North America
အမေရိကန်နိုင်ငံ၌ မထုတ်လုပ်ပါက ကြီးမားသော သွင်းကုန်စည်းကြပ်ခွန် ပေးဆောင်ရမည်ဟု ထရမ့် ပြောကြား
ဆွစ်ဇာလန် ဒါဗို့စ်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
အကယ်၍ အမေရိကန်နိုင်ငံ၌ ကုန်ပစ္စည်းမထုတ်လုပ်ပါက “ဒေါ်လာ ဘီလီယံ ရာနှင့်ချီ သို့မဟုတ် ဒေါ်လာ ထရီယံနှင့်ချီသော” သွင်းကုန် စည်းကြပ်ခွန်များနှင့် ရင်ဆိုင်ရမည်ဟု အမေရိကန်နိုင်ငံ သမ္မတ ထရမ့်က ဇန်နဝါရီ ၂၃ ရက်တွင် ၂၀၂၅ ခုနှစ် ကမ္ဘာ့စီးပွားရေးဖိုရမ် နှစ်ပတ်လည်အစည်းအဝေး ဗီဒီယိုမိန့်ခွန်း၌ ပြောကြားခဲ့သည်။
ထရမ့်က ကမ္ဘာတစ်ဝန်း ကုမ္ပဏီလုပ်ငန်းများထံ ၎င်းပေးလိုသော သတင်းစကားမှာ “ကုန်ပစ္စည်းများကို အမေရိကန်၌ ထုတ်လုပ်ပါ” သို့မဟုတ်လျှင် အတိုင်းအတာမတူသော သွင်းကုန်စည်းကြပ်ခွန်များ ပေးဆောင်ရမည်ဖြစ်ပြီး ယင်းက အမေရိကန်နိုင်ငံ ဘဏ္ဍာအတွင်းသို့ ဒေါ်လာ ဘီလီယံ ရာနှင့်ချီ သို့မဟုတ် ဒေါ်လာ ထရီယံနှင့်ချီ ဝင်လာစေမည်ဟု ပြောကြားခဲ့သည်။ အမေရိကန်နိုင်ငံ၌ ထုတ်လုပ်သော ထုတ်ကုန်များ၏ ကုမ္ပဏီလုပ်ငန်းအခွန်ကို ၁၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမည်ဖြစ်ကြောင်း ၎င်းက ကတိပေးခဲ့သည်။
တစ်ချိန်တည်းမှာပင် ထရမ့်က အီးယူ၏ သွင်းကုန် စည်းကြပ်ခွန်အလွန်မြင့်မားကြောင်း၊ ကြီးကြပ်ကန့်သတ်မှု အလွန်တင်းကျပ်ကြောင်း၊ အမေရိကန် ကုန်သွယ်မှုလိုငွေ အလွန်ကြီးမားကြောင်း ဝေဖန်ခဲ့သည်။ ယင်းနှင့်ပတ်သက်၍ အစီအမံများလုပ်ဆောင်မည်ကြောင်း၊ အကြောင်းရင်းမှာ “အမေရိကန်အပေါ် အလွန့် အလွန်ပင် မမျှတသောကြာင့်” ဖြစ်သည်ဟု ၎င်းက ပြောကြားခဲ့သည်။
အမေရိကန်အနေဖြင့် ဥရောပသို့ သဘာဝဓာတ်ငွေ့ ပေးပို့ခြင်းကို အာမခံမှုရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းရာတွင် ထရမ့်က အခိုင်အမာ ပြန်လည်ဖြေကြားခဲ့သည်။ ၎င်းက အီးယူနှင့် စွမ်းအင်ဆိုင်ရာ သဘောတူညီချက် ရရှိခဲ့ပြီ ဖြစ်ပြီး အမေရိကန်နိုင်ငံမှ အီးယူသို့ ပို့ဆောင်သော သဘာဝဓာတ်ငွေ့ရည်၏ အရေးပါမှုကို ၎င်းက အလေးအနက် ပြောကြားခဲ့သည်။ ကမ္ဘာ့ရေနံဈေးကွက်ကိုလည်း ကျယ်ကျယ်ပြန့်ပြန့် ကြားဝင်ဆောင်ရွက်ရန် စီစဉ်ထားကြောင်း ထရမ့်က ပြောကြားခဲ့သလို ဆော်ဒီအာရေဗျနိုင်ငံ စသည့် ရေနံတင်ပို့ရောင်းချသော နိုင်ငံများအဖွဲ့ (အိုပက်)ကိုလည်း “ရေနံစရိတ် လျှော့ချရန်” တိုက်တွန်းခဲ့သည်။
ရုရှား- ယူကရိန်း ပဋိပက္ခနှင့် ပတ်သက်၍ ထရမ့်က အမေရိကန်နိုင်ငံအနေဖြင့် ပဋိပက္ခ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရေး ရရှိစေရန် ကြိုးပမ်းသွားမည်ဟု ပြောကြားခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
特朗普:不在美国生产就要缴纳巨额关税
新华社瑞士达沃斯1月23日电(记者郭爽 陈文仙)美国总统特朗普23日在世界经济论坛2025年年会上发表视频讲话时表示,如果不在美国生产产品,就将面临“数千亿美元甚至数万亿美元”关税。
特朗普说,他要向全球企业传达的信息是“到美国生产产品”,否则就必须缴纳不同数额的关税,这将导致数千亿美元甚至数万亿美元进入美国国库。他还承诺将在美国生产产品的企业税降至15%。
特朗普同时批评欧盟关税太高,监管限制性太强,与美国贸易逆差太大。他表示将对此采取措施,因为这“对美国非常非常不公平”。
当被问及美国是否会保证对欧洲的天然气供应时,特朗普作出了肯定的答复。他表示将与欧洲达成能源协议,并强调美国向欧盟输送液化天然气的重要性。特朗普还表示计划大规模干预世界石油市场,并呼吁沙特阿拉伯等石油输出国组织(欧佩克)国家“降低石油成本”。
关于俄乌冲突,特朗普表示,美国将努力确保冲突得到和平解决。(完)
图说:1月23日,人们在瑞士达沃斯举办的世界经济论坛2025年年会上观看美国总统特朗普发表视频讲话。新华社记者 彭子洋 摄