Connect with us

Europe

ဥရောပသမဂ္ဂ (အီးယူ) က လူမှုမီဒီယာ X ပလက်ဖောင်းအပေါ် တစ်ဆင့်တိုး စုံစမ်းစစ်ဆေးမှုများ ပြုလုပ်မည်ဟု ကြေညာ

၆၈ ကြိမ်မြောက် နိုင်ငံတကာအာကာသယာဉ်ဆိုင်ရာကွန်ဂရက် ပိတ်ပွဲအခမ်းအနားမတိုင်မီ သြစတြေးလျနိုင်ငံ၊ အက်ဒလိတ်မြို့တွင် အဓိကမိန့်ခွန်းပြောကြားနေသော SpaceX တည်ထောင်သူနှင့် CEO ဖြစ်သူ အီလွန်မက်စ်ကို ၂၀၁၇ ခုနှစ်၊ စက်တင်ဘာလ ၂၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ စီးပွားရေးလုပ်ငန်းရှင် အီလွန်မက်စ် လက်အောက်ရှိ လူမှုမီဒီယာ X ပလက်ဖောင်း (မူလအမည်- တွစ်တာ) အပေါ် ထပ်တိုး စုံစမ်းစစ်ဆေးမှုအစီအမံများ လုပ်ဆောင်လိုက်ပြီဖြစ်ကြောင်း၊ အဆိုပါ ပလက်ဖောင်း၏ အကြုံပြုစနစ်သည် အီးယူ၏ “ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဥပဒေ (Digital Services Act)” နှင့် ကိုက်ညီမှု ရှိ/ မရှိကို အကဲဖြတ်ရန် ဖြစ်ကြောင်း အီးယူကော်မရှင်က ဇန်နဝါရီ ၁၇ ရက်က ကြေညာချက်ထုတ်ပြန်ခဲ့သည်။

အီးယူကော်မရှင်က X ပလက်ဖောင်း အနေဖြင့် ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၁၅ ရက် မတိုင်မီ အဆိုပါ အကြုံပြုစနစ်၏ အတွင်းပိုင်းစာရွက်စာတမ်းများနှင့် လတ်တလောတွင် အဆိုပါစနစ်အပေါ် ပြုလုပ်ခဲ့သော မည်သည့်ပြောင်းလဲမှုမဆို ပေးအပ်ရန် တောင်းဆိုခဲ့သည်။ စုံစမ်းစစ်ဆေးမှု ကြိုတင် ပြီးစီးသွားခြင်းမှ လွဲ၍ အဆိုပါ ပလက်ဖောင်းသည် ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၇ ရက်မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်အတွင်း အဆိုပါ အကြုံပြု အယ်လဂိုရီသမ် ဒီဇိုင်းနှင့် လုပ်ဆောင်ချက်များအား ပြုပြင်ထားသည့် အတွင်းပိုင်း စာရွက်စာတမ်းနှင့် အချက်အလက်များကို ထိန်းသိမ်းထားရှိရန် တောင်းဆိုထားသည့် “ထိန်းသိမ်းထားရေးဆိုင်ရာ အမိန့်” တစ်ရပ်ကိုလည်း အီးယူကော်မရှင်က ထုတ်ပြန်ခဲ့သည်။ ထို့အပြင် အီးယူကော်မရှင်က X ပလက်ဖောင်း၏ အချို့သော စီးပွားဖြစ် အက်ပလီကေးရှင်း ပရိုဂရမ်မင်း အင်တာဖေ့စ် (API) များသို့ ဝင်ရောက်ခွင့်ကို တောင်းဆိုထားကြောင်း၊ ၎င်း၏ အကြောင်းအရာ စိစစ်ခြင်းနှင့် အကောင့်များ ဖြန့်ဖြူးခြင်းဆိုင်ရာ အခြေအနေများကို တိုက်ရိုက် စုံစမ်းစစ်ဆေးရန်ဖြစ်ကြောင်း သိရသည်။

“X ပလက်ဖောင်းရဲ့ အကြုံပြုစနစ်က အီးယူရဲ့ ‘ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဥပဒေ’ သတ်မှတ်ထားတဲ့ တာဝန်ဝတ္တရားတွေနဲ့ ကိုက်ညီမှု ရှိ/ မရှိကို အတည်ပြုဖို့ ကျွန်တော်တို့အနေနဲ့ တစ်ဆင့်တိုး အစီအမံတွေ လုပ်ဆောင်ပြီး ဖြစ်တယ်” ဟု အီးယူကော်မရှင်၏ နည်းပညာအချုပ်အခြာအာဏာစသည့် ကိစ္စရပ်များအား တာဝန်ယူသည့် အမှုဆောင် ဒုတိယဥက္ကဋ္ဌ Henna Virkkunen က ပြောကြားခဲ့သည်။

X ပလက်ဖောင်း၏ အန္တရာယ်ရှိသော စီမံခန့်ခွဲမှု၊ အကြောင်းအရာ စိစစ်ခြင်း စသည့် ကဏ္ဍများတွင် “ဒစ်ဂျစ်တယ် ဝန်ဆောင်မှုဥပဒေ” ကို ချိုးဖောက်မှု ရှိ/ မရှိ အကဲဖြတ်ရန် အီးယူကော်မရှင်က ၂၀၂၃ ခုနစ် ဒီဇင်ဘာ ၁၈ ရက်တွင် အဆိုပါ ပလက်ဖောင်းနှင့် ပတ်သက်၍ “တရားဝင် တရားစွဲဆိုမှု” လုပ်ငန်းစဉ်ကို စတင်ကြောင်း ကြေညာခဲ့သည်။

ယခုလ ၉ ရက်တွင် X ပလက်ဖောင်းမှတစ်ဆင့် ဗီဒီယိုလင့်ခ်ဖြင့် လက်ယာစွန်းနိုင်ငံရေးပါတီ Alternative for Germany ပါတီစသည်တို့ကို လူသိရှင်ကြား ထောက်ခံခဲ့ခြင်း အပါအဝင် အီလွန်မက်စ်၏ လတ်တလော ဥရောပ နိုင်ငံရေးရာကိစ္စရပ်များနှင့် ပတ်သက်သည့် ပြောဆိုပြုမူမှုများသည် ဥရောပနိုင်ငံအများအပြားကို မကျေနပ်မှုများဖြစ်စေခဲ့သည်။ အီလွန်မက်စ်သည် ရွေးကောက်ပွဲ စည်းရုံးရေးလှုပ်ရှားမှုများတွင် တရားမဝင် ဝင်ရောက်စွက်ဖက်မှု ဖြစ်/ မဖြစ်ကို ဂျာမနီနိုင်ငံ Bundestag က စစ်ဆေးလျက်ရှိပြီး အီးယူဘက်ကလည်း ယင်းနှင့် ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ စတင်လျက်ရှိကြောင်း သိရသည်။ (Xinhua)

……………………………………
(Chinese Version)
欧盟宣布进一步调查社交媒体平台X
新华社布鲁塞尔1月17日电(记者丁英华 周玥)欧盟委员会17日发布公报说,已对美国企业家埃隆·马斯克旗下的社交媒体平台X(原称推特)采取额外调查措施,以评估该平台的推荐系统是否符合欧盟《数字服务法》相关规定。
欧盟委员会要求X平台在2025年2月15日之前提供其推荐系统的内部文件,以及近期对推荐系统所作的任何更改。欧盟委员会还发布一项“保留令”,要求该平台在2025年1月17日至2025年12月31日期间,保存有关其推荐算法设计和功能更改的内部文件和信息,除非调查提前结束。此外,欧盟委员会要求访问X平台的某些商业应用程序接口,以直接调查其内容审核和账号传播情况。
欧盟委员会负责技术主权等事务的执行副主席汉娜·维尔库宁说:“我们采取了进一步措施,以明确X平台的推荐系统是否符合《数字服务法》规定的义务。”
欧盟委员会2023年12月18日宣布启动针对X平台的“正式诉讼”程序,以评估其在风险管理、内容审核等方面是否违反了《数字服务法》。
马斯克近期涉及欧洲政治事务的言行引发欧洲多国不满,包括本月9日通过X平台视频连线公开支持极右翼政党德国选择党等。据悉,德国联邦议院正在审查马斯克是否可能构成对竞选活动的非法干扰,欧盟方面也在对此事展开调查。(完)
图说:2017年9月29日,在澳大利亚阿德莱德,美国太空探索技术公司创始人兼首席执行官埃隆·马斯克在第68届国际宇航大会闭幕式前做主旨演讲。新华社发(闫寒摄)