Asia
နိုင်ငံရေးအရ လိပ်ခဲတည်းလည်းဖြစ်မှု ကြာမြင့်ခြင်းက တောင်ကိုရီးယား၏ စီးပွားရေးအပေါ် လွှမ်းမိုးရိုက်ခတ်နေ
သမ္မတ ယွန်းဆက်ယိုအား စွပ်စွဲပြစ်တင်ခြင်းနှင့် ပတ်သက်၍ တောင်ကိုရီးယားနိုင်ငံ၌ လတ်တလော ဖြစ်ပေါ်နေသည့် နိုင်ငံရေးမရေရာမှုများက နိုင်ငံ့စီးပွားရေးအပေါ် လွှမ်းမိုးရိုက်ခတ်နေစဉ် ထိုသို့ လိပ်ခဲတည်းလည်းဖြစ်မှု အချိန်ကြာမြင့်ကာ ရင်းနှီးမြှုပ်နှံသူများ၏ ယုံကြည်မှုအပေါ် ထိခိုက်လာမည်ကို လေ့လာဆန်းစစ်သူများက စိုးရိမ်လျက်ရှိသည်။
တောင်ကိုရီးယား၏ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် စီးပွားရေးအပေါ် ရိုက်ခတ်မှုများမှာ ယခုအချိန်ထိ အကန့်အသတ်ဖြင့်သာ ရှိနေသော်လည်း စီးပွားရေးလည်ပတ်လှုပ်ရှားမှုကို ထိခိုက်စေသည့် အခြေအနေများ ကြာမြင့်စွာဖြစ်ပေါ်ခြင်းက ကြွေးမြီဆိုင်ရာ ယုံကြည်စိတ်ချရမှုကို အနုတ်သဘော သက်ရောက်နိုင်သည်ဟု နိုင်ငံတကာ ကြွေးမြီဆိုင်ရာ ယုံကြည်စိတ်ချရမှု အကဲဖြတ်ရေးအေဂျင်စီ Moody’s Ratings က သုံးသပ်ထားကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြလျက်ရှိသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်တွင် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။ xhtxs.cn/0sc
……………………
(English Version)
Prolonged political standoff shadows South Korea’s economy
The current political uncertainty in South Korea over President Yoon Suk-yeol’s impeachment has shadowed the country’s economy, as analysts worry that the standoff will be prolonged and damage investors’ confidence.
International credit rating agency Moody’s Ratings said the impact of political instability on the South Korean economy so far appears to be limited, but prolonged situations that disrupt economic activity could negatively impact credit, according to local media reports. xhtxs.cn/0sc
English Caption 1
Supporters of impeached South Korean President Yoon Suk-yeol gather in a rally near the presidential residence in Seoul, South Korea, Jan. 12, 2025. (Photo by Jun Hyosang/Xinhua)
English Caption 2
Protesters in favor of the impeachment of South Korean President Yoon Suk-yeol shout slogans “Immediate Arrest” during a rally near the presidential residence in Seoul, South Korea, Jan. 12, 2025.(Photo by Jun Hyosang/Xinhua)