Europe
ရုရှားနှင့် အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမည်
မော်စကို၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
ရုရှား သမ္မတ ပူတင်သည် ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော အီရန်သမ္မတ မာဆော့ ပါဇက်ရှ်ကီရမ်နှင့် ဇန်နဝါရီ ၁၇ ရက်တွင် တွေ့ဆုံဆွေးနွေးမည် ဖြစ်ပြီး နှစ်နိုင်ငံ ဘက်စုံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးမည် ဖြစ်ကြောင်း ရုရှား သမ္မတရုံး ဝက်ဘ်ဆိုက်က ဇန်နဝါရီ ၁၃ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။
တွေ့ဆုံဆွေးနွေးစဉ်ကာလအတွင်း နှစ်နိုင်ငံခေါင်းဆောင်များက ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ သယ်ယူပို့ဆောင်မှုနှင့် လူမှုယဉ်ကျေးမှု ကဏ္ဍနှစ်ဖက် ပူးပေါင်းဆောင်ရွက်မှုများ တိုးချဲ့ဆောင်ရွက်ရန်နှင့် ဒေသတွင်း၊ နိုင်ငံတကာအရေးကြီးကိစ္စရပ်များအပေါ် အမြင်သဘောထားချင်း ဖလှယ်သွားမည် ဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ဆွေးနွေးပွဲအပြီးတွင် နှစ်နိုင်ငံခေါင်းဆောင်များက ရုရှား-အီရန် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး သဘောတူစာချုပ်ကို လက်မှတ်ရေးထိုးမည် ဖြစ်ပြီး သတင်းမီဒီယာများအား ကြေညာချက် ထုတ်ပြန်သွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)
……………………………
(Chinese Version)
俄罗斯和伊朗将签署全面战略伙伴关系条约
新华社莫斯科1月13日电(记者黄河)俄罗斯总统网站13日发布消息说,俄总统普京17日将与到访的伊朗总统佩泽希齐扬举行会谈,并签署两国全面战略伙伴关系条约。
消息说,会谈期间,两国领导人将讨论进一步扩大贸易、投资、运输和人文领域双边合作,并就地区和国际重要问题交换意见。会谈结束后,两国领导人将签署俄伊全面战略伙伴关系条约,并向媒体发表声明。(完)
2024年9月21日,伊朗军人在首都德黑兰参加阅兵式。新华社记者沙达提摄