Africa & Middle East
ယီမင် ဟူသီလက်နက်ကိုင်များက ကုလသမဂ္ဂ ဝန်ထမ်းများအား ထပ်မံဖမ်းဆီးထိန်းသိမ်း
ကိုင်ရို၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ယီမင် ဟူသီလက်နက်ကိုင်များက ကုလသမဂ္ဂ ဝန်ထမ်းများအား ထပ်မံဖမ်းဆီး ထိန်းသိမ်းလိုက်သောကြောင့် ကုလသမဂ္ဂသည် ယီမင် ဟူသီလက်နက်ကိုင်များ ထိန်းချုပ်ရာဒေသအတွင်း တရားဝင်လှုပ်ရှားမှုအားလုံးကို ယာယီရပ်ဆိုင်းလိုက်ပြီဖြစ်ကြောင်း ကုလသမဂ္ဂ အဖွဲ့အစည်းက ဇန်နဝါရီ ၂၄ ရက်တွင် ပြောကြားခဲ့သည်။
ယီမင် ဟူသီလက်နက်ကိုင်များက ဇန်နဝါရီ ၂၃ ရက်တွင် ၎င်းတို့ထိန်းချုပ်သည့်ဒေသအတွင်း လုပ်ကိုင်လျက်ရှိသော ကုလသမဂ္ဂဝန်ထမ်းများကို ထပ်မံဖမ်းဆီးထိန်းသိမ်းလိုက်ကြောင်း ယီမင်နိုင်ငံဆိုင်ရာ ကုလသမဂ္ဂ ဌာနေညှိနှိုင်းရေးမှူးနှင့် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးမှူးရုံးခန်းက ဇန်နဝါရီ ၂၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။ ဝန်ထမ်းအားလုံး ဘေးကင်းလုံခြုံမှုကို အာမခံပေးနိုင်ရန်အတွက် ကုလသမဂ္ဂသည် အဆိုပါအဖွဲ့အစည်းထိန်းချုပ်သည့် ဒေသအတွင်း တရားဝင်လှုပ်ရှားမှု အားလုံးကို ယာယီရပ်ဆိုင်းလိုက်သည်ဟု ဆိုသည်။
ကုလသမဂ္ဂအရာရှိများသည် ယီမင် ဟူသီလက်နက်ကိုင် အဆင့်မြင့်ကိုယ်စားလှယ်များနှင့် ထိတွေ့လျက်ရှိပြီး အဆိုပါအဖွဲ့အစည်းက ဖမ်းဆီးထိန်းသိမ်းထားသော ကုလသမဂ္ဂဝန်ထမ်းနှင့် ဆက်စပ်ဝန်ထမ်းအားလုံးကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုထားကြောင်း ထုတ်ပြန်ချက်တွင် ထောက်ပြထားသည်။
ထို့အပေါ် ဟူသီလက်နက်ကိုင်အဖွဲ့ဘက်က လက်ရှိတွင် တုံ့ပြန်မှုမရှိသေးပေ။
ဟူသီလက်နက်ကိုင်အဖွဲ့သည် ဇန်နဝါရီ ၂၃ ရက် ညပိုင်းတွင် ကုလသမဂ္ဂ နိုင်ငံတကာ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)၊ ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) စသည့် ကုလသမဂ္ဂ အဖွဲ့အစည်းများတွင် လုပ်ကိုင်လျက်ရှိသည့် ယီမင်နိုင်ငံဝန်ထမ်း ၇ ဦးထက်မနည်းကို ဖမ်းဆီးသွားကြောင်း ယီမင်နိုင်ငံအစိုးရ သတင်းအရင်းအမြစ်က ၂၃ ရက်တွင် ဆင်ဟွာသတင်းထောက်ကို ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ၂၀၂၄ ခုနှစ် ဇွန်လ လဆန်းမှစ၍ ဆန်းနားမြို့တွင် ကုလသမဂ္ဂ စသည့် နိုင်ငံတကာအဖွဲ့အစည်းနှင့် အရပ်ဘက်အဖွဲ့အစည်းမှ ဝန်ထမ်းနှင့် ကယ်ဆယ်ရေးဝန်ထမ်းပေါင်း ၅၀ ကျော် ဖမ်းဆီးခဲ့ကြောင်း သတင်းဖော်ပြချက်အရ သိရသည်။ ဩဂုတ်လဆန်းတွင် ကုလသမဂ္ဂ လူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီးရုံး၏ ဆန်းနားမြို့ရှိရုံးခန်းကို ဟူသီလက်နက်ကိုင်များက အတင်းအကျပ်ပိတ်ခဲ့သည်။ ဟူသီလက်နက်ကိုင်အဖွဲ့က အမေရိကန် CIA နှင့်ပတ်သက်သည့် “အမေရိကန်-အစ္စရေး သူလျှိုကွန်ရက်၏ အဓိကအဖွဲ့ဝင်” ကို ဖမ်းဆီးရမိခဲ့သည် ဟုဆိုသည်။ (Xinhua)
……………………..
(Chinese Version)
也门胡塞武装扣留更多联合国工作人员
新华社开罗1月24日电(记者尹炣)亚丁消息:联合国机构24日说,鉴于也门胡塞武装扣留更多联合国工作人员,联合国已暂停在也门胡塞武装控制区的所有官方行动。
联合国负责也门事务的驻地协调员和人道主义协调员办公室当天发布声明说,也门胡塞武装23日扣留了更多在该组织控制区工作的联合国人员。为确保所有人员的安全,联合国已暂停在该组织控制区的所有官方行动。
声明还指出,联合国官员正积极与也门胡塞武装高级代表接触,要求该组织立即无条件释放所有被扣留的联合国人员和相关雇员。
胡塞武装目前尚未回应。
也门政府消息人士当日向新华社记者透露,胡塞武装23日晚逮捕至少7名为联合国儿童基金会、世界粮食计划署等联合国机构工作的也门雇员。
据报道,胡塞武装2024年6月初以来在萨那逮捕了来自联合国等国际组织以及民间机构的50多名工作人员和救援人员。8月初,联合国人权事务高级专员办事处在萨那的办公室被胡塞武装强行关闭。胡塞武装称逮捕了与美国中央情报局有关联的“美以间谍网络的关键成员”。(完)
图说:新华社照片2024年12月31日,也门萨那市中心一处军事基地遭到空袭后冒出浓烟(手机照片)。