Connect with us

Africa & Middle East

ဂါဇာ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးမှု တိုးတက်မှုရှိကြောင်း အစ္စရေး နိုင်ငံခြားရေးဝန်ကြီး ပြောကြား

အစ္စရေးနိုင်ငံ ပြည်သူလူထုက ဂျေရုဆလမ်မြို့၌ အကြီးစား လူထုစုဝေးဆန္ဒပြပွဲ ကျင်းပခဲ့ပြီး အစ္စရေးအစိုးရအား ဂါဇာကမ်းမြောင်ဒေသတွင် အပစ်အခတ်ရပ်စဲရန်၊ ပါလက်စတိုင်းအစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် သဘောတူညီမှုရရှိရန်၊ ဖမ်းဆီးထိန်းသိမ်းခံထားရသူများအား အမြန်ဆုံး လွတ်မြောက်ရေးကို တွန်အားပေးရန် တောင်းဆိုနေသည်ကို ၂၀၂၄ ခုနှစ် ဇူလိုင် ၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)

အစ္စရေးနှင့် ပါလက်စတိုင်းအစ္စလာမ်မစ် တော်လှန်ရေး လှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) တို့ ညှိနှိုင်းဆွေးနွေးလျက်ရှိသော ဂါဇာ အပစ်အခတ်ရပ်စဲရေးမှာ တိုးတက်မှုရှိသည်ဟု Gideon Sa’ar က ဇန်နဝါရီ ၁၃ ရက်တွင် ပြောကြားခဲ့ကြောင်း The Times of Israel ၏ အဆိုပါနေ့ သတင်းထုတ်ပြန်ချက်အရ သိရသည်။
အစ္စရေးလိုချင်သော ဖမ်းဆီးထိန်းသိမ်းထားခံရသူများနှင့် အလဲအလှယ်လုပ်မည့် သဘောတူညီချက်သည် လက်ရှိတွင် တိုးတက်မှုရှိလာပြီဖြစ်ကြောင်း Sa’ar ပြောကြားခဲ့သော်လည်း ညှိနှိုင်းဆွေးနွေးမှု၏ အသေးစိတ် အချိန်ဇယားကိုမူ ထုတ်ဖော်ပြောကြားခဲ့ခြင်း မရှိခဲ့ပေ။
အပစ်အခတ်ရပ်စဲရေးဆိုင်ရာ အဆင့် ၃ ခု မူဘောင်သည် “အတည်ပြုပြီး” ဖြစ်ရာ လက်ရှိတွင် ဘက်အသီးသီးအနေဖြင့် ဟားမက်စ်၏ တုံ့ပြန်ချက်ကို စောင့်ဆိုင်းနေကြခြင်းဖြစ်ကြောင်း The Jerusalem Post ၏ ဇန်နဝါရီ ၁၃ ရက် သတင်းထုတ်ပြန်ချက်အရ သိရသည်။ ကိစ္စရပ်မှာ အပြုသဘောဆောင်သော လမ်းကြောင်းကို ဦးတည် တိုးတက်နေသော်လည်း “သတိကြီးကြီးထား” ရမည်ဟု အစ္စရေး အရာရှိတစ်ဦး၏ စကားကို ကိုးကား၍ သတင်းတွင် ဖော်ပြခဲ့သည်။ အစ္စရေးနိုင်ငံ ဝန်ကြီးချုပ် နေတန်ယာဟုက အစ္စရေးထောက်လှမ်းရေးနှင့် အထူးစစ်ဆင်ရေးအေဂျင်စီ (Mossad) အကြီးအကဲ David Barnea ၊ အစ္စရေး အမျိုးသားလုံခြုံရေးအေဂျင်စီ (Shin Bet) အကြီးအကဲ Ronen Bar စသည့် အဆင့်မြင့် အရာရှိများအား ကာတာနိုင်ငံ ဒိုဟာမြို့သို့ စေလွှတ်ရန် ဇန်နဝါရီ ၁၁ ရက်က ဆုံဖြတ်ခဲ့ရာ ဖမ်းဆီးထိန်းသိမ်းခံထားရသူများ ပြန်လည်လွတ်မြောက်ရေးနှင့် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ဟားမက်စ်နှင့် သဘောတူညီချက် ရရှိရန် တွန်းအားပေးခဲ့ကြောင်း သိရသည်။

သဘောတူညီမှုရရှိရန် အခြေအနေမှာ “အကောင်းဆုံး” အခြေအနေသို့ ရောက်ရှိနေပြီး နောက်ဆုံး သဘောတူညီချက် ရရှိနိုင်ကြောင်း ကာတာနိုင်ငံရှိ အစ္စရေး အဆင့်မြင့် ညှိနှိုင်းဆွေးနွေးမှုအဖွဲ့ဝင်၏ စကားကို ကိုးကား၍ အစ္စရေး ရုပ်မြင်သံကြားလိုင်း ၁၂ က ဇန်နဝါရီ ၁၂ ရက်တွင် သတင်းထုတ်လွှင့်ခဲ့သည်။
လွန်ခဲ့သည့် လများတွင် ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေး ညှိနှိုင်းဆွေးနွေးပွဲကို ဒိုဟာနှင့် အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၌ ကြိမ်ဖန်များစွာပြုလုပ်ခဲ့သော်လည်း ပဋိပက္ခ ရပ်တန့်ရေး သဘောတူညီချက်ကို အကောင်အထည်ဖော်နိုင်မှု မရှိသေးပေ။ ဂါဇာကမ်းမြောင်ဒေသ အပစ်အခတ်ရပ်စဲရေးဆွေးနွေးပွဲ အသစ်တစ်ကြိမ်ကို ဇန်နဝါရီ ၃ ရက်တွင် ပြန်လည်စတင်ခဲ့သည်။ ညှိနှိုင်းဆွေးနွေးမှုများ ဆက်လက်လုပ်ဆောင်လျက်ရှိသော်လည်း သဘောတူညီမှု ရရှိသည့် အချိန်ဇယား မရှိသေးကြောင်း ကာတာနိုင်ငံဘက်က ဇန်နဝါရီ ၇ ရက်တွင် ပြောကြားခဲ့သည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်း၌ အစ္စရေးစစ်တပ် တိုက်ခိုက်မှုခံခဲ့ရသော စာသင်ကျောင်းကို ကြည့်ရှုနေသော ကလေးငယ်တစ်ဦးအား ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
以色列外长:加沙停火谈判取得进展
新华社耶路撒冷1月13日电(记者陈君清 冯国芮)据《以色列时报》13日报道,以色列外交部长萨尔当天表示,以色列与巴勒斯坦伊斯兰抵抗运动(哈马斯)正在进行的加沙地带停火谈判取得了进展。
萨尔说,以色列想要就被扣押人员交换达成协议,目前已有进展。他未透露谈判的具体时间表。
另据《耶路撒冷邮报》13日报道,有关停火的三阶段框架“已经明确”,目前各方正在等待哈马斯回应。报道援引一名以色列官员的话说,事情正朝着积极的方向发展,但必须“小心谨慎”。   以色列总理内塔尼亚胡11日决定派遣以色列情报和特勤局(摩萨德)局长巴尔内亚、以国家安全总局(辛贝特)局长巴尔等高级官员赴卡塔尔首都多哈,推动与哈马斯就释放被扣押人员和加沙地带停火达成协议。
以色列第12频道电视台12日援引在卡塔尔的以色列高级谈判小组成员的话说,达成协议的条件已经达到“最佳”,最终协议有可能达成。
过去几个月,多轮加沙地带停火谈判在多哈和埃及首都开罗举行,但都未能达成结束冲突的协议。新一轮加沙地带停火谈判于1月3日在多哈重启。卡塔尔方面7日表示,谈判仍在继续,尚无达成协议的时间表。(完)
图说1:2024年7月6日晚,以色列民众在耶路撒冷举行大规模集会游行,要求以色列政府在加沙地带停火,与巴勒斯坦伊斯兰抵抗运动(哈马斯)达成协议,促使被扣押人员尽快得到释放。新华社记者陈君清摄
图说2:10月14日,在加沙地带中部的努赛赖特难民营,一名儿童注视遭以军袭击的学校。新华社发(马尔万·达乌德摄)