Asia
စွဲချက်တင်မှုဆိုင်ရာ ပထမအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲကို ယွန်းဆက်ယို တက်ရောက်ခြင်းမရှိ
ဆိုးလ်၊ ဇန်နဝါရီ ၁၄ ရက် (ဆင်ဟွာ)
တောင်ကိုရီးယားနိုင်ငံ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဇန်နဝါရီ ၁၄ ရက် ဒေသစံတော်ချိန် မွန်းလွဲ ၂ နာရီခန့်တွင် သမ္မတ ယွန်းဆက်ယိုအား စွဲချက်တင်မှုဆိုင်ရာ ပထမဆုံးအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲကျင်းပခဲ့ရာ ယွန်းဆက်ယို တက်ရောက်ခဲ့ခြင်းမရှိကြောင်း သိရသည်။
တောင်ကိုရီးယားနိုင်ငံ တရားဥပဒေအရ စွဲချက်တင်ခံရသူသည် တရားဝင် အချေအတင်ချေပပြောဆိုပွဲကို တက်ရောက်ရန်လိုအပ်သည်။ အကယ်၍ စွဲချက်တင်ခံရသူသည် ပထမအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲသို့ တက်ရောက်ခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် အဆိုပါနေ့ တရားစီရင်မှု ပြီးဆုံးကြောင်း ကြေညာမည်ဖြစ်ပြီး နောက်တစ်ကြိမ် အချေအတင်ချေပပြောဆိုပွဲ ရက်စွဲကို အတည်ပြုပေးမည်ဖြစ်သည်။ အကယ်၍ စွဲချက်တင်ခံရသူသည် ဒုတိယအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲကိုလည်း တက်ရောက်ခြင်းမရှိပါက ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးအနေဖြင့် တက်ရောက်ခြင်းမရှိသည့်အခြေအနေတွင် တရားစီရင်နိုင်ကြောင်း သိရသည်။
ယင်းမတိုင်မီ ဖွဲ့စည်းပုံအခြေခံဥပဒေခုံရုံးက ဒုတိယအကြိမ် တရားဝင် အချေအတင်ချေပပြောဆိုပွဲအချိန်ကို ဇန်နဝါရီ ၁၆ ရက်အဖြစ် အတည်ပြုထားကြောင်း သိရသည်။ (Xinhua)
………………………………..
(Chinese Version)
尹锡悦缺席弹劾案首次正式辩论
新华社首尔1月14日电(记者冯亚松)韩国宪法法院当地时间14日14时许举行总统尹锡悦弹劾案第一次正式辩论,尹锡悦缺席庭审。
根据韩国法律,当事人需出席正式辩论。如果当事人不出席首次正式辩论,宪法法院将宣布结束当天审判,确定下一次辩论日期。但如果第二次正式辩论当事人仍不出席,宪法法院便可在缺席情况下进行审判。
此前,宪法法院已确定第二次正式辩论时间为1月16日。(完)
图说1:1月14日,位于首尔的韩国宪法法院举行总统尹锡悦弹劾案第一次正式辩论(视频截图)。新华社发
图说2:1月14日,韩国警方在位于首尔的韩国宪法法院前维持秩序。新华社记者 姚琪琳 摄