက်မပြတ်သော လုံခြုံရေးအမြင်ကို လက်ကိုင်ထားသင့်ပြီး မျှတ၍ဟန်ချက်ညီသော၊ ထိရောက်မှုရှိ၍ စဉ်ဆက်မပြတ်ဖြစ်သော လုံခြုံရေးမူဘောင်ကို အတူတကွ ဖွဲ့စည်းတည်ဆောက်သင့်ကြောင်း၊ လုံခြုံရေးကောင်စီအနေဖြင့် အများအာရုံစိုက်သော ကိစ္စရပ်များအား နိုင်ငံရေးအရ ဖြေရှင်းရန် တွန်းအားပေးဆောင်ရွက်သင့်ကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ တရားဥပဒေစိုးမိုရေးကို ထိန်းသိမ်းကာကွယ်ရန်၊ အရပ်သားပြည်သူများ အခြေခံရှင်သန်ရပ်တည်ခွင့်ကို သေချာစေရန် ဖုချုံးက အလေးထားပြောကြားခဲ့သည်။ ပဋိပက္ခဒေသများတွင် လူသားချင်းစာနာထောက်ထားမှု အကူအညီများသည် အရပ်သားပြည်သူများ ရှင်သန်ရပ်တည်ရေး၏ အဓိက သို့မဟုတ် တစ်ခုတည်းသော အားကိုးရာဖြစ်ကြောင်း၊ လူသားချင်းစာနာထောက်ထားမှု အကူအညီများကို နိုင်ငံရေးအသွင် ပြောင်းခြင်းပြု၍မရသလို ငတ်မွတ်မှုကို လက်နက်အသွင် အသုံးချ၍မရကြောင်း၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဝန်ထမ်းများသည် တိုက်ခိုက်ရေးပစ်မှတ်ဖြစ်၍ မရကြောင်း ၎င်းက အလေးအနက် ပြောကြားခဲ့သည်။
စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ခြင်းသည် ပဋိပက္ခနှင့် စားနပ်ရိက္ခာ မလုံလောက်မှုအား ဖြေရှင်းသော အခြေခံအရင်းအမြစ်ဖြစ်ကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် ထောက်ပံ့အားပေးမှုများကို မြှင့်တင်ပြီး ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ကိုယ်ပိုင်ရပ်တည်မှုရှိသော ဖွံ့ဖြိုးတိုးတက်မှုနှင့် စီမံခန့်ခွဲမှုစွမ်းရည် အားကောင်းစေရန် အမှန်တကယ် ကူညီပေးကာ နိုင်ငံ ရေရှည်တည်ငြိမ်လုံခြုံမှုကို ဖော်ဆောင်သင့်ကြောင်း ဖုချုံးက တိုက်တွန်းခဲ့သည်။

ကာလအပိုင်းအခြားတစ်ခုအတွင်း ဖွံ့ဖြိုးပြီးနိုင်ငံအချို့သည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ငွေကြေးထောက်ပံ့မှုဆိုင်ရာ ကတိကဝတ်များကို လိုက်နာဆောင်ရွက်ခြင်း မပြုလိုသည့်အပြင် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးအဖွဲ့အစည်းများအား ရန်ပုံငွေရုပ်သိမ်းခြင်း၊ ထောက်ပံ့မှု ဖြတ်တောက်ခြင်းများပင် ပြုလုပ်ကာ ၂၀၃၀ ခုနှစ် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်ကို လူသိရှင်ကြား ဆန့်ကျင်ခဲ့ရာ ကမ္ဘာ့ဖွံ့ဖြိုးတိုးတက် ရေးလုပ်ငန်းများအား ပြင်းထန်စွာ ထိခိုက်စေခဲ့ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘက်အသီးသီးနှင့်အတူ စစ်မှန်သော နိုင်ငံစုံ ပူးပေါင်းဆောင်ရွက်ရေးဝါဒကို ထိန်းသိမ်းပြီး တည်ငြိမ်၍ တံခါးဖွင့်လှစ်မှုရှိသော နိုင်ငံတကာပတ်ဝန်းကျင်ကို ဖန်တီးပေးလျက် တောင်-မြောက် ဖွံ့ဖြိုးတိုးတက်ရေး ကွာဟချက်ကို အရှိန်မြှင့် ဖြည့်စွက်ပေးကာ ဘုံဖွံ့ဖြိုးတိုးတက်မှုကို ဖော်ဆောင်သွားရန် တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

နိုင်ငံတကာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး ဈေးကွက်များတွင် ကုန်သည်ကြီးများက ဈေးနှုန်းသတ်မှတ်ခွင့်ကို လက်ဝါးကြီးအုပ်ထားခြင်း၊ စိုက်ပျိုးရေးထုတ်ကုန်များတွင် ဘဏ္ဍာရေးအသွင် မြင့်မားခြင်း၊ ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်တွင် ဖွဲ့စည်းပုံဆိုင်ရာ ဟန်ချက်မညီခြင်းနှင့် ဖွံ့ဖြိုးဆဲနိုင်ငံများ ကိုယ်စားပြုမှု မလုံလောက်ခြင်းစသည့် ပြဿနာများကို ရေရှည်တည်ရှိနေကြောင်း ဖုချုံက ထောက်ပြခဲ့သည်။

တရုတ်နိုင်ငံအဆိုပြုသော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအစီအမံသည် ကမ္ဘာလုံးဆိုင်ရာ စားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးစီမံခန့်ခွဲမှုအတွက် အရေးပါသော လမ်းညွှန်မှုအနက်အဓိပ္ပာယ်ရှိကြောင်း၊ နိုင်ငံတကာ အသိုင်းအဝိုင်းအနေဖြင့် စည်းလုံးညီညွတ်စွာ ညှိနှိုင်းဆောင်ရွက်ကာ လုံခြုံတည်ငြိမ်မှုရှိသော၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ ဘုံအကျိုးစီးပွား ဖော်ဆောင်သော ထုတ်လုပ်မှုနှင့် ထောက်ပံ့ရေးကွင်းဆက်စနစ်ကို ဖန်တီးပြီး ပိုမိုတရားမျှတ၍ ကျိုးကြောင်းဆီလျော်သော နိုင်ငံတကာ စားနပ်ရိက္ခာကုန်သွယ်ရေးစနစ်ကို တည်ဆောက်သင့်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။ (Xinhua)
#ပဋိပက္ခနှင့်ငတ်မွတ်ခေါင်းပါးမှု #ကမ္ဘာလုံးဆိုင်ရာစီမံခန့်ခွဲရေးအစီအမံ #လုံခြုံရေးကောင်စီ #တရုတ်ကိုယ်စားလှယ်
(Chinese Version)
—————————–
中国代表呼吁打破冲突与饥饿的恶性循环
新华社联合国11月17日电 中国常驻联合国代表傅聪17日在安理会冲突与粮食安全问题公开辩论会上发言,呼吁打破冲突与饥饿的恶性循环。
傅聪说,武装冲突是导致人道危机和饥饿问题的重要原因。中方呼吁冲突各方通过对话协商化解争端,早日平息战火,恢复和平与安全。各国应坚持共同、综合、合作、可持续的安全观,共同构建均衡、有效、可持续的安全架构。安理会应推动热点问题政治解决。
傅聪强调,维护国际法治,保障平民的基本生存权利。在冲突地区,人道援助是平民的主要甚至唯一生存依靠。人道援助不能被政治化,饥饿不能被武器化,人道工作者不能成为袭击目标。
傅聪呼吁,促进可持续发展,破解冲突与粮食不安全的根源。国际社会应当加大对发展中国家的支持,真正帮助发展中国家增强自主发展和治理能力,实现国家长治久安。一段时间以来,个别发达国家不愿履行发展筹资等承诺,甚至对国际发展机构撤资断供,公然反对2030年可持续发展议程,对全球发展事业造成严重冲击。中方呼吁各方坚持真正的多边主义,营造稳定开放的国际发展环境,加快弥合南北发展鸿沟,实现共同发展。
傅聪指出,国际粮农市场长期存在大粮商垄断定价权、农产品高度金融化、产供链结构性失衡,以及发展中国家代表性不足等问题。中国提出全球治理倡议,对于完善全球粮农治理亦有重要指导意义。国际社会应当团结协作,打造安全稳定、互利共赢的产供链体系,构建更加公平合理的国际粮食贸易秩序。(完)
图说:这是11月17日在位于纽约的联合国总部拍摄的安理会会议现场。新华社记者 张凤国 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.