မြန်မာ-中文
ပဋိက္ခဖြစ်ပွားသော တစ်နှစ်ကျော်အတွင်း ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ ၆ ရာခိုင်နှုန်း အသားတင်လျော့နည်းသွားကြောင်း စာရင်းအင်းများတွင် ဖော်ပြ
ပေကျင်း၊ ဇန်နဝါရီ ၂ ရက် (ဆင်ဟွာ)
၂၀၂၃ ခုနှစ် အောက်တိုဘာလ၊ ယခုအကြိမ် ပဋိက္ခဖြစ်ပွားစဉ်မှစ၍ အစ္စရေး၏ စဉ်ဆက်မပြတ် အကြီးစား စစ်ရေးလှုပ်ရှားများကြောင့် ဂါဇာကမ်းမြောင်ဒေသ လူဦးရေမှာ အသားတင် ၆ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ ဒေသခံပြည်သူအများအပြားသည် ငတ်မွတ်ခေါင်းပါးသည့် ခြိမ်းခြောက်မှုနှင့် ရင်ဆိုင်နေရကြောင်း ပါလက်စတိုင်း စာရင်းအင်းအေဂျင်စီမှ ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များက ဖော်ပြခဲ့သည်။
၂၀၂၃ ခုနှစ် အောက်တိုဘာလ ပဋိက္ခဖြစ်ပွားစဉ်မှစ၍ ဂါဇာကမ်းမြောင်ဒေသတွင် လူပေါင်း ၄၅,၀၀၀ ကျော်သည် စစ်ပွဲအတွင်း သေဆုံးခဲ့ရရာ ထက်ဝက်ကျော်မှာ အမျိုးသမီးနှင့် ကလေးငယ်များဖြစ်ကြောင်း၊ အခြား လူပေါင်း ၁၁,၀၀၀ ခန့်မှာ ပျောက်ဆုံးနေ၍ သေဆုံးပြီဟု ခန့်မှန်းခံခဲ့ရကြောင်း၊ အခြားသော လူပေါင်း ၁၀၀,၀၀၀ ခန့်မှာ ဂါဇာကမ်းမြောင်ဒေသမှ ထွက်ပြေးတိမ်းရှောင်ခဲ့ကြောင်း ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရို၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက် ထုတ်ပြန်သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။
လက်ရှိ ဂါဇာကမ်းမြောင်ဒေသတွင် လူဦးရေ ၂.၁ သန်းရှိရာ ပဋိက္ခမဖြစ်ပွားစဉ်ကာလနှင့် နှိုင်းယှဉ်ပါက အသားတင် ၆ ရာခိုင်နှုန်း လျော့နည်းသွားကြောင်း၊ လက်ရှိလူဦးရေ၏ ၄၇ ရာခိုင်နှုန်းမှာ အသက် ၁၈ နှစ်အောက် အရွယ်မရောက်သေးသူများဖြစ်ကြောင်း အစီရင်ခံစာအရ သိရသည်။ ဂါဇာကမ်းမြောင်ဒေသတွင် “ကပ်ဘေးအသွင် လူနှင့် ပစ္စည်းများဆုံးရှုံးမှု” ဒဏ်ခံခဲ့ရရာ “အိမ်ထောင်စုအလိုက် နိုင်ငံသားမှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခဲ့ရကြောင်း” သိရသည်။
ဂါဇာကမ်းမြောင်ဒေသ လူဦးရေ၏ ၉၆ ရာခိုင်နှုန်းသည် “စားနပ်ရိက္ခာထောက်ပံ့မှု အလွန်အမင် ဖူလုံမှုမရှိခြင်း” အခြေအနေတွင် ရောက်ရှိနေပြီး ကိုယ်ဝန်ဆောင် အမျိုးသမီး ဦးရေ ၆၀,၀၀၀ မှာ ဆေးဝါးကုသရေး ချို့တဲ့မှုကြောင့် အန္တရာယ်အတွင်း ရောက်ရှိနေကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။
ဂါဇာကမ်းမြောင်ဒေသ၌ အစ္စရေး၏ လူမျိုးတုံးသတ်ဖြတ်မှု ဖော်ဆောင်နေခြင်းကို တောင်အာဖရိက စသည့်နိုင်ငံများက ကုလသမဂ္ဂ နိုင်ငံတကာ တရားရုံး၌ စွဲချက်တင်ထားပြီးဖြစ်သည်။ အစ္စရေးအစိုးရအနေဖြင့် ဤစွပ်စွဲချက်ကို အခိုင်အမာ ငြင်းဆိုခဲ့သည်။ ပါလက်စတိုင်း ဗဟိုစာရင်းအင်းဗျူရို၏ အစီရင်ခံစာနှင့် ပတ်သက်၍ အဆိုပါ ကိန်းဂဏန်းအချက်အလက်များသည် “လုပ်ကြံဖန်တီးထားခြင်း၊ ပုံကြီးချဲ့ပြောဆိုခြင်း” ဖြစ်ကြောင်း၊ ရည်ရွယ်ချက်မှာ ”အစ္စရေးကို မဟုတ်မမှန် ပုတ်ခတ်ပြောဆိုရန်” ဖြစ်ကြောင်း အစ္စရေးဘက်က တုံ့ပြန်ခဲ့သည်။
၂၀၂၄ ခုနှစ်တွင် လူပေါင်း ၈၂,၇၀၀ ဦး၊ ၂၀၂၃ ခုနှစ်တွင် လူပေါင်း ၅၅,၀၀၀ ဦး စသဖြင့် အစ္စရေးနိုင်ငံမှ ထွက်ခွာခဲ့ကြောင်း အစ္စရေး ဗဟိုစာရင်းအင်းဗျူရို၏ ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၃၁ ရက်က ထုတ်ပြန်သော ကိန်းဂဏန်းအချက်အလက်များ၌ ဖော်ပြခဲ့သည်။ (Xinhua)
……………………….
(Chinese Version)
统计:冲突一年多来加沙地带人口净减少6%
新华社北京1月2日电 巴勒斯坦统计机构发布的数据显示,2023年10月本轮巴以冲突爆发以来,受以色列持续大规模军事行动影响,加沙地带人口已净减少6%,当地绝大多数民众面临饥饿威胁。
巴勒斯坦中央统计局2024年12月31日发布报告称,2023年10月冲突爆发以来,加沙地带超过4.5万人死于战火,逾半数为妇孺;另有约1.1万人失踪,被推定死亡;另有约10万人逃离加沙地带。
按报告说法,加沙地带现有210万人,较冲突爆发前净减少6%,目前47%的人口为18岁以下未成年人。加沙地带遭受了“灾难性的人员和物质损失”,“整户整户从民事登记册上被注销”。
报告称,加沙地带96%的人口处于“食品供应高度不安全”状态;6万名孕妇由于医疗条件匮乏而处于危险之中。
南非等国已向联合国国际法院指控以色列在加沙地带实施种族灭绝。以色列政府坚决否认这一指控。就巴勒斯坦中央统计局的报告,以方回应称数据为“编造、夸大”,意在“抹黑以色列”。
以色列中央统计局2024年12月31日发布数据称,2024年有8.27万人离开以色列,2023年有5.5万人离开以色列。(惠晓霜)
图说 1:2024年8月13日,在加沙地带南部城市汗尤尼斯的纳赛尔医院,一名女子哀悼以军袭击遇难者。新华社发(哈立德·奥马尔摄)
图说2:2024年12月27日,巴勒斯坦人在加沙城领取救济食物。新华社发(马哈茂德·扎基摄)