China
တရုတ်နိုင်ငံက ချန်းဖန် ဝင်ရိုးစွန်းပတ်လမ်း ၀၆ ဂြိုဟ်တုအုပ်စု အောင်မြင်စွာ လွှတ်တင်
ထိုက်ယွမ်၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ထိုက်ယွမ်ဂြိုဟ်တုလွှတ်တင်ရေးစင်တာက Long March-6 ပြုပြင်ပြောင်းလဲထားသော သယ်ဆောင်ရေးဒုံးပျံကိုအသုံးပြုပြီး ချန်းဖန် ဝင်ရိုးစွန်းပတ်လမ်း ၀၆ ဂြိုဟ်တုအုပ်စုကို အာကာသအတွင်းသို့ ဇန်နဝါရီ ၂၃ ရက် ဒေသစံတော်ချိန် နေ့လယ် ၁ နာရီ ၁၅ မိနစ်တွင် အောင်မြင်စွာ လွှတ်တင်ခဲ့ရာ ဂြိုဟ်တုသည် သတ်မှတ်ဂြိုဟ်ပတ်လမ်းသို့ ရောက်ရှိသွားပြီဖြစ်၍ ဂြိုဟ်တုလွှတ်တင်ရေးလုပ်ငန်း အပြည့်အဝအောင်မြင်မှုရရှိခဲ့ကြောင်း သိရသည်။
ယခုအကြိမ်လွှတ်တင်ရေးလုပ်ငန်းသည် Long March စီးရီး သယ်ဆောင်ရေးဒုံးပျံများ၏ ၅၅၇ ကြိမ်မြောက် ပျံသန်းခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)
………………………………………..
(Chinese Version)
我国成功发射千帆极轨06组卫星
太原,2025年1月23日
1月23日13时15分,我国在太原卫星发射中心使用长征六号改运载火箭,成功将千帆极轨06组卫星发射升空,卫星顺利进入预定轨道,发射任务获得圆满成功。
这次任务是长征系列运载火箭的第557次飞行。 新华社发(郑逃逃 摄)