Connect with us

North America

လော့စ်အိန်ဂျလိစ်တွင် မီးဘေးအန္တရာယ် သတိပေးချက် အမြင့်ဆုံးအဆင့်နှင့် ရင်ဆိုင်နေရ

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ Mandeville လျှိုမြောင်ရှိ တောင်ကုန်းထိပ်တွင် မီးလောင်ကျွမ်းမှုအခြေအနေအား ကြည့်ရှုနေသည့် မီးသတ်တပ်ဖွဲ့ဝင်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ လော့စ်အိန်ဂျလိစ်ဒေသရှိ တောမီးများသည် ဇန်နဝါရီ ၁၃ ရက်တွင် ဆက်လက်လောင်ကျွမ်းလျက်ရှိရာ မိုးလေဝသဌာနက “အထူးအန္တရာယ်ရှိသော အခြေအနေ” သတိပေးချက် ထုတ်ပြန်ကာ ဒေသနေပြည်သူများအား လာမည့် ရက်ပိုင်းတွင် လေပြင်းအသစ်တစ်ချီတိုက်ခတ်မှုကြောင့် မီးဘေးအခြေအနေ ပို၍ ဆိုးရွားနိုင်ကြောင်း သတိပေးထားသည်။

မုတ်သုံလေ ”Santa Ana” က ယင်းနေ့တွင် နောက်ထပ်တစ်ကြိမ်တိုက်ခတ်မည်ဖြစ်ရာ မီးလောင်ကျွမ်းမှုအခြေအနေမှာ အထူးအန္တရာယ်များကြောင်း အမေရိကန် မိုးလေဝသဌာန ပညာရှင်များက ပြောကြားခဲ့သည်။ “အထူးအန္တရာယ်ရှိသော အခြေအနေ” သတိပေးချက်သည် မီးဘေးအန္တရာယ် အဆင့်မြင့်ဆုံး သတိပေးချက်ဖြစ်သည်။ ခြောက်သွေ့သည့်လေပြင်းတိုက်ခတ်မှုက မီးသတ်တပ်ဖွဲ့ဝင်များ၏ မီးငြှိမ်းသတ်ရေးလုပ်ငန်းအပေါ် ကြီးမားသော အခက်အခဲ ဖြစ်စေမည်ကို ဒေသခံအရာရှိများက စိုးရိမ်ကြရာ “အဆိုးဆုံး အခြေအနေ” နှင့် ရင်ဆိုင်ရန် အသင့်ပြင်ထားပြီးဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင်ပင် လော့စ်အိန်ဂျလိစ်ခရိုင်နေပြည်သူများအနေဖြင့် လိုအပ်လျှင် ဘေးလွတ်ရာသို့ ချက်ချင်းထွက်ခွာနိုင်ရေးအတွက် ပြင်ဆင်ထားရန် လိုအပ်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ် လော့စ်အိန်ဂျလိစ်မြို့ Mandeville လျှိုမြောင်ရှိ တောင်ကုန်းထိပ်တွင် တောမီးလောင်ကျွမ်းမှုကြောင့် ထွက်ပေါ်လာသော မီးခိုးများနှင့် မီးညွန့်များအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………………….
(Chinese Version)
新华简讯|洛杉矶面临最高等级火险警报
新华社洛杉矶1月13日电 美国洛杉矶地区的山火13日仍在燃烧,气象部门发布“特别危险状况”警报,提醒当地居民未来数日可能面临新一轮强风加剧火情的状况。   美国气象局专家说,季风“圣安娜风”当天将再次来袭,火情特别危险。“特别危险状况”警告为最高等级火险警报。当地官员担心干燥的强风将给消防人员灭火工作带来巨大困难,并表示已准备应对“最坏状况”,同时提醒洛杉矶县居民做好需要时立刻撤离的准备。(完)
1. 1月11日,消防员在美国加利福尼亚州洛杉矶曼德维尔峡谷的一座山丘顶部观望野火火势。新华社发(邱晨摄)
2. 1月11日,野火的浓烟和火焰出现在美国加利福尼亚州洛杉矶曼德维尔峡谷的山丘顶部。新华社发(邱晨摄)