Connect with us

မြန်မာ-中文

ထိုင်ဝမ်နှင့်ပတ်သက်၍ ဆာနာအဲ တာကာအိချိ၏ မှားယွင်းသော ပြောဆိုချက်များကို ရှိဂဲရုအီရှီဘာ ထပ်မံဝေဖန်ပြောဆို

ဂျပန်နိုင်ငံ ကန်ဆိုင်းဒေသ အိုဆာကာမြို့တွင် ကျင်းပသော ၂၀၂၅ ခုနှစ် ကမ္ဘာ့ကုန်စည်ပြပွဲ ဖွင့်ပွဲအခမ်းအနား၌ ရှိဂဲရုအီရှီဘာ အမှာစကားပြောကြားနေသည်ကို ၂၀၂၅ ခုနှစ် ဧပြီ ၁၂ ရက်က တွေ့ရသော မှတ်တမ်းဓာတ်ပုံ (ဆင်ဟွာ)

တိုကျို၊ နိုဝင်ဘာ ၂၇ ရက် (ဆင်ဟွာ)

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှိဂဲရုအီရှီဘာက နိုဝင်ဘာ ၂၆ ရက်တွင် တိုကျိုမြို့၌ မိန့်ခွန်းပြောကြားရာတွင် လက်ရှိဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိ၏ ထိုင်ဝမ်နှင့်ပတ်သက်သော မှားယွင်းသည့် ပြောဆိုချက်များကို ထပ်မံဝေဖန်ခဲ့ပြီး တည်ငြိမ်သော ဂျပန်-တရုတ်ဆက်ဆံရေး တည်ဆောက်မှု၏ အရေးပါမှုကို အလေးအနက်ထား ပြောကြားခဲ့ကြောင်း ဂျပန်နိုင်ငံ The Mainichi သတင်းဖော်ပြချက်အရ သိရသည်။
၁၉၇၂ ခုနှစ်တွင် ဂျပန်-တရုတ် သံတမန်ဆက်ဆံရေး ပုံမှန်အသွင်ဖြစ်ရေး တွန်းအားပေးဖော်ဆောင်လာချိန်မှစ၍ ဂျပန်အစိုးရအဆက်ဆက်သည် တရုတ်နိုင်ငံဘက်က ထိုင်ဝမ်သည် တရုတ်နိုင်ငံ တစ်စိတ်တစ်ပိုင်းဖြစ်သည့်ရပ်တည်ချက်နှင့်ပတ်သက်ပြီး နားလည်လေးစားမှုရှိကြောင်း ရှိဂဲရုအီရှီဘာက ပြောကြားခဲ့သည်။ “ဒါက ပြောင်းလဲလို့မရနိုင်တဲ့ ကိစ္စရပ်ပါ၊ ကျွန်တော်တို့ အမြဲ အထူးသတိထားပြီး ကိုင်တွယ်ဖြေရှင်းတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ရှိဂဲရုအီရှီဘာက မိန့်ခွန်းတွင် ဂျပန်နှင့် တရုတ်အကြား ချောမွေ့သော သံတမန်ဆက်ဆံရေး ထိန်းသိမ်းရန် အရေးကြီးမှုကို ထပ်လောင်းပြောကြားခဲ့သည်။

လက်ရှိ ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံမှ တင်သွင်းသော စားသောက်ကုန်၊ မြေရှားသတ္တုနှင့် ဆေးဘက်ဆိုင်ရာပစ္စည်း စသည်တို့ကို ကျယ်ကျယ်ပြန့်ပြန့် အားထားနေရကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။
တာကာအိချိက ယခုလ ၇ ရက် ဂျပန်လွှတ်တော်၌ ဆွေးနွေးပြောကြားစဉ် “ထိုင်ဝမ်တွင် အရေးကိစ္စရှိခြင်း” သည် ဂျပန်က မိမိကိုယ်ကိုစုဖွဲ့ကာကွယ်ခွင့်ကို ကျင့်သုံးနိုင်သည့် “သေရေးရှင်ရေးအကျပ်အတည်းအခြေအနေ” ဖြစ်ပေါ်စေနိုင်ခြေရှိကြောင်း ပြောကြားခဲ့သည်။ ဤပြောဆိုချက်သည် ယင်းနောက် ချက်ချင်းပင် ဂျပန်နိုင်ငံ နယ်ပယ်အသီးသီး၏ အပြင်းအထန် ဝေဖန်မှုကို ခံခဲ့ရသည်။ ရှိဂဲရုအီရှီဘာက နိုဝင်ဘာ ၂၃ ရက် ရုပ်မြင်သံကြားအစီအစဉ်တစ်ခု၌ ထိုင်ဝမ်နှင့်ပတ်သက်သော တာကာအိချိ၏ မှားယွင်းသည့် ပြောဆိုချက်များကြောင့် ဂျပန်-တရုတ်ဆက်ဆံရေး ဆိုးရွားလာသည်နှင့်စပ်လျဉ်း၍ ပြစ်တင်ဝေဖန်ခဲ့သည်။ “ဂျပန်အစိုးရအဆက်ဆက်က ဂျပန်-တရုတ်ဆက်ဆံရေးကို ကိုင်တွယ်ရာတွင် အမြဲတမ်း ‘သတိထားသထက် ပိုသတိထားခဲ့တယ်’” ၊ လက်ရှိအစိုးရအနေဖြင့် ဂျပန်၏ ရေရှည်တည်ရှိခဲ့သော အခြေခံရပ်တည်ချက်ကို အပြည့်အဝသိရှိနားလည်သင့်ပြီး အနာဂတ်မူဝါဒများ ဖော်ဆောင်ရာတွင် သတိကြီးကြီးထားသင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
石破茂再批高市早苗涉台错误言论
新华社东京11月26日电(记者陈泽安 李子越)据日本《每日新闻》报道,日本前首相石破茂26日在东京演讲时再次批评现任首相高市早苗涉台错误言论,强调构建稳定日中关系的重要性。
石破表示,自1972年日中邦交正常化以来,历届日本政府理解并尊重中方关于台湾是中国的一部分的立场。他说,“这是不能改变的事情,我们一直非常谨慎地处理。”
石破在演讲中重申了日中保持外交顺畅的重要性。
他还说,当前日本广泛依赖从中国进口的食品、稀土、医药品等。
本月7日,高市在日本国会答辩时称,“台湾有事”或构成日本可行使集体自卫权的“存亡危机事态”。此番言论随即引发日本各界强烈批评。23日,石破在一档电视节目中就高市的涉台言论导致日中关系恶化提出批评。他说,“历届日本政府在处理日中关系时一直都是‘小心、小心、再小心’”,现政府应充分认识到日本长期以来的基本立场,在今后的政策推进中保持慎重。(完)
图说:这是4月12日石破茂在2025年大阪·关西世博会开幕式上致辞的资料照片。新华社记者 贾浩成 摄

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.