Connect with us

Africa & Middle East

ယခုလ ၂၀ ရက်မတိုင်မီ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်အတွက် အစ္စရေးအား တိုက်တွန်းရန် ထရမ့်က သံတမန်စေလွှတ်

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းမြို့ Deir al Balah တွင် အစ္စရေး ဗုံးကြဲခဲ့သော အဆောက်အအုံဘေးမှ ပါလက်စတိုင်း အမျိုးသားများ ဖြတ်လျှောက်သွားစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၂ ရက် (ဆင်ဟွာ)

ယခုလ ၂၀ ရက် ထရမ့် တာဝန်မထမ်းဆောင်မီ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန်အတွက် အစ္စရေးအား တိုက်တွန်းရန် အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ် ထရမ့် ခန့်အပ်ထားသော အရှေ့အလယ်ပိုင်းအရေး အထူးသံတမန်ဖြစ်လာမည့် Steven Witkoff က ဇန်နဝါရီ ၁၁ ရက်တွင် အစ္စရေးသို့ သွားရောက်ခဲ့သည်ဟု အမေရိကန်မီီဒယာများက အဆိုပါနေ့တွင် သတင်းဖော်ပြခဲ့သည်။Witkoff သည် ဇန်နဝါရီ ၁၁ ရက်က အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုနှင့် တွေ့ဆုံဆွေးနွေးစဉ် ထရမ့်က ၎င်းတာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုမီ ဂါဇာအပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရေးဆန္ဒအား အကောင်အထည်ဖော်နိုင်ရန် မျှော်လင့်ကြောင်း Witkoff မှတစ်ဆင့် နေတန်ယာဟုကို ပြောကြားခဲ့သည်ဟု အမေရိကန် Axios သတင်းဝက်ဘ်ဆိုက်က အစ္စရေးအရာရှိ၏ စကားကို ကိုးကာ၍ သတင်းထုတ်ပြန်ခဲ့သည်။

Tel Aviv မြို့ လူထုချီတက်ပွဲတွင် ပါဝင်သော အစ္စရေးပြည်သူလူထုအား ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

Witkoff နှင့် တွေ့ဆုံဆွေးနွေးပွဲပြီးနောက် နေတန်ယာဟုက အစ္စရေးထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ (Mossad) မှ အကြီးအကဲ ဦးဆောင်သော အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့ကို ကာတာနိုင်ငံသို့ သွားရောက်၍ စေ့စပ်ညှိနှိုင်းရေး ပြုလုပ်ရန် စေလွှတ်ကြောင်း ကြေညာခဲ့သည်။

လွန်ခဲ့သော လအနည်းငယ်အတွင်း ကာတာနိုင်ငံ မြို့တော် ဒိုဟာနှင့် အီဂျစ်မြို့တော် ကိုင်ရိုတွင် ဂါဇာအပစ်အခတ်ရပ်စဲရေး စေ့စပ်ညှိနှိုင်းမှုများ ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ပဋိပက္ခ ရပ်တန့်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။
မကြာသေးမီရက်က ဒိုဟာမြို့တွင် အသစ်တစ်ကြိမ် ဂါဇာအပစ်အခတ်ရပ်စဲရေးနှင့် ပတ်သက်၍ တစ်ဆင့်ခံ စေ့စပ်ညှိနှိုင်းမှုတွင် တိုးတက်မှုတချို့ရရှိခဲ့သော်လည်း သဘောထားကွဲလွဲမှုမှာမူ ဖြေရှင်း မရနိုင်သေးကြောင်း အမည်မဖော်လိုသော အစ္စရေး အရာရှိတစ်ဦးက ပြောကြားခဲ့သည်။ အခြားသော သတင်းအရင်းအမြစ်တစ်ဦးကလည်း ဇန်နဝါရီ ၂၀ ရက်မတိုင်မီ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ရရှိရန် ခဲယဉ်းသော်လည်း ဖြစ်နိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။
ဂါဇာအပစ်အခတ်ရပ်စဲရေး အကောင်အထည်ဖော်နိုင်ရန် “အလွန်ပင် နီးစပ်” နေပြီဖြစ်ပြီး အမေရိကန် အစိုးရသစ်ထံ လုပ်ငန်းများ လွှဲပြောင်းပေးအပ်ခြင်း မတိုင်မီ ပြီးမြောက်ရန် မျှော်လင့်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဘလင်ကန်က ယခုသီတင်းပတ် အစောပိုင်းတွင် ပြောကြားခဲ့သည်။
ထရမ့် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုခြင်း မပြုမီ အစ္စရေးနှင့် ပါလက်စတိုင်း အစ္စလာမ်မစ် တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ (အပစ်အခတ်ရပ်စဲရေး) သဘောတူညီချက် မရရှိသေးပါက အစ္စရေးအနေဖြင့် “ဟားမက်စ်ကို အကြွင်းမဲ့ ချေမှုန်းလိမ့်မည်” ဟု အစ္စရေး ကာကွယ်ရေးဝန်ကြီး အစ္စရေးကတ်ဇ်က ဇန်နဝါရီ ၁၀ ရက်က ပြောကြားခဲ့သည်။
အကယ်၍ ထရမ့်တာဝန်ထမ်းဆောင်ခြင်းမတိုင်မီ ဖမ်းဆီးခံထားရသော အစ္စရေးနိုင်ငံသားများ ပြန်လည်လွတ်မြောက်ခြင်း မရှိသေးပါက ဟားမက်စ်အနေဖြင့် “တန်ဖိုး ကြီးကြီးမားမား” ပေးဆပ်ရလိမ့်မည်ဟု ယင်းမတိုင်မီ ထရမ့်က သတိပေးခဲ့သည်။
အပစ်အခတ်ရပ်စဲရေးရရှိရန် အစ္စရေးက ဟန့်တားနေသည်ဟု ဟားမက်စ်က ကြိမ်ဖန်များစွာ ပြစ်တင်ပြောဆိုခဲ့သည်။ ဖမ်းဆီးထားသော အစ္စရေးနိုင်ငံသားများ ပြန်လည်လွတ်မြောက်ရန် ကနဦးလိုအပ်ချက်မှာ အစ္စရေးတပ်များ အလုံးစုံ အပစ်အခတ်ရပ်စဲပြီး ဂါဇာကမ်းမြောင်ဒေသမှ ဆုတ်ခွာရမည်ဖြစ်ကြောင်း ဟားမက်စ်က အဆိုပြုခဲ့သည်။ အစ္စရေးကမူ ဟားမက်စ်ကို အကြွင်းမဲ့ ရှင်လင်းပစ်ပြီး ဖမ်းဆီးခံထားရသူများကို ကယ်နိုင်မှသာလျှင် ဂါဇာကမ်းမြောင်ဒေသရှိ စစ်ရေးလှုပ်ရှားမှုများကို ရပ်တန့်မည်ဖြစ်ကြောင်း အခိုင်အမာပြောကြားခဲ့သည်။ (Xinhua)
#Trump #Israel #GazaCeasefireAgreement #January20 #ဟားမက်စ် #ပါလက်စတိုင်း #ဂါဇာအပစ်အခတ်ရပ်စဲရေးသဘောတူညီချက် #တိုက်တွန်း
……………………………..
(Chinese Version)
特朗普遣使催以方本月20日前达成加沙停火协议
新华社北京1月12日电 美国媒体11日披露,由美国候任总统唐纳德·特朗普任命、即将上任的中东问题特使史蒂文·威特科夫当天访问以色列,催促以方在特朗普本月20日就职前达成加沙停火协议。
美国阿克西奥斯新闻网援引以色列官员的话报道,威特科夫11日会见以色列总理本雅明·内塔尼亚胡时,向后者转达特朗普希望在自己宣誓就职前达成加沙停火协议的愿望。
与威特科夫会面后,内塔尼亚胡宣布派出一支由以色列情报和特勤局(摩萨德)局长率领的高级代表团前往卡塔尔进行谈判。
过去数月,在卡塔尔首都多哈和埃及首都开罗举行了多轮加沙地带停火谈判,一直未能达成结束冲突的协议。
一名不愿公开姓名的以色列官员说,正在多哈举行的新一轮加沙停火间接谈判近日取得一些进展,但分歧依然未能解决。另一名消息人士说,在20日前达成停火协议的难度不小,不过有这种可能性。
美国国务卿安东尼·布林肯本周早些时候称,加沙停火协议“非常接近”达成,希望在向美新一届政府交接工作前完成。
以色列国防部长伊斯雷尔·卡茨10日说,在特朗普宣誓就职前,若以色列与巴勒斯坦伊斯兰抵抗运动(哈马斯)未能达成(停火)协议,以方将“彻底击溃哈马斯”。
特朗普先前警告,如果在他就职前以方被扣押人员没有获释,哈马斯将付出“巨大代价”。
哈马斯多次指责以色列阻碍停火协议达成。哈马斯提出,释放以方被扣押人员的前提是以军完全停火并撤出加沙地带。以色列则坚持,只有彻底消灭哈马斯并解救出所有被扣押人员才会停止在加沙地带的军事行动。(王宏彬)
图说1:1月8日,在加沙地带中部城市代尔拜拉赫,巴勒斯坦男子从以军轰炸后的建筑旁走过。新华社发(里泽克·阿卜杜勒贾瓦德摄)
图说2:2024年11月9日,以色列民众在特拉维夫参加集会。新华社记者陈君清摄

 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.