North America
အမေရိကန်နိုင်ငံတွင် လူအုပ်ကြီးအား ကားတစ်စီးဖြင့် ဝင်တိုက်မှုကြောင့် လူ ၁၅ ဦးသေဆုံး၊ သံသယတရားခံ “တစ်ဦးတည်း” မဟုတ်နိုင်ဟု ဆို
ဟူစတန်၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ၊ လူဝီစီယားနားပြည်နယ်၊ နယူးအော်လင်းမြို့တွင် ဒီဇင်ဘာ ၁ ရက် နံနက်အစောပိုင်းက ဖြစ်ပွားခဲ့သော “ရည်ရွယ်ချက်ရှိရှိ” လူအုပ်ကြီးကို ကားဖြင့် ဝင်တိုက်ခြင်းကြောင့် လူ ၁၅ ဦး သေဆုံးခဲ့ကြောင်း ဒေသန္တရ တရားဝင်သတင်းအချက်အလက်အရ သိရသည်။ ပစ်ခတ်ရှင်းလင်းခံခဲ့ရသော သံသယတရားခံမှာ တစ်ဦးတည်းပြစ်မှု ကျူးလွန်သည်ဟု FBI အနေဖြင့် မယူဆကြောင်း အမေရိကန် FBI အရာရှိက ပြောကြားခဲ့သည်။
ယခုအချိန်ထိ သေဆုံးသူ ၁၅ ဦးရှိပြီဖြစ်ကြောင်း၊ အလောင်း ခွဲစိတ်စစ်ဆေးမှုမှာ ရက်အနည်းငယ် လိုအပ်မည်ဖြစ်ပြီးရာ အဆိုပါလုပ်ငန်းပြီးစီးပြီး သေဆုံးသူ၏ မိသားစုဝင်များနှင့် ညှိနှိုင်း တိုင်ပင်ပြီးနောက် သေဆုံးသူ မည်သူမည်ဝါကို ကြေညာမည်ဖြစ်ကြောင်း နယူးအော်လင်း သေမှုသေခင်း စုံစမ်းစစ်ဆေးရေး အရာရှိ Dwight McKenna က အဆိုပါနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။
FBI အနေဖြင့် ဤအမှုသည် ရဲတပ်ဖွဲ့ဝင်များ ပစ်သတ်ခဲ့သည် သံသယတရားခံ Shamsud Din Jabbar တစ်ဦးတည်း လုပ်ဆောင်သည်ဟု မယူဆကြောင်း၊ “တခြားသံသယတရားခံများ” အား စုံစမ်းစစ်ဆေးလျက်ရှိကြောင်း၊ လက်ရှိတွင် “မည်သည့်ဖြစ်နိုင်ခြေကိုမဆို မဖယ်ရှားလိုကြောင်း” FBI နယူးအော်လင်းရုံးခွဲ၏ တာဝန်ခံတစ်ဦးဖြစ်သော Alethea Duncan က သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ Jabbar သည် အမေရိကန် ကြည်းတပ်တွင် စစ်မှုထမ်းဆောင်ခဲ့ဖူးကြောင်း၊ ၎င်း မောင်းနှင်သော ပစ်ကပ်ထရပ်ကားပေါ်တွင် “ISIS” အစွန်းရောက်အဖွဲ့အစည်း အလံအပြင် သေနတ်၊ အဝေးထိန်း ဖောက်ခွဲရေးကိရိယာများနှင့် သက်ဆိုင်ရာ အဝေးထိန်းခလုတ်များကိုလည်း တရားဥပဒေစိုးမိုးရေး တာဝန်ရှိသူများက တွေ့ရှိခဲ့ကြောင်း အမေရိကန် မီဒီယာများ၏ သတင်းများအရ သိရသည်။ ထို့အပြင် ကားတိုက်မှုဖြစ်ပွားခဲ့သော နယူးအော်လင်းနာမည်ကျော် ခရီးသွားနေရာဖြစ်သော ဂျာမနီရပ်ကွက်တွင် အခြား ဖောက်ခွဲရေးကိရိယာများဟု သံသယရှိသောပစ္စည်းများ တွေ့ရှိခဲ့ကြောင်း သိရသည်။
CCTV မှ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၁ ဦးက ရိုးရှင်းသော ဖောက်ခွဲရေးကိရိယာတစ်ခု တပ်ဆင်ခဲ့သည်ကို ရိုက်ကူးမိကြောင်း AP သတင်းဌာနက ထောက်လှမ်းရေး သတင်းရှင်းလင်းချက်ကို ကိုးကား၍ ထုတ်ပြန်ခဲ့သော်လည်း CCTV ထဲမှ လူ ၄ ဦးသည် ဖောက်ခွဲရေးကိရိယာတပ်ဆင်ခြင်းတွင် ပါဝင်ခြင်း မရှိဟု FBI အဖွဲ့ဝင်များက ယူဆကြောင်း CNN က သတင်းထုတ်ပြန်ခဲ့သည်။
လက်ရှိအထိ “ISIS” သို့မဟုတ် အခြားသော အစွန်းရောက်အဖွဲ့အစည်းများက ယခုအကြိမ် ကားတိုက်မှုဖြစ်ရပ်အပေါ် တာဝန်ယူမည့် ကြေညာချက်များ မရှီသေးကြောင်း CBS ၏ သတင်းအရ သိရသည်။ (Xinhua)
……………………………………
(Chinese Version)
美国汽车冲撞人群事件已致15人死亡 嫌疑人恐非“独狼”
新华社休斯敦1月1日电(记者徐剑梅)据当地官方消息,美国路易斯安那州新奥尔良1日凌晨发生的汽车“蓄意”冲撞人群事件已造成至少15人死亡。美国联邦调查局官员表示,联邦调查局不认为被打死的嫌疑人是单独作案。
新奥尔良验尸官德怀特·麦肯纳当天发表声明说:“截至目前,已有15人死亡。”他表示,尸检工作将耗时数天,在完成尸检并征求死者亲属意见后,将公布死者身份。
联邦调查局新奥尔良分局一名负责人阿莱西娅·邓肯在记者会上说,联邦调查局不认为事件是被警方打死的嫌疑人贾巴尔一人所为,正在调查“一系列嫌疑人”,现阶段“不想排除任何可能性”。 综合美国媒体报道,贾巴尔曾在美国陆军服役。在他驾驶的皮卡车上,执法人员不仅发现一面极端组织“伊斯兰国”的旗帜,还发现枪支、至少两个可远程引爆的爆炸装置和相应遥控器。此外,在发生冲撞事件的新奥尔良热门旅游区法国区还发现其他疑似爆炸装置。
美联社援引一份情报简报报道,监控录像拍到3名男子和1名女子在布置一个简易爆炸装置。但美国有线电视新闻网报道说,联邦调查人员认为录像中的4人没有参与放置爆炸装置。
另据哥伦比亚广播公司报道,截至目前,“伊斯兰国”或其他极端组织均未声称对此次冲撞事件负责。(完)
图说:2025年1月1日,应急人员在发生汽车冲撞人群事件的美国新奥尔良市波旁街调查。新华社/美联