Connect with us

China

တရုတ်နိုင်ငံ သမ္မတရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်တို့ ဖုန်းဖြင့် ဆက်သွယ်ဆွေးနွေး

တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ သမ္မတ ထရမ့်တို့ ဂျပန်နိုင်ငံ အိုဆာကာမြို့၌ ၂၀၁၉ ခုနှစ် ဇွန် ၂၉ ရက် ဒေသစံတော်ချိန် နံနက်ပိုင်းတွင် တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)

ဇန်နဝါရီ ၁၇ ရက် ညပိုင်းတွင် တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် အမေရိကန်နိုင်ငံ ရွေးကောက်ခံ သမ္မတ ထရမ့်တို့ ဖုန်းဖြင့်ဆက်သွယ်ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရှီကျင့်ဖိန်က ထရမ့် အမေရိကန်နိုင်ငံ သမ္မတအဖြစ် ထပ်မံရွေးကောက်ခံရခြင်းကို ဂုဏ်ပြုကြောင်း၊ မိမိတို့သည် တစ်ဦးနှင့်တစ်ဦး ဆက်ဆံရေးကို အထူးအလေးထားကာ နှစ်ဖက်လုံးက အမေရိကန် သမ္မတ သက်တမ်းအသစ်တွင် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် ကောင်းမွန်သော အစပြုခြင်းရှိရန် မျှော်လင့်ကြကြောင်း၊ စမှတ်အသစ်တွင် တရုတ်-အမေရိကန် ဆက်ဆံရေး ပိုမိုကြီးမားသော တိုးတက်မှုရရှိရေး တွန်းအားပေးရန် ဆန္ဒရှိကြောင်း ထောက်ပြခဲ့သည်။

ကြီးမြတ်သော တရုတ်၊ အမေရိကန် နှစ်နိုင်ငံလုံးသည် မိမိတို့ အိပ်မက်အသီးသီးကို အကောင်အထည်ဖော်နေကြပြီး ပြည်သူများအား ပိုမိုသာယာကောင်းမွန်သော လူနေမှုဘဝ ရရှိရန် ကြိုးပမ်းနေကြကြောင်း၊ တရုတ်-အမေရိကန် နှစ်နိုင်ငံကြားတွင် ကျယ်ပြန့်သော ဘုံအကျိုးစီးပွားနှင့် ကြီးမားသော ပူးပေါင်းဆောင်ရွက်မှု အလားအလာများ ရှိကြပြီး မိတ်ဖက်၊ မိတ်ဆွေ ပြုနိုင်သလို အပြန်အလှန် အောင်မြင်ရေး၊ အတူတကွ သာယာဝပြောရေးကို ဖော်ဆောင်နိုင်ပြီး နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကျိုးဖြစ်ထွန်းစေနိုင်ကြောင်း ရှီကျင့်ဖိန်က အလေးအနက်ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်က နိုင်ငံရေးအခြေအနေ မတူညီသော နိုင်ငံကြီး နှစ်နိုင်ငံအနေဖြင့် တရုတ်- အမေရိကန်ကြားတွင် တချို့သော သဘောထားကွဲလွဲမှုများ ရှိနိုင်ကြောင်း၊ သော့ချက်မှာ တစ်ဦး၏ အဓိက အကျိုးစီးပွားနှင့် ကြီးမားသော စိုးရိမ်မှုကို တစ်ဦးက လေးစားရမည်ဖြစ်ပြီး သင့်လျော်ကောင်းမွန်သော ပြဿနာ ဖြေရှင်းနည်းလမ်းကို ရှာဖွေရန်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။ ထိုင်ဝမ်အရေးသည် တရုတ်နိုင်ငံ အချုပ်အခြာအာဏ၊ နယ်မြေပိုင်နက်ပြည့်စုံမှုနှင့် သက်ဆိုင်နေ၍ အမေရိကန်အနေဖြင့် မုချမသွေ သတိနှင့် ကိုင်တွယ်ဖြေရှင်းမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်- အမေရိကန် ကုန်သွယ်စီးပွားဆက်ဆံရေး၏ ပကတိမှာ အပြန်အလှန် အကျိုးရှိ၍ ဘုံအကျိုးဖြစ်ထွန်းစေခြင်းဖြစ်ပြီး ထိပ်တိုက်တွေ့ဆုံခြင်းနှင့် ပဋိပက္ခသည် မိမိတို့၏ ရွေးချယ်မှု မဖြစ်သင့်ကြောင်း၊ နှစ်ဖက်လုံးအနေဖြင့် အပြန်အလှန် လေးစားမှု၊ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်မှု၊ ပူးပေါင်းဆောင်ရွက်မှုဖြင့် ဘုံအကျိုးဖော်ဆောင်ခြင်း အခြေခံမှုများဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အားဖြည့်ကာ နှစ်နိုင်ငံနှင့် ကမ္ဘာကြီးအတွက် အကျိုးရှိသော ကြီးကျယ်သောအရာ၊ လက်တွေ့ကျသောအရာ၊ ကောင်းမွန်သောအရာများကို ပိုမို ဆောင်ရွက်ပြီး ကြီးမားလှသော တရုတ်-အမေရိကန် သင်္ဘောကြီးနှစ်စင်းအား တည်ငြိမ်သော၊ ကောင်းမွန်သော၊ စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်သော လမ်းကြောင်းအတိုင်း စဉ်ဆက်မပြတ် ရှေ့သို့ ဦးတည်မောင်းနှင်ရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။

ထရမ့်က သမ္မတ ရှီကျင့်ဖိန်၏ ဂုဏ်ပြုမှုအပေါ် ကျေးဇူးတင်ရှိကြောင်း၊ သမ္မတ ရှီကျင့်ဖိန်နှင့် အတူ ကြီးမြတ်သော ဆက်ဆံရေးကို အလွန်တန်ဖိုးထားကြောင်း၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းမှုများကို ဆက်လက်ထိန်းသိမ်း၍ သမ္မတ ရှီကျင့်ဖိန်နှင့် အမြန်ဆုံး တွေ့ဆုံရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ အမေရိကန်နှင့် တရုတ်သည် လက်ရှိကမ္ဘာကြီးတွင် အရေးကြီးဆုံးနိုင်ငံဖြစ်ကာ ရေရှည်ချစ်ကြည်ရေးကို ထိန်းသိမ်းထားသင့်ပြီး ကမ္ဘာကြီး ငြိမ်းချမ်းရေးအတွက် အတူတကွ ထိန်းသိမ်းကာကွယ်သင့်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
နှစ်နိုင်ငံ ခေါင်းဆောင်များသည် ယူကရိန်းအကျပ်အတည်း၊ ပါလက်စတိုင်း- အစ္စရေး ပဋိပက္ခစသည့် ဘုံဂရုစိုက်သော အရေးကြီးသည့် နိုင်ငံတကာနှင့် ဒေသတွင်းကိစ္စရပ်များနှင့် ပတ်သက်၍ သဘောထားအမြင်များ ဖလှယ်ခဲ့ကြကြောင်း သိရသည်။
နှစ်နိုင်ငံခေါင်းဆောင်များအနေဖြင့် နှစ်နိုင်ငံ ဘုံဂရုစိုက်သော အရေးကြီးသည့် ကိစ္စရပ်များအတွက် ပုံမှန် ဆက်သွယ်မှု ထားရှိရေးအတွက် မဟာဗျူဟာမြောက် ဆက်သွယ်ရေးလမ်းကြောင်းများ တည်ဆောက်ရန် သဘောတူညီခဲ့ကြကြောင်း သိရသည်။ (Xinhua)

…………………………
(Chinese Version)
习近平同美国当选总统特朗普通电话
新华社北京1月17日电 1月17日晚,国家主席习近平应约同美国当选总统特朗普通电话。
习近平祝贺特朗普再次当选美国总统,指出我们都高度重视彼此互动,都希望中美关系在美国总统新任期有一个好的开始,愿推动中美关系在新的起点上取得更大进展。
习近平强调,中美两个伟大的国家都在追逐各自的梦想,都致力于让人民过上更美好的生活。中美两国间拥有广泛共同利益和广阔合作空间,可以成为伙伴和朋友,相互成就,共同繁荣,造福两国,惠及世界。
习近平指出,作为两个国情不同的大国,中美之间难免会有一些分歧,关键是要尊重彼此核心利益和重大关切,找到妥善解决问题的办法。台湾问题事关中国国家主权和领土完整,希望美方务必慎重处理。中美经贸关系的本质是互利共赢,对抗冲突不应是我们的选择。双方要本着相互尊重、和平共处、合作共赢原则,加强合作,多办一些有利于两国和世界的大事、实事、好事,让中美两艘巨轮沿着稳定、健康、可持续发展的航线不断前行。
特朗普感谢习近平主席的祝贺,表示很珍视同习主席的伟大关系,希望继续保持对话沟通,期待尽快同习主席见面。美中是当今世界最重要国家,应保持长久友好,共同维护世界和平。
两国元首就乌克兰危机、巴以冲突等共同关心的重大国际和地区问题交换意见。
两国元首同意建立战略沟通渠道,就两国共同关心的重大问题保持经常性联系。(完)
图说1:当地时间6月29日上午,国家主席习近平同美国总统特朗普在日本大阪举行会晤。 新华社记者 鞠鹏 摄