North America
ပြည်ပအကူအညီပေးမှု အများစုအား အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန ဆိုင်းငံ့
ဝါရှင်တန်၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၂၄ ရက်တွင် လက်ရှိပြည်ပအကူအညီပေးမှု စီမံကိန်းအများစုအား ရက် ၉၀ ကြာ ဆိုင်းငံ့လိုက်ကြောင်း အမေရိကန် 《Politico》 စသည့် မီဒီယာများ၏ သတင်းဖော်ပြချက်အရ သိရသည်။
အမေရိကန် နိုင်ငံခြားရေးဝန်ကြီး မာကို ရူဘီရိုက ဇန်နဝါရီ ၂၄ ရက်တွင် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ထမ်းများနှင့် နိုင်ငံအသီးသီးရှိ အမေရိကန် သံတမန်ဝန်ထမ်းများအား ပေးပို့သည့် စာချွန်လွှာတွင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၏ လက်ရှိ ပြည်ပအကူအညီပေးမှု စီမံကိန်းအများစုအား ရက် ၉၀ ကြာ ချက်ချင်း ဆိုင်းငံ့ရန် အမိန့်ပေးလိုက်ကြောင်း အမေရိကန် 《Politico》နှင့် ဗြိတိန်《The Guradian》တို့၏ သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါစာချွန်လွှာသည် အမေရိကန်က ပြည်ပအကူအညီပေးမှုစီမံကိန်းများအား “လုပ်ငန်းရပ်တန့်ရန်အမိန့်” နှင့်သက်ဆိုင်ပြီး ချက်ချင်းအသက်ဝင်မည်ဖြစ်ကြောင်း သိရသည်။
အဆိုပါစာချွန်လွှာအရ အမေရိကန်သည် အီဂျစ်နှင့် အစ္စရေးအပေါ် စစ်ရေးငွေကြေးကူညီမှုများ၊ ပြည်ပ အရေးပေါ်စားနပ်ရိက္ခာငွေကူညီမှုနှင့် လက်ရှိပြည်ပကူညီမှုစီမံကိန်းများတွင် ယင်းစာချွန်လွှာ စတင်အသက်မဝင်ခင် ပေါ်ထွက်လာသော “တရားဝင်အသုံးစရိတ်” များအား ဆက်လက်ထောက်ပံ့ပေးနိုင်ကြောင်း၊ ထို့ပြင် မည်သည့် စီမံကိန်းအသစ်နှင့် ရှိရင်းစွဲစီမံကိန်းများ ဆက်လက်ဆောင်ရွက်ရန် လိုအပ်သည့် ငွေကြေးများကို ယင်းစီမံကိန်းများ စိစစ်မှုလုပ်ငန်းစဉ် ပြီးဆုံး၍ အဆိုပါစီမံကိန်းများသည် “သမ္မတ ထရမ့်၏ (နိုင်ငံခြားရေးမူဝါဒ) လုပ်ငန်းစဉ်နှင့် ကိုက်ညီသည်” ဟု အတည်ပြုပြီးသည်အထိ ထုတ်ပေးခြင်းမပြုရဟု သိရသည်။
စိစစ်သည့်လုပ်ငန်းစဉ်ပြီးနောက် သက်ဆိုင်ရာစီမံကိန်းအား “ဆက်လက်လုပ်ဆောင်မည်၊ ပြုပြင်မည် သို့မဟုတ် ရပ်ဆိုင်းမည်” ကို မာကို ရူဘီရိုက ဆုံးဖြတ်မည်ဟု စာချွန်လွှာတွင် ဖော်ပြထားသည်။
အဆိုပါစာချွန်လွှာတွင် အမေရိကန်က ယူကရိန်းအပေါ် စစ်ရေးနှင့် စီးပွားရေး စသည့် ကူညီမှုစီမံကိန်းများအား မည်ကဲ့သို့ဖြေရှင်းမည်ကို အတိအလင်းဖော်ပြထားခြင်းမရှိကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ အဆိုပါစာချွန်လွှာသည် အမေရိကန်က ယူကရိန်း စသည့် “အဓိကမဟာမိတ်” များအပေါ် ကူညီမှုကို “ရပ်ဆိုင်းသွားနိုင်သည်” ဟုလက်ရှိ အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိနှင့် ယခင် ဘိုင်ဒန်အစိုးရအရာရှိ နှစ်ဦး၏ပြောကြားချက်ကို ကိုးကား၍ 《Politico》တွင် သတင်းဖော်ပြထားသည်။ (Xinhua)
………………………….
(Chinese Version)
美国务院暂停绝大多数对外援助
新华社华盛顿1月24日电(记者邓仙来)据美国《政治报》等媒体报道,美国务院24日暂停现有绝大多数对外援助项目,时长为90天。
美国《政治报》和英国《卫报》等报道说,美国务卿鲁比奥当天在发送给国务院职员及美各驻外使领馆外交人员的一份备忘录中,命令立即暂停国务院现有绝大多数对外援助项目,时长为90天。该备忘录是事关美国对外援助项目的“停止工作令”,立即生效。
按照该备忘录,美国对埃及和以色列的军事援助资金、对外紧急食品援助资金以及现有对外援助项目中于该备忘录生效前产生的“合法费用”可以继续发放,此外,任何新项目和延续现有项目所需的资金均不得发放,直至针对这些项目的审查程序结束且确认其“符合总统特朗普的(外交政策)议程”。
备忘录写道,鲁比奥将在审查程序结束后决定是否“延续、修改或终止”相关项目。
据报道,该备忘录未明确提及将如何处置美国对乌克兰的军事和经济等援助项目。《政治报》援引一名美国务院现任官员和两名前拜登政府官员的话说,该备忘录“似乎将叫停”美国对乌克兰等“关键盟友”的援助。(完)
图说: 1月19日,人们从美国华盛顿的国会大厦前走过。新华社记者 吴晓凌 摄