Latin America
ကိုလံဘီယာနိုင်ငံ သမ္မတက ကာတာတမ်ဘိုဒေသတွင် ပြည်တွင်းမငြိမ်သက်မှုအခြေအနေကို အတည်ပြုသည့် အမိန့်ကြေညာချက်ကို လက်မှတ်ရေးထိုး
ဘိုဂိုတာ၊ ဇန်နဝါရီ ၂၅ ရက် (ဆင်ဟွာ)
ကိုလံဘီယာနိုင်ငံ မြောက်စန်တန်ဒါပြည်နယ် ကာတာတမ်ဘိုဒေသသည် ပြည်တွင်းမငြိမ်သက်မှုအခြေအနေတွင် ရောက်ရှိနေရာ အကြမ်းဖက် ပဋိပက္ခနှင့် ယင်းမှ ဖြစ်ပေါ်မည့် လူသားချင်းစာနာမှုဆိုင်ရာ အကျပ်အတည်းကို ဖြေရှင်းရန် ကိုလံဘီယာနိုင်ငံ သမ္မတ Gustavo Petro က ဇန်နဝါရီ ၂၄ ရက်၌ အမိန့်ကြေညာချက် လက်မှတ်ရေးထိုးခဲ့သည်။
ဇန်နဝါရီ ၂၀ ရက်က Gustavo Petro ကြေညာခဲ့သော ပြည်တွင်းမငြိမ်သက်မှုနှင့် စီးပွားရေး အရေးပေါ် အခြေအနေနှင့် မတူညီဘဲ ယင်း အမိန့်ကြေညာချက်တွင် “စီးပွားရေး အရေးပေါ်အခြေအနေ” မပါဝင်ပေ။ ထို့အပြင် အဆိုပါ အမိန့်ကြေညာချက် သက်ရောက်မှုရှိသော ဒေသများမှာ မြောက်စန်တန်ဒါပြည်နယ်နှင့် အနီးအနားရှိ ဆည်ဆာပြည်နယ်ရှိ မြို့ပေါင်း ၂၀ ခန့် ဖြစ်ကြောင်း သိရသည်။
“ကိုလံဘီယာ အမျိုးသားလွတ်မြောက်ရေးအဖွဲ့ (ELN)” နှင့် မူလ “ကိုလံဘီယာ တော်လှန်ရေး လက်နက်ကိုင်တပ်ဖွဲ့ (FARC)” တို့၏ လက်နက်ကိုင် ပဋိပက္ခများကြောင့် လူပေါင်း ၄၀,၀၀၀ ကျော် ထွက်ပြေးတိမ်းရှောင်နေရပြီး ယင်းအနက် လူပေါင်း ၁၆,၀၀၀ သည် ဗင်နီဇွဲလားနိုင်ငံ အနီး နယ်စပ်မြို့သို့ သွားရောက် ခိုလှုံနေရကြောင်း ကိုလံဘီယာနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာန၏ ဇန်နဝါရီ ၂၄ ရက် ထုတ်ပြန်သော အချက်အလက်များအရ သိရသည်။ (Xinhua)
…………………………..
(Chinese Version)
哥总统签署法令确认卡塔通博地区内部动乱状态
新华社波哥大1月24日电(记者周盛平)哥伦比亚总统佩特罗24日签署法令,确认北桑坦德省卡塔通博地区处于内部动乱状态,以解决暴力冲突和由此引发的人道主义危机。
与20日佩特罗宣布国家进入内部动乱和经济紧急状态不同,此法令没有提及“经济紧急状态”。此外,该法令适用的地区仅涉及北桑坦德省和邻近的塞萨尔省,共约20个市。
根据哥国防部24日公布的信息,“哥伦比亚民族解放组织”与原“哥伦比亚革命武装力量”(“哥武”)的武装冲突已造成4万多人流离失所,其中1.6万人前往靠近委内瑞拉的边境城市避难。(完)