Connect with us

Africa & Middle East

Hot Q&A | ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း စစ်ရေးလှုပ်ရှားမှုများကို အစ္စရေး စစ်တပ် အဘယ်ကြောင့် တိုးမြှင့်ရသနည်း

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း Jenin မြို့တွင် ကင်းလှည့်နေသော အစ္စရေး စစ်မော်တော်ယာဉ်အား ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရာမာလာ၊ ဇန်နဝါရီ ၂၄ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသ အပစ်ရပ်ရေးနှင့် အကျဉ်းသားလဲလှယ်ရေး သဘောတူစာချုပ်သည် ဇန်နဝါရီ ၁၉ ရက်တွင် တရားဝင် အသက်ဝင်ခဲ့သည်။ အစ္စရေးစစ်တပ်က ရက်ပေါင်းဆက်တိုက် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဒေသတွင် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်လုပ်ဆောင်ခြင်းကြောင့် ပါလက်စတိုင်းသားများ သေဆုံးဒဏ်ရာရခြင်းအပေါ် ရှုတ်ချကြောင်း အီဂျစ်၊ အီရတ် စသည့် နိုင်ငံများက ပြောကြားခဲ့သည်။ ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း၏နောက်ဆုံးအခြေအနေ မည်သို့ရှိသနည်း။ အစ္စရေးစစ်တပ်က အဘယ်ကြောင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းမြို့ Jenin တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့် ဆောင်ရွက်ရသနည်း။ ဤလုပ်ရပ်က ပါလက်စတိုင်း-အစ္စရေး အခြေအနေနှင့် ဂါဇာအပစ်ရပ်ရေး သဘောတူညီချက် ဖော်ဆောင်မှုအပေါ် မည်သို့သက်ရောက်မှု ရှိသနည်း။

ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း၏ နောက်ဆုံးအခြေအနေ မည်သို့ ရှိသနည်း

အစ္စရေးကာကွယ်ရေးတပ်၊ လုံခြုံရေးတပ်ဖွဲ့နှင့် ရဲတပ်ဖွဲ့ဝင်များက Jenin တွင် “Iron Wall” စစ်ရေးလှုပ်ရှားမှု အကြီးအကျယ် လုပ်ဆောင်နေကြောင်း အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက ဇန်နဝါရီ ၂၁ ရက်တွင် ပြောကြားခဲ့ကြောင်း အစ္စရေးမီဒီယာ《The Jerusalem Post》သတင်းအရ သိရသည်။

အစ္စရေးစစ်တပ်က ဇန်နဝါရီ ၂၁ ရက်တွင် စစ်မော်တော်ယာဉ်အများအပြားဖြင့် Jenin မြို့နှင့် Jenin ဒုက္ခသည်စခန်းကို လျှပ်တစ်ပြက် တိုက်ခိုက်ခဲ့ကြောင်း ပါလက်စတိုင်း လုံခြုံရေးဌာန သတင်းရင်းမြစ် တစ်ဦးက ဆိုသည်။ အစ္စရေး ဒရုန်းယာဉ်က Jenin ဒုက္ခသည်စခန်းရှိ မော်တော်ယာဉ်တစ်စီးအား တိုက်ခိုက်ခဲ့သလို အစ္စရေးစစ်ရဟတ်ယာဉ်ကလည်း ယင်းဒေသ လူနေအိမ်များကို ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇန်နဝါရီ ၂၂ ရက်က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက်ပြုလုပ်ခဲ့ကြောင်း၊ Jenin မြို့နှင့် Jenin ဒုက္ခသည်စခန်းရှိ လမ်းအများအပြားကို ဖျက်ဆီးပြီး လူနေအိမ်ခေါင်မိုးပေါ်တွင် စနိုက်ပါများ ဖြန့်ကြက်ထားသလို ရဟတ်ယာဉ်နှင့် ဒရုန်းယာဉ်များ Jenin မြို့အထက်တွင် ပျံဝဲနေခဲ့ကြောင်း ဒေသခံ မျက်မြင်သက်သေတစ်ဦးက ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။

ဇန်နဝါရီ ၂၁ ရက်မှစ၍ Jenin မြို့နှင့် Jenin ဒုက္ခသည်စခန်းကို ပစ်မှတ်ထားသည့် အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုများကြောင့် ပါလက်စတိုင်းအနည်းဆုံး ၁၂ ဦး သေဆုံးခဲ့သလို လူပေါင်း ဒါဇင်နှင့်ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၃ ရက်တွင် ကြေညာခဲ့သည်။

အစ္စရေးစစ်တပ်က အဘယ်ကြောင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း မြောက်ပိုင်းမြို့ Jenin တွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့် ဆောင်ရွက်ရသနည်း

Jenin တွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်ဆောင်ရွက်ခြင်းသည် ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း လုံခြုံရေး၏ ရည်မှန်းချက်အသစ်နှင့် ဆက်စပ်သည်ဟု နေတန်ယာဟုက ပြောကြားခဲ့ကြောင်း အစ္စရေးသတင်းမီဒီယာများက ဖော်ပြခဲ့သည်။

လက်ရှိ လက်ဘနွန်-အစ္စရေးအပစ်ရပ်ရေးသဘောတူညီချက်နှင့် ဂါဇာအပစ်ရပ်ရေး သဘောတူညီချက် ရရှိထားသည့် အခြေအနေတွင် အစ္စရေး၏ ယခုအကြိမ်လှုပ်ရှားသည့် ရည်ရွယ်ချက်မှာ ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) နှင့် အခြားအဖွဲ့အစည်းများက ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းမှာ “ပြဿနာရှာခြင်း” ကို တားဆီးရန် ဖြစ်ကြောင်း အစ္စရေးကာကွယ်ရေးဝန်ကြီး Israel Katz ၏ ပြောကြားချက်ကို ကိုးကား၍ အစ္စရေးမီဒီယာများက ဖော်ပြထားပါသေးသည်။

ဂါဇာအပစ်ရပ်ရေး သဘောတူညီချက်ကို အစ္စရေးအစိုးရခွင့်ပြုလိုက်ခြင်းက နေတန်ယာဟု ဦးဆောင်သည့် ညွန့်ပေါင်းအစိုးရအဖွဲ့ရှိ အဖွဲ့ဝင်အချို့၏ ပြင်းပြင်းထန်ထန် ဆန့်ကျင်မှုကို ခံခဲ့ရရာ ညွန့်ပေါင်းအဖွဲ့ တည်ငြိမ်ရေးအပေါ် စိန်ခေါ်မှု ဖြစ်စေခဲ့ကြောင်း အစ္စရေး အမျိုးသားလုံခြုံရေးသုတေသနဌာန အစီအရင်ခံစာတွင် ထောက်ပြထားသည်။ လက်ယာစွန်းရောက် နိုင်ငံရေးပါတီ၏ ဝန်ကြီးအချို့က အပစ်ရပ်ရေးသည် အနာဂတ်လုံခြုံရေးအပေါ် ခြိမ်းခြောက်နိုင်သည့် အလားအလာ ဖြစ်စေသည်ဟု ယူဆရာ အစ္စရေး ကာကွယ်ရေးတပ်၏ ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းလှုပ်ရှားမှုများကို တိုးချဲ့ဆောင်ရွက်ရန် တောင်းဆိုခဲ့သည်။

နိုင်ငံတကာအကျပ်အတည်းရေးရာအဖွဲ့ (ICG) သုတေသီ Tahani Mustafa က အစ္စရေးစစ်တပ်၏ စစ်ရေးလှုပ်ရှားမှုသည် ပါလက်စတိုင်း-အစ္စရေးအခြေအနေကို တိုက်ရိုက် သို့မဟုတ် သွယ်ဝိုက်စွာ မွှေနှောက်မည် ဖြစ်ရာ ပါလက်စတိုင်း လွတ်လပ်သော နိုင်ငံတည်ထောင်ရေးအား တားဆီးသည့် ၎င်း၏ ရည်မှန်းချက်နှင့် ကိုက်ညီသည်ဟု ယူဆသည်။

ဖုသန့် တက္ကသိုလ် အရှေ့အလယ်ပိုင်းရေးရာ သုတေသနစင်တာ ညွှန်ကြားရေးမှူး စွန်းတယ်ကန်းက ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် အစ္စရေးစစ်တပ် စစ်ရေးလှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်နေခြင်းသည် အမေရိကန် အစိုးရသစ်၏ ၎င်းအပေါ် ပံ့ပိုးမှုဖြင့် “လက်နက်အင်အားဖြင့် ဖိနှိပ်” သည့် အနေအထားကို ထိန်းထားပြီး ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ပါလက်စတိုင်းနယ်နိမိတ်အား တစ်စတစ်စ ဝါးမျိုသည့် ရည်ရွယ်ချက်ကို ဖော်ဆောင်ရန်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ဂျော်ဒန်မြစ်အနောက်ဖက်ကမ်း အခြေအနေ အရှိန်အဟုန် မြင့်တက်မှုက မည်သို့သောသက်ရောက်မှု ရှိသနည်း

ဂါဇာကမ်းမြောင်အပစ်ရပ်ရေး သဘောတူညီချက် ပထမအဆင့်ကို ဖော်ဆောင်နေသည့် “အရေးကြီးကာလ” တွင် အစ္စရေးစစ်တပ်က ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် စစ်ရေးလှုပ်ရှားမှုများ တိုးမြှင့်လုပ်ဆောင်ခြင်းက ပါလက်စတိုင်း-အစ္စရေး နှစ်ဖက်အကြား “လျော့ရိလျော့ရဲ” ဖြစ်နေသည့် နိုင်ငံရေး အပြန်အလှန်ယုံကြည်မှု ဖျက်ဆီးပြီး ပါလက်စတိုင်း-အစ္စရေး အခြေအနေ မရေရာမှု ထပ်တိုးများပြားစေမည်ကို စိုးရိမ်ရသည်ဟု သုံးသပ်သူများက ယူဆကြသည်။

ယခင်က ဂါဇာကမ်းမြောင်ဒေသတွင် ဟားမက်စ်များအား တိုက်ခိုက်ခြင်း ဖြစ်စေ၊ ရက်ပေါင်းဆက်တိုက် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်းတွင် “ပဋိပက္ခသစ်” ဖန်တီးခြင်း ဖြစ်စေ အားလုံးသည် အစ္စရေးအနေဖြင့် “ပါလက်စတိုင်းသားများ လက်တွေ့ထိန်းချုပ်သည့်နယ်မြေ ကျုံ့သွား” သည်ကို လက်တွေ့ဖြစ်စေရန် “ဖန်တီးခြင်း” ဖြစ်ပြီး ပါလက်စတိုင်း လွတ်လပ်သော နိုင်ငံတည်ထောင်ရေးကို တားဆီးရန် ဖြစ်ကြောင်း စွန်းတယ်ကန်းက ပြောကြားခဲ့သည်။
ဂျော်ဒန်မြစ်အနောက်ဖက်ကမ်းတွင် အခြေအနေအရှိန်အဟုန်မြင့်တက်အောင် အစ္စရေးစစ်တပ် လုပ်ဆောင်ခြင်း၏ ရည်ရွယ်ချက်မှာ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖျက်ဆီးရန်နှင့် ဂျော်ဒန်မြစ် အနောက်ဖက်ကမ်း ဂျူးလူမျိုးနေထိုင်ရာ နေရာအား ဆက်လက် တိုးချဲ့ရန် ဖြစ်ကြောင်း ပါလက်စတိုင်း နိုင်ငံရေး လေ့လာသုံးသပ်သူ Mustafa Barghouti က ယူဆသည်။ (Xinhua)


……………………………
(Chinese Version)
热点问答丨以军缘何加强在约旦河西岸军事行动
新华社拉姆安拉1月24日电 热点问答丨以军缘何加强在约旦河西岸军事行动
新华社记者段敏夫 陈君清 汪强
加沙地带停火换俘协议19日正式生效。连日来,以色列军队在约旦河西岸地区持续开展军事行动,造成巴勒斯坦人员伤亡,埃及、伊拉克等国家对此表示谴责。约旦河西岸最新局势如何?以军缘何在约旦河西岸北部城市杰宁加强军事行动?此举对巴以局势和加沙停火协议执行影响几何?
约旦河西岸最新局势如何
据以色列媒体《耶路撒冷邮报》报道,以总理内塔尼亚胡21日表示,以色列国防军、安全部队和警察在杰宁开展代号为“铁墙”的大规模军事行动。
巴勒斯坦安全部门消息人士透露,以军21日出动大量军车突袭杰宁市和杰宁难民营。以军无人机在杰宁难民营袭击了一辆汽车,以军直升机也向该地区的房屋开火。
当地目击者告诉新华社记者,以军22日在约旦河西岸持续开展军事行动,摧毁了杰宁市和杰宁难民营的多条道路,并在居民楼顶部署狙击手,直升机和无人机在杰宁上空盘旋。   巴勒斯坦卫生部23日宣布,21日以来,以军针对杰宁市和杰宁难民营的军事行动已造成至少12名巴勒斯坦人死亡,数十人受伤。
以军缘何在杰宁加强军事行动
据以色列媒体报道,内塔尼亚胡表示,以军在杰宁加强军事行动与加强约旦河西岸安全的新目标相关。以媒还援引以色列国防部长卡茨的话说,在当前达成黎以停火协议和加沙停火协议的情况下,以军此次行动的目的是阻止巴勒斯坦伊斯兰抵抗运动(哈马斯)和其他组织在约旦河西岸“制造麻烦”。
以色列国家安全研究所分析报告指出,以色列政府批准加沙停火协议遭到了内塔尼亚胡领导的执政联盟一些内阁成员的强烈抵制,对联盟稳定性构成了挑战。极右翼政党的一些部长认为停火对未来安全构成潜在威胁,要求扩大以色列国防军在约旦河西岸的行动。
国际危机组织研究员塔哈妮·穆斯塔法认为,以军的军事行动将直接或间接搅动巴以局势,符合其阻止巴勒斯坦独立建国的目标。
复旦大学中东研究中心主任孙德刚表示,以军在约旦河西岸持续开展军事行动,旨在借助美国新政府对其的支持保持“武力打压”态势,以达到蚕食约旦河西岸巴勒斯坦领土的目的。
西岸局势升级影响几何
分析人士认为,加沙地带停火协议第一阶段正处于执行的“关键阶段”,以军在约旦河西岸加强军事行动恐破坏巴以双方“羸弱”的政治互信,给巴以局势增添更多不确定性。   孙德刚表示,无论是此前在加沙地带打击哈马斯,还是连日来在约旦河西岸制造“新矛盾”,以色列均希望通过“营造”一种“巴勒斯坦人实际控制的土地在萎缩”的既成事实,阻止巴勒斯坦实现独立建国。   巴勒斯坦政治分析人士穆斯塔法·巴沙拉特认为,以军在约旦河西岸挑起局势升级旨在破坏“两国方案”并继续在约旦河西岸扩张犹太人定居点。(完)
1. 1月21日,在约旦河西岸城市杰宁,以色列军用车辆在街头巡逻。新华社发(艾曼·诺巴尼 摄)