North America
လော့စ်အိန်ဂျလိစ်တောမီးက အစိုးရ စီမံအုပ်ချုပ်ရေး ပရမ်းပတာဖြစ်မှုကို ဖော်ပြနေသည်ဟု အမေရိကန် မီဒီယာများက ဝေဖန်ပြောဆို
ပေကျင်း၊ ဇန်နဝါရီ ၂၁ ရက် (ဆင်ဟွာ)
လော့စ်အိန်ဂျလိစ်တောမီးက လော့စ်အိန်ဂျလိစ်ဒေသ စီမံအုပ်ချုပ်ရေးမူဘောင်သည် အလွန် ပြန့်ကျဲနေပြီး စွမ်းဆောင်ချက် ကမောက်ကမဖြစ်သည့် အားနည်းချက်များကြောင့် လူထုအနေဖြင့် ကြီးမားလှသော ကပ်ဘေးနှင့် ကြုံတွေ့နေရစဉ်တွင် ပေါင်းစည်းညွှန်ကြားမှုများမရှိခဲ့ရခြင်းဖြစ်သည်ဟု အမေရိကန် The New York Times သတင်းစာ၏ ဇန်နဝါရီ ၁၉ ရက်က ထုတ်ဝေသော သတင်းတွင် ထောက်ပြခဲ့သည်။
လော့စ်အိန်ဂျလိစ်ဒေသဆိုသည်မှာ ကယ်လီဖိုးနီးယားပြည်နယ် တောင်ပိုင်း ခရိုင် ၅ ခုကို ဖြတ်သွားသော မြို့ပြဧရိယာဖြစ်သည်။ ယင်း ခရိုင် ၅ ခုတွင် လော့စ်အိန်ဂျလိစ်ခရိုင်၊ Orange ခရိုင်၊ San Bernardino ခရိုင်၊ Riverside ခရိုင်၊ Ventura ခရိုင်တို့ ပါဝင်သည်။ အမေရိကန်နိုင်ငံ အနောက်ပင်လယ်ကမ်းရိုးတန်း အကြီးဆုံးမြို့၊ အမေရိကန်တစ်နိုင်ငံလုံးရှိ ဒုတိယအကြီးဆုံး မြို့ဖြစ်သော လော့စ်အိန်ဂျလိစ်သည် လော့စ်အိန်ဂျလိစ်ဒေသတွင် တည်ရှိသည်။
ယခုလဆန်းပိုင်းက လော့စ်အိန်ဂျလိစ် တောမီးလောင်ကျွမ်းစဉ်တွင် လော့စ်အိန်ဂျလိစ်မြို့ မြို့တော်ဝန် Karen Ruth Bass သည် ပြည်ပတွင် ဂါနာနိုင်ငံ သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ အခမ်းအနားတက်ရောက်နေခဲ့ခြင်းဖြစ်သည်။ ၎င်း အမေရိကန်ပြန်လာပြီးနောက် သတင်းထောက်က မီးဘေးရာသီဥတုသတိပေးချက်ကို ဂရုမစိုက်ဘဲ အဘယ်ကြောင့် ပြည်ပထွက်ခွာခဲ့သနည်းဟု လိုက်လံမေးမြန်းခဲ့ရာ Bass က မည်သည့်စကားမျှ ပြန်လည်မဖြေကြားခဲ့ပေ။ သက်ဆိုင်ရာ ဗီဒီယိုများ ပျံ့နှံသွားပြီးနောက် အကျိုးဆက်အနေဖြင့် Bass ၏ ခေါင်းဆောင်မှုစွမ်းရည်သည် ပြင်းထန်စွာ ဝေဖန်ခံခဲ့ရသည်။
ကြီးမားလှသော ကပ်ဘေးနှင့် ကြုံတွေ့နေရစဉ် လူထုအနေဖြင့် ခိုင်မာအားကောင်းသော ခေါင်းဆောင်ထွက်လာပြီး ၎င်းတို့အား ဦးဆောင်၍ အကျပ်အတည်းများကျော်လွှားရန် မျှော်လင့်ကြကြောင်း၊ သို့သော် ယခုအကြိမ် တောမီးနှင့် ပတ်သက်၍ Bass ၏ လုပ်ဆောင်ချက်က လူထုအား ၎င်း၏ ဦးဆောင်နိုင်မှု စွမ်းရည်အပေါ် သံသယဖြစ်စေခဲ့ကြောင်း The New York Times သတင်းစာ လော့စ်အိန်ဂျလိစ်ဗျူရို အကြီးအကဲဟောင်း Adam Nagourney က ဇန်နဝါရီ ၁၉ ရက်တွင် ဆောင်းပါး၌ ပြောကြားခဲ့သည်။
သို့သော် အမှန်စင်စစ်တွင်မူ Bass ရရှိထားသော အခွင့်အာဏာမှာ များများစားစားမရှိပေ။ လော့စ်အိန်ဂျလိစ်မြို့သည် လော့စ်အိန်ဂျလိစ်ခရိုင်အတွင်းရှိ မြို့ပေါင်း ၈၈ မြို့အနက် တစ်မြို့သာဖြစ်သည်။ လော့စ်အိန်ဂျလိစ်ခရိုင်ကို ကြီးကြပ်ကွပ်ကဲရေးကော်မတီဝင် ၅ ဦးဖြင့် စီမံခန့်ခွဲကာ အဆိုပါ ၅ ဦးက လော့စ်အိန်ဂျလိစ်ခရိုင်တွင် သတ်မှတ်ထားသော နယ်ပယ်များကို ခွဲခြား စီမံခန့်ခွဲကြရာ အုပ်ချုပ်ရေးနယ်ပယ်အချို့တွင် ၎င်းတို့၏တာဝန်များသည် Bass ၏တာဝန်များနှင့် ထပ်တူကျနေသည်မှာ ရှောင်လွှဲမရပေ။ လော့စ်အိန်ဂျလိစ်ခရိုင်တွင် ခရိုင်မှူးရုံး၊ ရဲစခန်း ဒါဇင်နှင့်ချီရှိသည်သာမက မြို့နယ်စည်ပင် မီးသတ်ဌာနများလည်း ဒါဇင်နှင့်ချီ ရှိသည်။ Bass အနေဖြင့် ၎င်း၏ ဦးဆောင်မှုစွမ်းရည်ကို ပြသချင်လျှင် “အနုပညာ” အနည်းငယ်လိုအပ်ပြီး မတူသော စီမံခန့်ခွဲရေး အေဂျင်စီများနှင့် ပူးပေါင်းဆောင်ရွက်မှုနည်းလမ်း ရှာတွေ့နိုင်ရမည်ဖြစ်သော်လည်း ယင်းမှာ ခဲယဉ်းလှကြောင်း လော့စ်အိန်ဂျလိစ် ဒေသန္တရအစိုးရ၊ နိုင်ငံရေးကို နှစ်ပေါင်းများစွာ သုတေသနပြုခဲ့သူ ရာဖယ် ဆိုနန်ရှာမင်က ထောက်ပြခဲ့သည်။
ယခုအကြိမ် တောမီးတွင် မီးလောင်ကျွမ်းမှုဖြစ်ပွားသော နေရာအများအပြားရှိသည့်အနက် “Eaton” ဟုအမည်ပေးထားသော တောမီး၏ လောင်ကျွမ်းသည့်နေရာမှာ လော့စ်အိန်ဂျလိစ် မြူနီစပယ်စီမံခန့်ခွဲရေးနယ်ပယ်ကို ကျော်လွန်သွားသောကြောင့် ခရိုင်မီးသတ်ဌာနမှ ဦးဆောင်ဖြေရှင်းခဲ့သည်။ မကြာသေးမီက ကျင်းပသော တောမီးလောင်မှုနှင့် ပတ်သက်သည့် သတင်းစာရှင်းလင်းပွဲတစ်ခုတွင် Bass စသည့် ခရိုင်အဆင့်၊ မြို့အဆင့် အစိုးရအရာရှိ ၈ ဦး တက်ရောက်ခဲ့သည်။ Bass က လော့စ်အိန်ဂျလိစ်အုပ်ချုပ်မှုအောက်ရှိ “Palisades” ဟု အမည်ပေးထားသော တောမီးအခြေအနေကိုသာ တာဝန်ယူအသိပေးပြောကြားခဲ့ပြီး “Eaton” တောမီး၏ ကပ်ဘေးအခြေအနေကို လော့စ်အိန်ဂျလိစ်ခရိုင်၏ အရာရှိတစ်ဦးက အသိပေးပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယားပြည်နယ် ဒေသန္တရအစိုးရတွင် စီမံခန့်ခွဲမှု ပြန့်ကျဲနေမှုနှင့် ရှုပ်ထွေးသော ထူးခြားသည့် လက္ခဏာရှိသည်ဟု ကယ်လီဖိုးနီးယားပြည်နယ် အုပ်ချုပ်ရေးမှူးဟောင်း Gray Davis က ယူဆထားသည်။ အရေးပေါ်အခြေအနေ ဖြစ်ပွားပြီးနောက် တိကျသော တာဝန်ကဏ္ဍခွဲဝေမှုများလိုအပ်ပြီး တစ်စုံတစ်ဦးက ညွှန်ကြားမှု၊ တာဝန်ယူမှု လိုအပ်သော်လည်း “ကျွန်တော်တို့မှာ အဲဒီစနစ် မရှိပါဘူး” ဟု Davis က ၎င်း၏ နိုင်ငံရေးအတွေ့အကြုံအရ ပြောကြားခဲ့သည်။
ကယ်လီဖိုးနီးယား ပြည်နယ်အစိုးရ၏ တာဝန်များ ထပ်တူကျနေခြင်း၊ စီမံအုပ်ချုပ်ရေး ဖွဲ့စည်းပုံ လျော့ရဲနေခြင်း၏ လက်ရှိအခြေအနေသည် သမိုင်းမှ ဆက်ခံလာခြင်းဖြစ်ရာ မြို့အဆင့်၊ ခရိုင်အဆင့် ခေါင်းဆောင်များ၏ အခွင့်အာဏာမှာ အကန့်အသတ်ရှိကြောင်း The New York Times သတင်းဆောင်းပါးတွင် ထောက်ပြခဲ့သည်။ အဓိက နေရာတွင် ဦးဆောင်နိုင်ပြီး အဆိုပါဒေသကို ကိုယ်စားပြုနိုင်သော အစိုးရတစ်ရပ်ဖွဲ့စည်းပြီး ထပ်တူကျနေသော မြူနီစပယ်ကွန်ရက်ကို အစားထိုးရန် ထောက်ခံကြောင်း လော့စ်အိန်ဂျလိစ် မြို့တော်ဝန်ဟောင်းနှစ်ဦးဖြစ်သော Eric Garcetti နှင့် Antonio Villaraigosa တို့က ပြောကြားခဲ့သည်။ သဘာဝကပ်ဘေးသည် ရာသီဥတုပြောင်းလဲမှုကြောင့် အခြေအနေမှာ ပိုမိုအစွန်းရောက်လာသည်နှင့်အမျှ ယင်းပြဿနာမှာ နေ့စဉ်နှင့်အမျှ ပိုမို ကျပ်တည်းလာသည်ဟု ၎င်းတို့က ယူဆခဲ့သည်။
ဇန်နဝါရီ ၁၉ ရက်အထိ “Palisades” တောမီး နှင့် “Eaton” တောမီး၏ ၅၂ ရာခိုင်နှုန်းနှင့် ၈၁ ရာခိုင်နှုန်း မီးအရှိန်အဟုန် အသီးသီးကို ထိန်းချုပ်နိုင်ခဲ့ကြောင်း၊ ယင်းနေရာနှစ်ခု၏ တောမီးလောင်မှုကြောင့် အဆောက်အအုံပေါင်း ၁၄,၀၀၀ ကျော် ပျက်စီးခဲ့ရကြောင်း၊ Pacific Palisades ရပ်ကွက်ရှိ ပိုမိုမြင့်မားသော တောင်ကုန်းပေါ်တွင် နေထိုင်ကြသူများကို အဆိုပါနေ့တွင် အိမ်ပြန်ခွင့်ပြုလိုက်ကြောင်း မီးသတ်ဌာန၏ သတင်းအချက်အလက်ကို ကိုးကား၍ အေပီသတင်းဌာနက သတင်းထုတ်ပြန်ခဲ့သည်။
လော့စ်အိန်ဂျလိစ်ခရိုင်နှင့် Ventura ခရိုင်ရှိ အချို့ဒေသများတွင် ဇန်နဝါရီ ၂၀ ရက် ညနေပိုင်းမှ ဇန်နဝါရီ ၂၁ ရက် နံနက်ပိုင်းအထိ လေပြင်းသက်ရောက်မှုရှိဆဲဖြစ်သည့်ပြင် နှစ်ဝက်ကြာတွင် မိုးရွာသွန်းမှုမရှိခြင်း၊ လေထုအစိုဓာတ်မှာ ခုဂဏန်းအထိ လျော့နည်းနေခြင်းကြောင့် အဆိုပါဒေသ၏ တောမီးလောင်မှု အန္တရာယ်ကို ပိုမိုဆိုးရွားစေကြောင်း အမေရိကန် မိုးလေဝသဌာန၏ သတိပေးချက်အရ သိရသည်။ (Xinhua)
……………………..
(Chinese Version)
美媒批洛杉矶山火暴露政府治理乱象
新华社北京1月20日电 美国《纽约时报》19日刊文指出,洛杉矶山火暴露了大洛杉矶地区治理架构过于分散乃至功能紊乱的弊端,以致公众面临重大灾害时缺乏统一指挥。
大洛杉矶地区指加利福尼亚州南部一片横跨5个县的大都会区,这5个县包括洛杉矶县、奥兰治县、圣贝纳迪诺县、里弗赛德县和文图拉县。美国西海岸最大城市、全美第二大城市洛杉矶即位于大洛杉矶地区。
洛杉矶山火本月初爆发时,洛杉矶市市长卡伦·巴斯正在国外出席加纳总统就职典礼。她回国后,记者追问其为何不顾火灾天气预警出国,巴斯一言不发。相关视频广为流传,巴斯的领导能力因而饱受诟病。
曾为《纽约时报》洛杉矶站负责人的亚当·纳格尼19日在文章中说,重大灾害面前,民众期待强有力的领导人挺身而出,带领他们应对危机,然而巴斯在应对此次山火方面的表现引发公众对其领导力的质疑。
但实际上,巴斯所掌握的权力并不多。洛杉矶市只是洛杉矶县下辖88个城市之一。洛杉矶县由5人组成的监督委员会管理,5人分管洛杉矶县特定领域,在某些施政方面难以避免与巴斯职权重叠。洛杉矶县不仅有县治安官办公室、数十家警察局,还有数十家市政消防部门。长期研究洛杉矶地区政府政治的拉斐尔·索南沙因指出,巴斯若想施展领导力,需要些许“艺术”,找到能让不同治理机构合作的方法,但这很难。
此次山火有多个火场,其中代号为“伊顿”的山火席卷区域超出洛杉矶市政管辖范围,因而由县消防部门牵头应对。在近期一次有关山火的新闻发布会上,巴斯等8名县级、市级政府官员出席。巴斯只负责通报洛杉矶市辖区内代号为“帕利塞兹”的山火情况,“伊顿”山火的灾情则由洛杉矶县一名官员通报。
前加州州长格雷·戴维斯认为,加州地方政府具有管理分散和混乱的特性。戴维斯依据自己的从政经历表示,紧急事态发生后,需有明确职责划分,需要有人指挥并担责,但“我们并不具备这种系统”。
《纽约时报》文章指出,加州政府职权重叠、治理架构松散的现状是历史沿袭而成的,其市级、县级领导人的权力有限。洛杉矶市两名前市长埃里克·加切蒂和安东尼奥·维拉雷戈萨表示,支持组建一个占据主导地位、能代表该地区的政府,取代重叠的市政网络。他们认为,随着自然灾害因气候变化而更趋极端,这一问题日益紧迫。
另据美联社援引消防部门消息报道,截至19日,“帕利塞兹”山火和“伊顿”山火分别有52%和81%的火势已被控制。这两处山火业已摧毁合计超过1.4万座建筑。住在帕西菲克帕利塞兹社区地势较高的山边地带的居民当天已获准回家。
据美国气象部门警告,洛杉矶县和文图拉县部分地区20日下午至21日早晨仍受强风影响,再加上大半年无雨、空气湿度低至个位数,当地燃起野火的危险加剧。(海洋)
图说1:1月11日,消防员在美国加利福尼亚州洛杉矶曼德维尔峡谷的一座山丘顶部观望野火火势。新华社发(邱晨摄)
图说2:1月11日,野火的浓烟和火焰出现在美国加利福尼亚州洛杉矶曼德维尔峡谷的山丘顶部。新华社发(邱晨摄)
图说3:1月10日,在美国加利福尼亚州洛杉矶县阿尔塔迪纳地区,消防员正在努力扑灭山火过后建筑周围的热点区域。新华社发(曾慧摄)