China
တရုတ်နိုင်ငံက ဗနွားတူနိုင်ငံအား အရေးပေါ်ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများ လွှဲပြောင်းပေးအပ်
ပို့သ်ဗီလာ၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
တရုတ်အစိုးရမှ ကူညီထောက်ပံ့သော အရေးပေါ်ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများသည် ဇန်နဝါရီ ၂ ရက်တွင် ဗနွားတူနိုင်ငံ ပို့သ်ဗီလာမြို့သို့ ရောက်ရှိခဲ့ကြောင်း၊ ဗနွားတူနိုင်ငံဆိုင်ရာ တရုတ်သံအမတ် လီမင်ကန်းနှင့် ဗနွားတူနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် Charlot Salwai တို့ ကယ်ဆယ်ရေးအထောက်အကူပစ္စည်းများ လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရသည်။
လွှဲပြောင်းပေးအပ်ပွဲအခမ်းအနားတွင် Salwai က တရုတ်နိုင်ငံအား လှိုက်လှဲစွာ ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ အရေးကြုံသောအခက်အတန့်တွင် တရုတ်နိုင်ငံ၏ ကူညီပံ့ပိုးမှုက နှစ်နိုင်ငံ၏ နက်ရှိုင်းသော ချစ်ကြည်ရေးကို ပြသနေကြောင်း၊ ဗနွားတူနိုင်ငံအနေဖြင့် ဤအထောက်အပံ့ပစ္စည်းများကို ကောင်းမွန်စွာအသုံးပြုသွားမည်ဖြစ်ပြီး သဘာဝဘေးသင့်ပြည်သူလူထုထံ အမြန်ဆုံး ပေးပို့မည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
လီမင်ကန်းက မကြာသေးမီရက်က ဗနွားတူနိုင်ငံတွင် ပြင်းထန်စွာ ငလျင်လှုပ်ခတ်မှုကြောင့် ကြီးမားသော ဆုံးရှုံးမှုများဖြစ်ပေါ်ပြီး မိတ်ဆွေကောင်း၊ ညီအစ်ကိုကောင်း အနေဖြင့် တရုတ်နိုင်ငံသည် ထပ်တူခံစားရကာ ဗနွားတူနိုင်ငံထံ ကယ်ဆယ်ရေးအထောက်အကူပစ္စည်းတစ်သုတ် အရေးပေါ်ပို့ဆောင်ခဲ့ရာ ဗနွားတူနိုင်ငံ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးမည်ဟု မျှော်လင့်ကြောင်း၊ တရုတ်နိုင်ငံသည် ဗနွားတူနိုင်ငံ သဘာဝဘေးပြီးနောက် ပြန်လည်ထူထောင်ရေးတွင်လည်း ဆက်လက်၍ အကူအညီများကို တတ်နိုင်သမျှ ပေးအပ်သွားရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။
ယခုအကြိမ် လေယာဉ်တစ်စင်းလုံးတွင် မိုးကာတဲ၊ ခေါက်ကုတင်၊ ရေသန့်စင်ရေးကိရိယာ၊ အရေးပေါ်စားနပ်ရိက္ခာ၊ ဆေးကုသရေးပစ္စည်းများ စသည်တို့အပါအဝင် အထောက်အကူပစ္စည်းများ ၃၅ တန် တင်ဆောင်လာကြောင်း သိရသည်။
တောင်ပစိဖိတ်ကျွန်းနိုင်ငံ ဗနွားတူနိုင်ငံအနီး ပင်လယ်ရေပြင်တွင် ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၁၇ ရက်က ပြင်အား ၇.၃ အဆင့်ရှိသော ငလျင်လှုပ်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၄ ဦး သေဆုံးခဲ့ပြီး လူပေါင်း ၂၀၀ ကျော် ဒဏ်ရာရခဲ့ကြောင်း၊ မြို့ပြအခြေခံအဆောက်အအုံများ ပြင်းထန်စွာပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)
…………………………….
(Chinese Version)
中国向瓦努阿图交付紧急救灾物资
新华社维拉港1月2日电(记者郭鑫惠 龙雷)中国政府援瓦努阿图的紧急救灾物资2日抵达瓦努阿图首都维拉港。中国驻瓦努阿图大使李名刚和瓦努阿图看守政府总理萨尔维出席救灾物资交接仪式。
萨尔维在交付仪式上向中方致以诚挚感谢。他表示,中方在关键时刻伸出援手,体现两国深情厚谊。瓦方将妥善使用该批物资,确保尽早送抵受灾民众。
李名刚说,近日强震使瓦努阿图遭受巨大损失,作为好朋友、好兄弟,中方感同身受,紧急向瓦运送一批救灾物资,希能助瓦纾难解困。中方愿继续为瓦灾后重建提供力所能及的帮助。
据了解,本次包机运载35吨物资,包括帐篷、折叠床、净水设备、应急食品、医疗用品等。
南太平洋岛国瓦努阿图附近海域2024年12月17日发生7.3级地震,造成至少14人丧生,200多人受伤,城市基础设施受损严重。(完)
图说 1:这是1月2日在瓦努阿图首都维拉港拍摄的救灾物资交接仪式。新华社记者 龙雷 摄
图说 2:1月2日,在瓦努阿图首都维拉港,工作人员在搬运中国政府援助的救灾物资。新华社记者 龙雷 摄