Connect with us

Africa & Middle East

ဂါဇာပြည်သူလူထု ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းသို့ ပြန်သွားခြင်းကို အစ္စရေး ခွင့်မပြုသေး

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်းရှိ Nuseirat ဒုက္ခသည်စခန်း၌ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ပြန်ရန် မျှော်လင့်နေကြသော အိုးမဲ့အိမ်မဲ့ဒုက္ခသည်များအား ဇန်နဝါရီ ၂၆ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလမ်၊ ဇန်နဝါရီ ၂၇ ရက် (ဆင်ဟွာ)
ပါလက်စတိုင်း အစ္စလာမ်မစ်တော်လှန်ရေးလှုပ်ရှားမှုအဖွဲ့ (ဟားမက်စ်) က ဇန်နဝါရီ ၂၅ ရက်တွင် အရပ်သား Arbel Yehuda အား ပြန်လွှတ်ပေးမည်ဟူသည့် မူလ အစီအစဉ် မဆောင်ရွက်မီ အစ္စရေးအနေဖြင့် ဂါဇာပြည်သူလူထု Netzarim စင်္ကြံလမ်းကို ဖြတ်၍ ဂါဇာကမ်းမြောင်ဒေသမြောက်ပိုင်းသို့ ပြန်သွားခြင်းကို ခွင့်ပြုမည်မဟုတ်ကြောင်း အစ္စရေးဝန်ကြီးချုပ်ရုံးက ဇန်နဝါရီ ၂၅ ရက်တွင် ထုတ်ပြန်ချက်ကြေညာခဲ့သည်။
ဟားမက်စ်က အပစ်အခတ်ရပ်စဲရေး ပထမအဆင့်တွင် ပြန်လွှတ်ပေးမည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူ ၂၆ ဦး အသက်ရှင်လျက်ရှိ/ မရှိ၊ ၎င်းဖမ်းဆီးထိန်းသိမ်းခံထားရသူတွင် အမျိုးသမီး၊ ကလေးငယ်၊ သက်ကြီးရွယ်အိုနှင့် ရောဂါသည်များ ပါဝင်သည့် ဖမ်းဆီးထိန်းသိမ်းခံထားရသူများ၏ အခြေအနေနှင့် ပတ်သက်သည့် နာမည်စာရင်းတစ်ခုကို ဇန်နဝါရီ ၂၅ ရက်တွင် အစ္စရေးထံ ပေးအပ်ရန် မူလက စီစဉ်ထားကြောင်း The Times of Israel သတင်းထုတ်ပြန်ချက်အရ သိရသည်။ ဟားမက်စ်ဘက်က ယင်းနှင့် ပတ်သက်သည့် အချက်အလက်များကို အချိန်မီ မပေးပို့ခဲ့သဖြင့် ယင်းမှာ နှစ်ဦးသဘောတူညီချက်များကို ချိုးဖောက်ခဲ့ခြင်းဖြစ်သည်ဟု အစ္စရေးအနေဖြင့် ယူဆခဲ့ကြောင်း သတင်းတွင် ဖော်ပြထားသည်။
ယင်းမတိုင်မီ ရရှိထားသော နှစ်ဘက်သဘောတူညီချက်များအရ ဟားမက်စ်က ဖမ်းဆီးထိန်းသိမ်းထားသော အမျိုးသမီး အရပ်သား Arbel Yehuda ကို ဦးစွာ ပြန်လွှတ်ပေးပြီး အမျိုးသမီးစစ်သည်များကို လွှတ်ပေးမည်ဖြစ်ကြောင်း သိရသည်။ ဇန်နဝါရီ ၂၅ ရက်တွင် ဟားမက်စ်က အစ္စရေး အမျိုးသမီးစစ်သည် ၄ ဦးကို ပြန်လွှတ်ပေးခဲ့ပြီး Yehuda ကိုမူ ပြန်လွှတ်ပေးခြင်းမရှိခဲ့ကြောင်း သိရသည်။
အစ္စရေး ကာကွယ်ရေးတပ်က ဂါဇာ မြောက်ပိုင်း ဒေသခံများကို အလောတကြီး အိမ်မပြန်ကြရန် သတိပေးခဲ့ပြီး Yehuda ပြန်လည်လွတ်မြောက်ပြီးမှသာလျှင် ညှိနှိုင်းပေးသည့်ဘက်နှင့် အစ္စရေးတို့ သဘောတူညီမှုရရှိသည့် အခြေအနေတွင် Netzarim စင်္ကြံလမ်းကို ပြန်လည်ဖွင့်လှစ်ပေးမည်ဖြစ်ကြောင်း၊ အစ္စရေးစစ်တပ်က ဂါဇာအရပ်သားများအနေဖြင့် ဘေးကင်းလုံခြုံမှုရှိစေရန် အစ္စရေးစစ်တပ်၏ ညွှန်ကြားချက်ကို လိုက်နာရန် တိုက်တွန်းခဲ့ကြောင်း The Times of Israel သတင်းထုတ်ပြန်ချက်အရ သိရသည်။
Netzarim စင်္ကြံလမ်းသည် ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းနှင့် တောင်ပိုင်းရှိ ကျဉ်းမြောင်းသော ရပ်ဝန်းကို ချိတ်ဆက်ထားပြီး လူပုဂ္ဂိုလ်များနှင့် အထောက်အပံ့ပစ္စည်းများ ဂါဇာကမ်းမြောင်ဒေသ မြောက်ပိုင်းသို့ ဝင်ရောက်ရာတွင် မဖြစ်မနေ ဖြတ်သန်းသွားရသည့် ဒေသဖြစ်သည်။ အစ္စရေးစစ်တပ်သည် ယခုအကြိမ် ပါလက်စတိုင်း- အစ္စရေး ပဋိပက္ခတွင် ဤဒေသတစ်လျှောက်ကို သိမ်းပိုက်ခဲ့ရာ ပါလက်စတိုင်းသားများကို ဂါဇာဒေသ တောင်ပိုင်းနှင့် မြောက်ပိုင်းကြားတွင် လွတ်လပ်စွာ ဖြတ်သန်းသွားလာခွင့်မပြုခဲ့ကြောင်း သိရသည်။ (Xinhua)


…………………………
(Chinese Version)
以色列尚不允许加沙民众返回加沙地带北部
新华社耶路撒冷1月26日电(记者冯国芮 陈君清)以色列总理办公室25日发表声明说,在巴勒斯坦伊斯兰抵抗运动(哈马斯)安排释放原定于25日获释的平民阿尔贝尔·耶胡德之前,以色列不会允许加沙民众穿过内察里姆走廊前往加沙地带北部。
据《以色列时报》报道,哈马斯原定于25日向以色列提供一份关于被扣押人员状态的名单,列明在停火第一阶段将释放的其余26名被扣押人员是否健在,这些被扣押人员包括妇女、儿童、老年人及病患。报道说,哈马斯未及时提交相关信息,以色列方面称这违反了双方达成的协议。
根据此前双方达成的协议,哈马斯应先释放被扣押的女性平民耶胡德,再释放女兵。哈马斯25日释放了4名以色列女兵,耶胡德并未获释。
据《以色列时报》报道,以色列国防军警告加沙北部居民暂勿贸然返回家园,并表示只有在耶胡德获释后,并在与调解方及以色列达成一致的情况下,内察里姆走廊才会重新开放。以军还呼吁加沙平民遵循以军指示,以确保安全。
内察里姆走廊是连接加沙地带北部和南部的狭长地带,是人员和物资进入加沙地带北部的必经之地。以军在本轮巴以冲突中占领这一地带,不让巴勒斯坦人自由穿行于加沙南北。(完)
图说1:这是1月26日在加沙地带中部努赛赖特难民营拍摄的希望返回加沙地带北部的流离失所者。新华社发(里泽克·阿卜杜勒贾瓦德摄)