Connect with us

North America

“အမေရိကန် ဦးစားပေး” က ဥရောပ၏ “မဟာဗျူဟာမြောက် နိုးထမှု” ကို ကူညီတွန်းအားပေး

ပဲရစ်မြို့ရှိ သမ္မတအိမ်တော် အီလီဇီးနန်းတော်၌ ပြင်သစ်နိုင်ငံသမ္မတ မက်ခရွန် (ရှေ့တန်း၊ ဝဲဘက်) က သမ္မတ ထရမ့် (ရှေ့တန်၊ ယာဘက်) အား ကြိုဆိုနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာ ၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘာလင်၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)
ပြင်သစ်နိုင်ငံ သမ္မတ မက်ခရွန်သည် မကြာသေးမီရက်က ပြင်သစ်စစ်တပ်များအား မိန့်ခွန်းပြောကြားစဉ်တွင် ဥရောပအနေဖြင့် “မဟာဗျူဟာမြောက် နိုးထမှု” လိုအပ်ကြောင်း အလေးပေးပြောကြားခဲ့သလို ကာကွယ်ရေးအသုံးစရိတ် တိုးမြှင့်ရန်နှင့် လုံခြုံရေးကဏ္ဍတွင် အမေရိကန်နိုင်ငံအပေါ် မှီခိုမှုကို လျှော့ချရန် ပြောကြားခဲ့သည်။
အမေရိကန် သမ္မတ ထရမ့် ရာထူးလက်ခံပြီးနောက် ပြင်းထန်းသော တစ်ဖက်သက်ဝါဒ အချက်ပြလျက်ရှိကြောင်း၊ ၎င်း၏ “အမေရိကန် ဦးစားပေး” ရပ်တည်ချက်က အတ္တလန်တိတ်သမုဒ္ဒရာ တစ်ဖက်ကမ်းရှိ ဥရောပနိုင်ငံများ၌ ရတက်မအေးဖြစ်စေခဲ့ရာ ဥရောပအတွင်း၌လည်း မဟာဗျူဟာကိုယ်ပိုင်လွတ်လပ်မှု ရှာဖွေရန် ကြိုးပမ်းသော လှုပ်ရှားမှုများ အားကောင်းလာစေခဲ့ကြောင်း၊ လာမည့် လေးနှစ်တာတွင် အမေရိကန်- ဥရောပ၏ ကုန်သွယ်ရေး၊ ကာကွယ်ရေး အသုံးစရိတ်၊ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေး စသည့် ကဏ္ဍများတွင် သဘောထားကွဲလွဲမှု တစ်ဆင့်တိုး ဆိုးရွားလာနိုင်ကာ “အတ္တလန်တိတ်ဖြတ်ကျော် မဟာမိတ်” ဆက်ဆံရေးသည် ရုန်းရင်းဆန်ခတ်ဖြစ်နိုင်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြခဲ့သည်။
စိုးရိမ်ပူပန်မှု မြင့်တက်လာ
မက်ခရွန်က ဥရောပနိုင်ငံများအနေဖြင့် “နိုးထ” ရန် လိုအပ်ကြောင်း လတ်တလောတွင် တစ်ခါမက ပြောကြားခဲ့သည်။ ၎င်းက ရုန်းရင်းဆန်ခတ်ဖြစ်နေသော နိုင်ငံတကာအခြေအနေတွင် သိပ္ပံ၊ အတွေးအခေါ်၊ နည်းပညာ၊ စက်မှုလုပ်ငန်း၊ စိုက်ပျိုးရေးလုပ်ငန်း၊ စွမ်းအင်၊ ဂေဟဗေဒ စသည့် ကဏ္ဍများ၌ “ဥရောပနိုင်ငံများ၏ နိုးထကြရန်” ၂၀၂၅ ခုနှစ် နှစ်သစ်မင်္ဂလာဆုတောင်းစကားတွင် တိုက်တွန်းခဲ့သည်။
“နိုးထရန်” တိုက်တွန်းခြင်းသည် အတိုင်းအတာတစ်ခုအရ သမ္မတအိမ်တော်သို့ ထရမ့် ပြန်လည်ရောက်ရှိလာခြင်းအပေါ် ဥရောပနိုင်ငံအသီးသီး၏ စိုးရိမ်းပူပန်မှုမှ ဆင်းသက်လာခြင်းဖြစ်သည်။ ထရမ့်က တာဝန်မထမ်းဆောင်မီ အီးယူအပေါ် စည်းကြပ်ခွန် တိုးမြှင့်ကောက်ခံခြင်း၊ နေတိုးအဖွဲ့ဝင်နိုင်ငံများအား ကာကွယ်ရေး ကုန်ကျစရိတ် တိုးမြှင့်ရန် တောင်းဆိုခြင်းနှင့် ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း၏ ထိန်းချုပ်ခွင့်ကို ရယူခြင်း စသည်တို့နှင့် ပတ်သက်၍ ကြိမ်ဖန်များစွာခြိမ်းခြောက်ခဲ့သည်။ ၎င်း ရာထူးလက်ခံသည့်နေ့တွင် ထုတ်ပြန်သော မိန့်ခွန်းနှင့် လက်မှတ်ရေးထိုးခဲ့သော သမ္မတအမိန့်ကြေညာချက်များက “အမေရိကန် ဦးစားပေး” နှင့် တစ်ဖက်သက်ဝါဒ အရောင်အသွေးများ ထင်ဟပ်နေကာ ယင်းက ဥရောပတိုက်နိုင်ငံအသီးသီးအား ကြီးမားလှသော ပူပန်ကြောင့်ကြမှုဖြစ်စေသည်။
အမေရိကန်နိုင်ငံ ဆိုင်ရာ ဂျာမနီသံအမတ် Andreas Michaelis က ဇန်နဝါရီ ၁၄ ရက်တွင် ဂျာမနီ နိုင်ငံခြားရေးဝန်ကြီးဌာနသို့ ကြေးနန်းစာတစ်စောင်ပေးပို့၍ ထရမ့် လုပ်ဆောင်နိုင်ခြေရှိသော “လက်တုံ့ပြန်ရေးအစီအစဉ်” နှင့် ပတ်သက်သည့် စိုးရိမ်မှုများကို ပြောကြားခဲ့ကြောင်း ဂျာမနီသတင်းမီဒီယာများ၏ ဖော်ပြချက်အရ သိရသည်။ ၎င်းက ကြေးနန်းစာတစ်စောင်တွင် ထရမ့်က “အကြီးမားဆုံးသော အတိုင်းအတာဖြင့် ဖျက်ဆီးမှု” ဖော်ဆောင်ရန် စီစဉ်နေခြင်းကို ဝေဖန်ခဲ့ပြီး ထရမ့်အစိုးရသည် နိုင်ငံရေးစနစ်ကို ဖရိုဖရဲဖြစ်စေနိုင်သည်ဟု သတိပေးခဲ့သည်။
စပိန်နိုင်ငံ “El Pais” ဝက်ဘ်ဆိုက် သုံးသပ်ချက်ဆောင်းပါးတွင် ထရမ့်၏ ပြောကြားချက်များသည် လာမည့် လေးနှစ်အတွင်း အမေရိကန်၏ မူဝါဒဦးတည်ချက်၊ သံတမန်ရေးပုံစံနှင့် ပတ်သက်၍ ဥရောပမဟာမိတ်နိုင်ငံများ၏ စိုးရိမ်ပူပန်မှုကို ဆိုးရွားစေသည်ဟု ထောက်ပြခဲ့သည်။
ကိုယ်ပိုင်လွတ်လပ်မှုအတွက် တိုက်တွန်းသောစကားသံများ ကျယ်လောင်လာ
စိုးရိမ်ပူပန်မှု မြင့်တက်လာသည်နှင့်အမျှ ဥရောပအတွင်း မဟာဗျူဟာမြောက် ကိုယ်ပိုင်လွတ်လပ်မှု၏ တိုက်တွန်းစကားသံများ ပိုမို ကျယ်လောင်လာခဲ့သည်။
စည်းလုံးညီညွတ်သော၊ အင်အားကြီးမားသော၊ ကိုယ်ပိုင်လွတ်လပ်မှုရှိသော ဥရောပတစ်ခု တည်ဆောက်သင့်ကြောင်း၊ အတ္တလန်တိတ်ဖြတ်ကျော် ဆက်ဆံရေးကို ဆက်လက်ဖွံ့ဖြိုးတိုးတက်စေသည့်တစ်ချိန်တည်းတွင် မိမိတို့၏ကိုယ်ပိုင်အကျိုးစီးပွားနှင့် တန်ဖိုးအမြင်များကို ပြတ်ပြတ်သားသားခုခံကာကွယ်ရမည်ဖြစ်ကြောင်း မက်ခရွန်က အလည်အပတ်ရောက်ရှိလာသော ဂျာမနီ ဝန်ကြီးချုပ် Olaf Scholz နှင့် ဇန်နဝါရီ ၂၂ ရက် တွေ့ဆုံဆွေးနွေးစဉ်တွင် ထပ်မံတိုက်တွန်းခဲ့သည်။
Olaf Scholz ကမူ မက်ခရွန်နှင့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထရမ့် အမေရိကန် သမ္မတဖြစ်လာခြင်းသည် “ဥရောပနိုင်ငံများအတွက် စိန်ခေါ်မှု” ဖြစ်လာမည်ဖြစ်ရာ ဥရောပအနေဖြင့် မိမိကိုယ်ကိုပိုမိုအားကိုးသင့်ကြောင်း ပြောကြားခဲ့သည်။ Scholz က ထရမ့်၏ အဆိုပြုချက်အချို့ ဥပမာအားဖြင့် ဂရင်းလန်းကျွန်းကို ဝါးမြိုပေါင်းစည်းမှု၊ နေတိုး အဖွဲ့ဝင်နိုင်ငံများ၏ ကာကွယ်ရေးအသုံးစရိတ်ကို ၎င်းတို့၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုတန်ဖိုး (GDP) ၏ ၅% အထိတိုးမြှင့်ရန် တောင်းဆိုမှု စသည်တို့ကို မထောက်ခံကြောင်း ပြတ်ပြတ်သားသားဖော်ပြထားပြီးဖြစ်သည်ဟု ဂျာမနီမီဒီယာများ၏ သတင်းဖော်ပြမှုအရ သိရသည်။
ဒိန်းမတ်ဝန်ကြီးချုပ် Frederiksen က ထရမ့် သမ္မတဖြစ်လာပြီးနောက် ဥရောပတွင် “လက်တွေ့ဆန်သော ကိစ္စရပ် အသစ်” ရင်ဆိုင်ရမည်ဖြစ်ကြောင်း၊ ဥရောပအနေဖြင့် စီးပွားရေး၊ စစ်ရေးနှင့် နည်းပညာကဏ္ဍများတွင် ပိုမိုအားကောင်းလာစေရန် ဖြစ်နိုင်သမျှ နည်းလမ်းအားလုံးကို အသုံးပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရောပ ကော်မရှင်၏ စီးပွားရေးဆိုင်ရာ အမှုဆောင် ဒုတိယဥက္ကဋ္ဌ Valdis Dombrovskis က အမေရိကန် အစိုးရအသစ်၏ စည်းကြပ်ခွန်ဆိုင်ရာ ထိုးစစ်ဆင်မှုနှင့် ရင်ဆိုင်ရာတွင် လိုအပ်ပါက အီးယူအနေဖြင့် “မိမိ၏ စီးပွားရေး အကျိုးစီးပွားကို ကာကွယ်ရန် အသင့်ရှိနေသည်” ဟု ပြောကြားခဲ့သည်။
ပိုလန် ဝန်ကြီးချုပ် Donald Tusk က ဥရောပ၏ အနာဂတ်သည် မိမိ၏ ကိုယ်၌သာ မူတည်ကြောင်း၊ “ပထဝီနိုင်ငံရေးဆိုင်ရာအား ပြင်ပသို့ လက်လွှဲပြောင်းပေးသည့် ခေတ် ပြီးဆုံးသွားပြီ” ဟု ထောက်ပြခဲ့သည်။
အီတလီ ဝန်ကြီးချုပ် Giorgia Meloni က အမေရိကန် သမ္မတဟောင်း John F. Kennedy ၏ ကျော်ကြားသော စကားကို သုံး၍ “အမေရိကန်က မင်းအတွက် ဘာလုပ်ပေးနိုင်မလဲ မမေးနဲ့၊ ဥရောပက ကိုယ့်အတွက် ကိုယ်ဘာလုပ်သင့်လဲ မေးပါ” ဟု ပြောကြားခဲ့သည်။
အမေရိကန်-ဥရောပ ဆက်ဆံရေး ကမောက်ကမ ဖြစ်နိုင်
ယူကရိန်းအကျပ်အတည်းအရှိန် တရွေ့ရွေ့မြင့်တက်လာသည်နှင့်အမျှ ဥရောပ၏ ပထဝီဝင်နိုင်ငံရေးအကျပ်အတည်းသည် ဖြေရှင်းရန်ခက်ခဲပြီး စွမ်းအင်လုံခြုံရေးအန္တရာယ်များ ပိုမိုပြင်းထန်လာရာ ကာကွယ်ရေးနှင့် ကုန်သွယ်မှုစသည့် ကဏ္ဍများတွင် အမေရိကန်အပေါ် မှီခိုမှုမှာ ပိုမိုတိုးလာသည်။ ထရမ့် ဒုတိယသက်တမ်းစတင်ပြီးနောက် အမေရိကန်နှင့် ဥရောပအကြား ကုန်သွယ်ရေး၊ ကာကွယ်ရေးအသုံးစရိတ်နှင့် ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေး စသည့် ကိစ္စရပ်များတွင် ကွဲလွဲမှုများသည် ပိုမိုထင်ရှားလာနိုင်ကြောင်း၊ လာမည့် လေးနှစ်အတွင်း အမေရိကန်-ဥရောပ ဆက်ဆံရေး ရုန်းရင်းဆန်ခတ်ဖြစ်မှုအတွင်း ရောက်ရှိသွားနိုင်ကြောင်း လေ့လာသုံးသပ်သူများက ထောက်ပြကြသည်။
အစိုးရအသစ် တက်လာပြီးနောက် လုပ်ဆောင်ခဲ့သော အစီအမံ တသီတတန်းက အမေရိကန်သည် ၎င်း၏ နိုင်ငံတကာ တာဝန်နှင့် ဝတ္တရားများကို လျစ်လျူရှုနေရုံသာမက ဥရောပမဟာမိတ်များ၏ အကျိုးစီးပွားများကိုလည်း ဂရုမစိုက်သည်ကို ပြသနေကြောင်း ခရိုအေးရှားနိုင်ငံရေး လေ့လာသုံးသပ်သူ Robert Frank က ဆင်ဟွာသတင်းထောက်၏ မေးမြန်းခန်းတွင် ပြောကြားခဲ့သည်။ ထို့ကြောင့် အီးယူအနေဖြင့် ပြောင်းလဲမှုများပြုလုပ်ရန် လိုအပ်ပြီး “မဟာဗျူဟာ နိုးထရန်” လိုအပ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
အကယ်၍ အမေရိကန်က အီးယူအပေါ် စည်းကြပ်ခွန် ထပ်တိုးကောက်ခံပါက အီးယူသည် ယင်းနှင့်ပတ်သက်၍ မုချ ပြန်လည်တုံ့ပြန်မည်ဖြစ်ပြီး ယင်းက လာမည့်လေးနှစ်အတွင်း ဥရောပ-အမေရိကန် ဆက်ဆံရေးကို အရိပ်မည်းကျစေမည်ဟု Frank က ယူဆသည်။
“အမေရိကန် ဦးစားပေး” အဆိုပြုချက်အောက်တွင် ဥရောပနိုင်ငံများအနေဖြင့် လက်ရှိတွင် အဓိကကျသော ဥရောပကာကွယ်ရေး စွမ်းရည်ကို သေသေချာချာ စဉ်းစား၍ ရင်းနှီးမြှုပ်နှံမှုများ လုပ်ရမည့်အပြင် နိုင်ငံတကာ အနေအထားကိုလည်း ပြန်လည်ချိန်ညှိပြီး “စည်းမျဉ်းများကို အခြေခံသော နိုင်ငံတကာ စနစ်” ကို ချီးမွမ်းရုံသက်သက်သည် လက်တွေ့မှာ အသုံးမဝင်ကြောင်း သဘောပေါက်လာသည်ဟု ဂျာမနီနိုင်ငံ Global Public Policy Institute (GPPi) ၏ အကြီးအကဲ Thorsten Benner က ပြောကြားခဲ့သည်။
အနာဂတ်တွင် အမေရိကန်- ဥရောပ ဆက်ဆံရေးသည် ကဏ္ဍများစွာ၌ မသေချာမရေရာဖြစ်နေပြီး အရှေ့အလယ်ပိုင်းကိစ္စရပ်များ၊ နိုင်ငံတကာအဖွဲ့အစည်း ညှိနှိုင်းရေး၊ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ကိုင်တွယ်ဖြေရှင်းရေး စသည့် ကဏ္ဍများအားလုံးတွင် စိန်ခေါ်မှုများနှင့် ရင်ဆိုင်နေရကြောင်း အီတလီ နိုင်ငံတကာနိုင်ငံရေး လေ့လာရေးဌာန၏ ဆောင်းပါးတွင် ထောက်ပြခဲ့သည်။ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပြဿနာများနှင့် ပတ်သက်၍ ထရမ့် သမ္မတဖြစ်လာခြင်းက ရာသီဥတုဆိုင်ရာ စေ့စပ်ညှိနှိုင်းမှုတွင် ဥရောပကို အကူအညီမဲ့ တစ်ယောက်တည်း ဖြစ်စေမည်ဟု ဆောင်းပါးတွင် ယူဆထားသည်။
ဂရင်းလန်းကျွန်းကို အင်းအားသုံး၍ သိမ်းပိုက်မည်ဆိုသည့် ထရမ့် သမ္မတရာထူးမထမ်းဆောင်မီက ခြိမ်းခြောက်ပြောဆိုမှုများသည် “တိုးချဲ့ရေးဝါဒ” အလားအလာကို ထင်ဟပ်နေပြီး အမေရိကန်နှင့် မဟာမိတ်များအကြား ဆက်ဆံရေးကို မတည်ငြိမ်သော အနေအထားသို့ ရောက်စေသည်ဟု စပိန်နိုင်ငံ “El Pais” ဝက်ဘ်ဆိုက် သုံးသပ်ချက်ဆောင်းပါးတွင် ထောက်ပြခဲ့သည်။ (Xinhua)

ဒိန်းမတ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရနယ်မြေ ဂရင်းလန်းကျွန်း မြို့တော် Nuuk ကို ၂၀၂၄ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ Capital One Arena တွင် သမ္မတ ထရမ့်က ၎င်းလက်မှတ်ရေးထိုးထားသော အမိန့်ကြေညာချက်အား ပြသနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………………………………………
(Chinese Version)
国际观察丨“美国优先”助推欧洲“战略觉醒”
新华社柏林1月26日电   法国总统马克龙近日在向法国军队发表讲话时,强调欧洲“战略觉醒”的必要性,表示要增加国防开支,减少在安全方面对美国的依赖。
分析人士指出,美国总统特朗普就任后释放出强烈的单边主义信号。他的“美国优先”立场让大西洋彼岸的欧洲弥漫着不安情绪,欧洲内部试图寻求战略自主的动向加强。未来四年,美欧在贸易、国防开支、应对气候变化等方面的分歧可能进一步加剧,“跨大西洋盟友”关系或将陷入动荡。
焦虑情绪上升
马克龙近期不止一次提到欧洲需要“觉醒”。他在2025年新年贺词中也呼吁,要在动荡不安的国际局势中,实现科学、思想、技术、工业、农业、能源、生态等领域的“欧洲觉醒”。
有分析指出,“觉醒”的呼吁在一定程度上源自欧洲各国对特朗普重返白宫的焦虑情绪。特朗普就任前就曾多次威胁将对欧盟加征关税、要求北约成员国提升防务支出,以及夺取丹麦自治领地格陵兰岛控制权。其就职当天发表的演讲及签署的行政令表现出强烈的“美国优先”和单边主义色彩,使欧洲各国陷入极大的不安之中。
据德国媒体披露,德国驻美大使安德烈亚斯·米夏埃利斯14日向德国外交部发送了一份电报,表达了对特朗普可能实施“报复计划”的担忧。他在电报中批评特朗普计划实施“最大限度破坏”,并警告说特朗普政府可能会给政治秩序带来混乱。
西班牙《国家报》网站评论文章指出,特朗普的言论加剧了欧洲盟国对美国未来四年政策方向和外交风格的担忧。
自主呼声高涨
随着焦虑情绪上升,欧洲内部要求加强战略自主的呼声不断高涨。   马克龙22日在会见到访的德国总理朔尔茨时再次呼吁,应建设一个团结、强大、自主的欧洲,在继续发展跨大西洋关系的同时,也要明确和捍卫自身利益及价值观。
朔尔茨则在与马克龙联合举行的新闻发布会上表示,特朗普就任美国总统将是“欧洲的挑战”,因此欧洲应更加自力更生。据德国媒体报道,朔尔茨已明确表示不赞同特朗普的一些主张,如威胁吞并格陵兰岛、要求北约成员国将国防开支提高到占国内生产总值(GDP)5%等。
丹麦首相弗雷泽里克森说,特朗普就任总统后,欧洲将面临“新现实”。她表示,欧洲必须动用一切可能的手段,在经济、军事和技术上变得更加强大。
欧盟委员会分管经济事务的执行副主席东布罗夫斯基斯表示,面对美国新政府的关税攻势,如有必要,欧盟“准备捍卫自己的经济利益”。
波兰总理图斯克指出,欧洲的未来取决于自己,“地缘政治外包的时代已经结束”。
意大利总理梅洛尼则套用美国前总统肯尼迪的名言说:“不要问美国能为你做些什么,而要问欧洲应该为自己做些什么。”
美欧关系或陷动荡
随着乌克兰危机延宕升级,欧洲地缘政治困局难解,能源安全风险加剧,对美国在防务、贸易等领域的依赖程度增加。分析人士指出,特朗普第二任期开启后,美欧在贸易、国防开支、应对气候变化等诸多问题上的矛盾可能会进一步凸显。未来四年,美欧关系或将陷入动荡不安之中。   克罗地亚政治分析家罗伯特·弗兰克在接受新华社记者采访时表示,新政府上台后的一系列做法表明,美国不但不顾其国际责任和义务,也不会在乎欧洲盟友的利益。因此欧盟需要作出改变,需要“战略觉醒”。
弗兰克认为,若美国对欧盟加征关税,欧盟势必作出针对性回应,这为今后四年的欧美关系笼罩上阴影。
德国全球公共政策研究所主任托尔斯滕·本纳表示,在“美国优先”的主张下,欧洲国家现在必须认真考虑对欧洲防务的关键能力进行投资,还需重新调整国际定位,认识到对“以规则为基础的国际秩序”高唱赞歌于事无补。
意大利国际政治研究所文章指出,美欧关系未来在多方面存在未知数,在中东问题、国际组织协调、应对气候变化等领域均面临挑战。针对气候变化问题,文章认为,特朗普上台会让欧洲在气候谈判桌上孤立无援。
西班牙《国家报》网站的评论文章指出,特朗普在就任总统前威胁使用武力夺取格陵兰岛等言论,体现了“扩张主义”倾向,也将美国与盟友之间的关系置于风雨飘摇之中。(完)
图说1:2024年12月7日,法国总统马克龙(前左)在巴黎总统府爱丽舍宫欢迎特朗普(前右)。新华社记者高静摄
图说2:这是2024年10月19日拍摄的丹麦自治领地格陵兰岛首府努克。新华社发(罗一洲摄)
图说3:2025年1月20日,在美国首都华盛顿第一资本体育馆,特朗普展示其签署的行政令。新华社记者吴晓凌摄