China
တရုတ်နိုင်ငံက အာဆီယံနိုင်ငံများနှင့်အတူ နယ်စပ်ဖြတ်ကျော် အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှု ပြစ်မှုကျူးလွန်မှုများကို အတူတကွတိုက်ဖျက်သွားမည်ဟု ဝမ်ရိဆို
ပေကျင်း၊ ဇန်နဝါရီ ၁၇ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇန်နဝါရီ ၁၆ ရက်တွင် တရုတ်နိုင်ငံဆိုင်ရာ အာဆီယံနိုင်ငံ ၁၀ နိုင်ငံမှ သံတမန်များနှင့် တွေ့ဆုံရာတွင် လတ်တလောကာလအတွင်း ထိုင်း-မြန်မာ နယ်စပ်ဒေသတစ်လျှောက်၌ ဆိုးရွားသော အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ တရုတ်နိုင်ငံ စသည့် နိုင်ငံအသီးသီးမှပြည်သူများ၏ ကိုယ်တွေ့အကျိုးစီးပွားကို ခြိမ်းခြောက်ထိခိုက်လာသဖြင့် များစွာအလေးထားရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။ ပြစ်မှုကျူးလွန်သူများ ဥပဒေပြင်ပ ရောက်ရှိနေခြင်း မရှိစေရန် သက်ဆိုင်ရာနိုင်ငံကလည်း အားကောင်းသောအစီအမံများ လုပ်ဆောင်ကာ အွန်လိုင်းလောင်းကစားနှင့် ဆက်သွယ်ရေးလိမ်ညာမှုကို ပြတ်ပြတ်သားသား တိုက်ဖျက်ခြင်းဖြင့် အများပြည်သူ၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုအား ကာကွယ်စောင့်ရှောက်ရေးကို တာဝန်ယူလုပ်ဆောင်သွားရန် မျှော်လင့်ပါကြောင်း၊ တရုတ်နိုင်ငံကလည်း အာဆီယံနိုင်ငံများနှင့်အတူ နှစ်ဦးနှစ်ဖက်နှင့် နိုင်ငံစုံ တရားဥပဒေစိုးမိုးရေးနှင့် လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုများကို မြှင့်တင်ဖော်ဆောင်ပြီး နိုင်ငံအသီးသီးမှပြည်သူများ စိတ်ချစွာ သွားလာရေးအတွက် လုံခြုံသောပတ်ဝန်းကျင် ဖန်တီးပေးကာ အနီးတစ်ဝိုက်နိုင်ငံများ သွားလာဆက်ဆံရေးနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ကောင်းမွန်သောစည်းစနစ်ကို ထိန်းသိမ်းသွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။ (Xinhua)
………………………..
(Chinese Version)
王毅:中国与东盟国家共同打击跨境网赌电诈犯罪
新华社北京1月16日电 1月16日,中共中央政治局委员、外交部长王毅在京会见东盟10国驻华使节时表示,近期在泰缅边境一带连续发生网赌电诈恶性案件,威胁并伤害中国等各国公民切身利益,需要引起高度重视。希望相关国家负起责任,采取强有力措施,坚决打击网赌电诈,维护人民群众生命财产安全,绝不允许犯罪分子逍遥法外。中方愿同东盟国家加强双多边执法安全合作,为各国人民安心往来提供安全环境,维护周边国家交往合作的良好秩序。(完)