Connect with us

North America

TikTok ဝန်ဆောင်မှု အမေရိကန်တွင် ပြန်လည်ဆောင်ရွက်

အမေရိကန်နိုင်ငံ ဗာဂျီးနီးယားပြည်နယ် အာလင်တန်မြို့တွင် စမတ်ဖုန်းဖန်သားပြင်ရှိ TikTok လိုဂိုအား ၂၀၂၀ ပြည့်နှစ် ဩဂုတ် ၃၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လော့စ်အိန်ဂျလိစ်၊ ဇန်နဝါရီ ၂၀ ရက် (ဆင်ဟွာ)
အမေရိကန်ရှိ Short video ဆိုရှယ်မီဒီယာ ပလက်ဖောင်း TikTok ဝန်ဆောင်မှုများသည် ဇန်နဝါရီ ၁၉ ရက်တွင် ပြန်လည်ဆောင်ရွက်ခဲ့သည်။

အမေရိကန်နိုင်ငံ အနောက်ပိုင်း စံတော်ချိန် ဇန်နဝါရီ ၁၉ ရက် ၉ နာရီ ၃၀ မိနစ် ခန့်က TikTok ဆိုရှယ်မီဒီယာတွင် ကြေညာချက်ထုတ်ပြန်ခဲ့ရာ ကုမ္ပဏီအနေဖြင့် အင်တာနက်ဝန်ဆောင်မှုပေးသူများနှင့် သဘောတူညီချက် ရရှိပြီဖြစ်ရာ သက်ဆိုင်ရာဝန်ဆောင်မှုများကို ပြန်လည်ဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။ ထို့နောက် မကြာမီ သတင်းထောက်က ရှာဖွေကြည့်ရှုခဲ့ရာတွင် TikTok App ပုံမှန်အသုံးပြု၍ရပြီ ဖြစ်ပြီး TikTok ဝက်ဘ်ဆိုက်လည်း ပုံမှန်ပြန်ဖြစ်သွားပြီ ဖြစ်ကြောင်း သိရှိရသည်။

TikTok ၏ အင်တာနက်ဝန်ဆောင်မှုပေးသူများထံသို့ လိုအပ်သည့် ရှင်းပြချက်နှင့်အာမခံချက်ပေးသည့်အပေါ် အမေရိကန် ရွေးကောက်ခံ သမ္မတ ထရမ့်အား ကျေးဇူးတင်ရှိကြောင်း၊ ၎င်းတို့အနေဖြင့် TikTok ပုံမှန်လည်ပတ်အောင် ကူညီစောင့်ရှောက်ပေးသည့်အတွက် အပြစ်ပေးခြင်း ခံရစေမည် မဟုတ်ကြောင်း TikTok ၏ ကြေညာချက်တွင်ဖော်ပြခဲ့သည်။ တစ်ချိန်တည်းတွင်ပင် TikTok က ထရမ့်နှင့်အတူ TikTok App အမေရိကန်တွင် အသုံးပြုနိုင်ရေးအား ထိန်းသိမ်းရန် အတွက် ရေရှည်ဖြေရှင်းရေးနည်းလမ်းကို ရှာဖွေသွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
TikTok သည် အမေရိကန်နိုင်ငံ အနောက်ပိုင်း စံတော်ချိန် ဇန်နဝါရီ ၁၈ ရက် ည ၇ နာရီ ၃၀ မိနစ် ခန့်တွင် အမေရိကန်အသုံးပြုသူ ဝန်ဆောင်မှုကို ရပ်ဆိုင်းခဲ့သည်။ TikTok ၏ မိခင်ကုမ္ပဏီ ဖြစ်သည့် ByteDance လက်အောက်ရှိ App အများအပြား၏ အမေရိကန်ရှိ ဝန်ဆောင်မှုသည်လည်း တစ်ချိန်တည်းနီးပါး ရပ်ဆိုင်းခဲ့သည်။ TikTok App အမေရိကန်တွင် ပုံမှန်လည်ပတ်နိုင်ရန် ပံ့ပိုးပေးသည့် Apple၊ Google၊ Oracle စသည့် အမေရိကန်လုပ်ငန်းများကလည်း သက်ဆိုင်ရာဝန်ဆောင်မှုကို ရပ်တန့်ခဲ့သည်။

ကုမ္ပဏီအသီးသီးအနေဖြင့် TikTok ကို ရပ်တန့်သည့် အနေအထား မပြုလုပ်ရန် တိုက်တွန်းကြောင်း ထရမ့်က ဇန်နဝါရီ ၁၉ ရက် အစောပိုင်း လူမှုကွန်ရက် မီဒီယာတွင် ရေးသားခဲ့သည်။ ၎င်းအနေဖြင့် ဇန်နဝါရီ ၂၀ ရက်တွင် အုပ်ချုပ်ရေး အမိန့်တစ်ရပ် ထုတ်ပြန်မည် ဖြစ်ပြီး TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” သည့် ဥပဒေ အသက်ဝင်မည့်အချိန်ကို ရွှေ့ဆိုင်းသွားမည်ဖြစ်ပြီး ထိုမတိုင်မီ TikTok လည်ပတ်အောင် ကူညီထိန်းသိမ်းပေးသည့် မည်သည့်ကုမ္ပဏီမဆို ဥပဒေအရ တာဝန်ခံရမည်မဟုတ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။

၂၀၂၄ ခုနှစ် ဧပြီလတွင် ဘိုင်ဒန်က လွှတ်တော်နှစ်ရပ် အတည်ပြုထားသည့် ဥပဒေမူကြမ်းတစ်ရပ်ကို လက်မှတ်ရေးထိုးပြီး ByteDance ကို TikTok အား ရက်ပေါင်း ၂၇၀ အတွင်း တရုတ်လုပ်ငန်းရှင်မဟုတ်သူထံ ရောင်းချရန်၊ သို့မဟုတ်ပါက အမေရိကန်တွင် ယင်း App ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁၉ ရက်နောက်ပိုင်း အသုံးပြုခွင့်ပိတ်ရန် တောင်းဆိုခဲ့သည်။

ယခုလ ဇန်နဝါရီ ၁၇ ရက်တွင် အမေရိကန် ပြည်ထောင်စု တရားရုံးချုပ်က TikTok “မရောင်းလျှင် အသုံးပြုခွင့် ပိတ်ပင်” သော ဥပဒေမှာ ဖွဲ့စည်းပုံအခြေခံ ဥပဒေကို ချိုးဖောက်ခြင်း မရှိကြောင်း ဆုံးဖြတ်ခဲ့သည်။ ၎င်းမှာ ပြည်ထောင်စု တရားရုံးချုပ်အနေဖြင့် အဆိုပါဥပဒေမူကြမ်းကို မူလအစီအစဉ်အတိုင်း ဇန်နဝါရီ ၁၉ ရက်တွင် အသက်ဝင်ရန် ခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ ထို့နောက်မကြာမီ ဘိုင်ဒန်အစိုးရက ဇန်နဝါရီ ၂၀ ရက်တွင် တာဝန်ထမ်းဆောင်မည့် ထရမ့်အစိုးရက တရားဥပဒေစိုးမိုးရေးတာဝန်ကို ထမ်းဆောင်မည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဘိုင်ဒန်အစိုးရအနေဖြင့် အမေရိကန် အင်တာနက်ဝန်ဆောင်မှုပေးသူများအား အရေးယူမည်မဟုတ်ကြောင်း အတိအလင်းကြေညာခြင်းမပြုပါက TikTok ပလက်ဖောင်းသည် ဇန်နဝါရီ ၁၉ ရက်တွင် အပိတ်ခံရမည် ဖြစ်ကြောင်း TikTok ကုမ္ပဏီက ဇန်နဝါရီ ၁၇ ရက်၌ တုံ့ပြန်ပြောကြားခဲ့သည်။ (Xinhua)
……………………..
(Chinese Version)
TikTok恢复在美服务
新华社洛杉矶1月19日电(记者黄恒 谭晶晶)短视频社交媒体平台TikTok19日恢复在美国的服务。
美国西部时间19日9时30分(北京时间20日1时30分)左右,TikTok在社交媒体上发布声明说,公司已与互联网服务提供商达成一致,正在恢复相关服务。记者随即查看,TikTok应用程序已恢复正常使用,TikTok网站也已恢复正常。
TikTok在声明中感谢美国候任总统特朗普向TikTok的互联网服务提供商做出了必要的澄清和保证,使其不会为协助维护TikTok正常运转而遭受处罚。TikTok同时表示,将与特朗普一起寻找维持TikTok应用程序在美可用的长期解决方案。
TikTok于美国西部时间18日19时30分(北京时间19日11时30分)左右关停了对美用户服务。TikTok母公司字节跳动旗下多个应用软件几乎同一时间停止在美服务。为TikTok应用程序在美正常运转提供支持的苹果、谷歌和甲骨文等美国企业也停止了相关服务。
特朗普19日早些时候在社交媒体上发文,呼吁各公司不要让TikTok处于停止运转状态。特朗普说,他将于20日发布一项行政令,推迟TikTok“不卖就禁用”的法律生效时间,此前任何帮助维持TikTok运转的公司将不承担法律责任。
2024年4月,美国总统拜登签署一项国会两院通过的法案,要求字节跳动在270天内将TikTok出售给非中国企业,否则这款应用程序将在2025年1月19日后在美国被禁用。
本月17日,美国联邦最高法院裁定,TikTok“不卖就禁用”的法律不违宪。这意味着联邦最高法院允许该法案按原计划于19日生效。拜登政府随后表示,执法责任由即将于20日上任的特朗普政府承担。TikTok公司17日回应说,除非拜登政府向美国互联网服务商提出明确的不追责声明,否则该平台将于19日被迫关闭。(完)
The logo of TikTok is seen on the screen of a smartphone in Arlington, Virginia, the United States, Aug. 30, 2020. (Xinhua/Liu Jie)