Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသတွင် အစ္စရေးစစ်တပ် ဗုံးကြဲမှုကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံး

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir al-Balah မြို့တွင် အစ္စရေးစစ်တပ်ဗုံးကြဲပြီးနောက် အဆောက်အဦအတွင်းသို့ ဝင်ရောက်ကြည့်ရှုနေသော ပါလက်စတိုင်း အမျိုးသားများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသနေရာအများအပြားကို ဇန်နဝါရီ ၁၃ ရက်တွင် ဗုံးကြဲ တိုက်ခိုက်ခြင်းကြောင့် အနည်းဆုံး လူ ၄၅ ဦး သေဆုံးခဲ့ကြောင်း ပါလက်စတိုင်း အရပ်ဘက်ကာကွယ်ရေးဌာန ပြောရေးဆိုခွင့်ရှိသူ Mahmoud Basal က ယင်းနေ့တွင် ပြောကြားခဲ့သည်။

ဂါဇာမြို့ Daraj ရပ်ကွက်ရှိ စာသင်ကျောင်းတစ်ခုကို ယင်းနေ့က အစ္စရေးတိုက်လေယာဉ်များ ဗုံးကြဲတိုက်ခိုက်ခြင်းကြောင့် လူ ၅ ဦးသေဆုံးပြီး ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာမြို့ နေရာအများအပြားရှိ လူစုလူဝေးများကို ဗုံးကြဲမှုကြောင့် ကလေးငယ်များအပါအဝင် လူပေါင်း ၃၀ သေဆုံးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်း Jabalia ရှိ လူစုလူဝေးနေရာနှစ်ခုကို ဗုံးကြဲမှုကြောင့် လူ ၅ ဦး သေဆုံးပြီး ၁၀ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာကမ်းမြောင်ဒေသ တောင်ပိုင်း ခန်ယွန်းနစ်ကို ဒရုန်းယာဉ်ဖြင့် တိုက်ခိုက်မှုကြောင့် လူတစ်ဦးသေဆုံးခဲ့ကြောင်း၊ ဂါဇာကမ်းမြောင်တောင်ပိုင်း ရာဖာရှိ မော်တော်ယာဉ်တစ်စီးကို အစ္စရေးစစ်တပ်က တိုက်ခိုက်ခဲ့ရာ လူ ၄ ဦး သေဆုံးခဲ့ကြောင်း Mahmoud Basal က ဆင်ဟွာသတင်းထောက်၏ မေးမြန်းမှုကို ပြန်လည်ဖြေကြားခဲ့သည်။

ဂါဇာကမ်းမြောင်ဒေသ ကျန်းမာရေးဝန်ကြီးဌာန၏ နောက်ဆုံးထုတ်ပြန်သည့် ကိန်းဂဏန်းများအရ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ အသစ်တစ်ကြိမ် ဖြစ်ပွားသည့် အချိန်မှစ၍ ဂါဇာကမ်းမြောင်တွင် အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် သေဆုံးသူ ပါလက်စတိုင်း ၄၆,၀၀၀ ကျော်ရှိပြီဖြစ်ကြောင်း သိရသည်။ (Xinhua)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း Deir al-Balah မြို့တွင် အစ္စရေးစစ်တပ်ဗုံးကြဲပြီးနောက် အဆောက်အဦနံဘေးမှ ဖြတ်သန်းသွားသော ပါလက်စတိုင်း အမျိုးသားများအား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………….

(Chinese Version)

以军轰炸加沙地带多地至少45人死亡
新华社加沙1月13日电 巴勒斯坦加沙地带民防部门发言人马哈茂德·巴萨勒13日说,以色列军队当天轰炸加沙地带多地,造成至少45人死亡。
巴萨勒在接受新华社记者采访时说,以军战机当天轰炸加沙城达拉杰区一所学校,造成5人死亡,数十人受伤;以军对加沙城多地集会人群的轰炸造成包括儿童在内30人死亡;以军对加沙地带北部杰巴利耶两处集会人群的轰炸造成5人死亡,10人受伤;以军在加沙地带南部汗尤尼斯发动无人机袭击,造成1人死亡;以军袭击加沙地带南部拉法的一辆汽车,造成4人死亡。
据加沙地带卫生部门发布的最新数据,2023年10月新一轮巴以冲突爆发以来,以色列在加沙地带的军事行动已造成超过4.6万巴勒斯坦人死亡。(完)
1. 1月8日,在加沙地带中部城市代尔拜拉赫,巴勒斯坦男子在以军轰炸后的建筑内查看。新华社发(里泽克·阿卜杜勒贾瓦德 摄)
2. 1月8日,在加沙地带中部城市代尔拜拉赫,巴勒斯坦男子从以军轰炸后的建筑旁走过。新华社发(里泽克·阿卜杜勒贾瓦德 摄)