Africa & Middle East
အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွားဝင်ရောက်မှုပမာဏ သမိုင်းစံချိန်သစ်တင်
ကိုင်ရို ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
အီဂျစ်နိုင်ငံတွင် ၂၀၂၄ ခုနှစ်အတွင်း ခရီးသွား ဝင်ရောက်မှုပမာဏသည် အကြိမ်ရေ ၁၅.၇ သန်းကျော်ခဲ့ပြီး သမိုင်းစံချိန်သစ်တင်ခဲ့ကြောင်း အီဂျစ်နိုင်ငံဝန်ကြီးချုပ် Mostafa Madbouly က ဇန်နဝါရီလ ၁ ရက်တွင် ပြောကြားခဲ့ကြောင်း သိရသည်။
အဆိုပါကိန်းဂဏန်းသည် စိတ်အားတက်ဖွယ်ဖြစ်စေကြောင်း ဝန်ကြီးချုပ် Mostafa Madbouly က ထိုနေ့ အီဂျစ်နိုင်ငံ အုပ်ချုပ်ရေးမြို့တော်သစ်တွင် ကျင်းပသည့် သတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ၂၀၂၅ ခုနှစ်၌ အီဂျစ်အမျိုးသားပြတိုက် (The Grand Egyptian Museum-GEM) ကို တရားဝင်စတင်ဖွင့်လှစ်သွားမည်ဖြစ်ပြီး အဆိုပါပြတိုက်ဖြင့် ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၈ သန်း ရည်မှန်းချက်ကို ဖော်ဆောင်နိုင်ရန် မျှော်လင့်ကြောင်း ၎င်းကပြောကြားခဲ့သည်။
ခရီးသွားလုပ်ငန်းဝင်ငွေသည် အီဂျစ်နိုင်ငံ၏ အဓိကနိုင်ငံခြားဝင်ငွေအရင်းအမြစ်တစ်ခုဖြစ်ကြောင်း သိရသည်။ အီဂျစ်နိုင်ငံအစိုးရအချက်အလက်များအရ ၂၀၁၉ ခုနှစ်တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၃ သန်းကျော်ခဲ့ကာ ၂၀၂၀ ပြည့်နှစ်တွင် ကိုဗစ်-၁၉ ကပ်ရောဂါ၏ သက်ရောက်မှုကြောင့် တစ်ဟုန်ထိုးကျဆင်းသွားရာမှ တဖြည်းဖြည်းချင်း ပြန်လည်တိုးတက်လာခြင်းဖြစ်သည်။ ၂၀၂၃ ခုနှစ်တွင် အီဂျစ်နိုင်ငံသို့ ခရီးသွားဝင်ရောက်မှုပမာဏ အကြိမ်ရေ ၁၄.၉ သန်း ရှိခဲ့သည်။ (Xinhua)
—————————–
(Chinese Version)
埃及2024年接待游客数量创历史新高
新华社开罗1月1日电(记者姚兵 张健)埃及总理马德布利1月1日表示,2024年埃及接待的游客数量突破1570万人次,创历史新高。
马德布利当天在于埃及新行政首都举行的新闻发布会上说,这一数字“令人鼓舞”。他表示,2025年,大埃及博物馆预计将正式开放,希望埃及能借此实现接待游客1800万人次的目标。旅游收入是埃及主要外汇来源之一。埃及官方数据显示,2019年埃及接待游客超过1300万人次,2020年受新冠疫情影响急剧下滑随后逐步回升。2023年,该国接待游客1490万人次。(完)
图说1:2024年10月19日,游客参观埃及吉萨金字塔景区。
图说2:2024年10月19日,在埃及吉萨金字塔景区,商贩和自己的骆驼合影。