Asia
ဂျပန်နိုင်ငံ မီယာဇာကီစီရင်စုတွင် ပြင်းအား ၆.၉ အဆင့် ငလျင်လှုပ်ခတ်

တိုကျို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ကျူရှုဒေသ မီယာဇာကီစီရင်စု ဟူကာနာဒါကမ်းခြေ၌ ဇန်နဝါရီ ၁၃ ရက် ညပိုင်းတွင် ပြင်းအား ၆.၉ အဆင့် ငလျင်လှုပ်ခတ်ခဲ့ကြောင်း ယင်းငလျင်ကြောင့် ဆူနာမီဖြစ်ပွားနိုင်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန သတင်းအရ သိရသည်။
ငလျင်သည် ဒေသစံတော်ချိန် ည ၉ နာရီ ၁၉ မိနစ်ခန့်တွင် အရှေ့လောင်ဂျီကျု ၁၃၁.၆ ဒီဂရီ၊ မြောက်လတ္တီကျု ၃၁.၈ ဒီဂရီ၊ မြေအောက်အနက် ၃၀ ကီလိုမီတာကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း ဂျပန်နိုင်ငံ မိုးလေဝသဌာန သတင်းအရ သိရသည်။
ငလျင်လှုပ်ခတ်ပြီးနောက် မိုးလေဝသဌာနက ခိုချီစီရင်စုနှင့် မီယာဇာကီစီရင်စု ကမ်းရိုးတန်းတစ်လျှောက်တွင် ဆူနာမီသတိပေးချက်များ ကြေညာခဲ့သည်။
ယင်းမတိုင်မီ ဥရောပ-မြေထဲပင်လယ် ငလျင်စင်တာက ဂျပန်နိုင်ငံ ကျူရှုဒေသတွင် ပြင်းအား ၆.၆ အဆင့် ငလျင်လှုပ်ခတ်ကြောင်း သတင်းထုတ်ပြန်ခဲ့သည်။ (Xinhua)
…………………………..
(Chinese Version)
日本宫崎县发生6.9级地震
新华社东京1月13日电(记者李子越 陈泽安)据日本气象厅消息,日本九州地区宫崎县日向滩13日晚发生6.9级地震,地震有可能引发海啸。
据日本气象厅消息,地震发生于当地时间21时19分许,震中位于东经131.6度、北纬31.8度,震源深度30公里。
地震发生后,气象厅对高知县和宫崎县沿岸发布海啸预警。
欧洲-地中海地震中心此前报道,日本九州发生6.6级地震。(完)