Africa & Middle East
ပါလက်စတိုင်းသားများအား နှင်ထုတ်ခြင်းအပေါ် သည်းညည်းမခံနိုင်သလို ခွင့်ပြုမည် မဟုတ်ကြောင်း အီဂျစ်သမ္မတ ပြောကြား
ကိုင်ရို၊ ဇန်နဝါရီ ၃၀ ရက် (ဆင်ဟွာ)
ပါလက်စတိုင်းသားများအား နှင်ထုတ်ခြင်းအပေါ် သည်းညည်းမခံနိုင်သလို ခွင့်ပြုမည် မဟုတ်ကြောင်း အီဂျစ်သမ္မတ အယ်လ်-စီစီ က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
ပါလက်စတိုင်းသားများအား နှင်ထုတ်ခြင်းနှင့် ပြန်လည်နေရာချထားခြင်းသည် မမျှတသည့် လုပ်ရပ်တစ်မျိုးဖြစ်ရာ ယင်းကိစ္စတွင် အီဂျစ်အနေဖြင့် ပါဝင်မည်မဟုတ်ကြောင်း အယ်လ်-စီစီက အီဂျစ်သို့ အလည်အပတ်ရောက်ရှိနေသည့် ကင်ညာသမ္မတ William Ruto နှင့် ယင်းနေ့တွင် ပြုလုပ်သော ပူးတွဲသတင်းစာရှင်းလင်းပွဲ၌ ပြောကြားခဲ့သည်။ ပါလက်စတိုင်းသားများအား အိုးမဲ့အိမ်မဲ့ ဖြစ်စေခြင်းမှာ အီဂျစ်နှင့် အာရပ်နိုင်ငံများ၏ လုံခြုံရေးကို သက်ရောက်မှု ဖြစ်စေကြောင်း၊ “ပါလက်စတိုင်းသားများအား နှင်ထုတ်ခြင်းအပေါ် ကျွန်တော်တို့အနေနဲ့ သည်းညည်းခံမှာမဟုတ်သလို ခွင့်ပြုမှာ မဟုတ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။
အယ်လ်-စီစီက အီဂျစ်အနေဖြင့် ပါလက်စတိုင်းအရေးအပေါ် ထားရှိသည့် သမိုင်းရပ်တည်ချက်ကို လုံးဝဥဿုံညှိနှိုင်းမည်မဟုတ်ကြောင်း၊ အမေရိကန် သမ္မတထရမ့်နှင့် ပူးပေါင်းဆောင်ရွက်သွားမည် ဖြစ်ပြီး “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို အခြေခံ၍ ငြိမ်းချမ်းရေးကို ဖော်ဆောင်သွားမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ၁၅ လကျော်ကြာ ဆက်တိုက်ဖြစ်ပွားနေသည့် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခအသစ်သည် ပါလက်စတိုင်းအရေး မဖြေရှင်းနိုင်သည့် ရလဒ်ဖြစ်ကြောင်း၊ ပါလက်စတိုင်းပြည်သူများသည် လွန်ခဲ့သည့် နှစ်ပေါင်း ၇၀ ကာလတွင် “သမိုင်း၏မမျှတမှု” ကို ခံစားနေရကြောင်း၊ ဖြေရှင်းသည့်နည်းလမ်းမှာ ၎င်းတို့ကို နှင်ထုတ်ခြင်းမဟုတ်ဘဲ “နှစ်နိုင်ငံ ဖြေရှင်းမှု နည်းလမ်း” ကို ဖော်ဆောင်ခြင်း ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ထရမ့်သည် ဂါဇာကမ်းမြောင်ဒေသ “ရှင်းလင်းရေး” စိတ်ကူးကို ဇန်နဝါရီ ၂၅ ရက်တွင် အဆိုပြုခဲ့ခြင်းဖြစ်ပြီး ဂါဇာကမ်းမြောင်ဒေသမှ လာရောက်သော ပါလက်စတိုင်းသားများကို အီဂျစ်နှင့် ဂျော်ဒန်နိုင်ငံတို့က လက်ခံ၍ နေရာချထားပေးရန် မျှော်လင့်ကြောင်း၊ ထို့အပြင် ဤသို့နေရာချထားမှုသည် ယာယီဖြစ်နိုင်သလို ရေရှည်လည်း ဖြစ်နိုင်ကြောင်း ၎င်းက ပြောကြားခဲ့သည်ဟု အမေရိကန်မီဒီယာများ သတင်းဖော်ပြချက်အရ သိရသည်။ (Xinhua)
………………………
(Chinese Version)
埃及总统表示不能容忍或允许驱逐巴勒斯坦人
新华社开罗1月29日电(记者姚兵)埃及总统塞西29日表示,埃及不能容忍或允许驱逐巴勒斯坦人。
塞西当天在与到访的肯尼亚总统鲁托举行的联合记者会上说,驱逐和重新安置巴勒斯坦人是一种不公正行为,埃及不会参与其中。让巴勒斯坦人流离失所会影响埃及和阿拉伯国家安全,“我们不能容忍或允许驱逐巴勒斯坦人”。
塞西表示,埃及在巴勒斯坦问题上的历史立场决不会妥协。埃及将与美国总统特朗普合作,在“两国方案”基础上实现和平。他说,持续15个多月的新一轮巴以冲突是巴勒斯坦问题一直未能解决的结果。巴勒斯坦人民在过去70年里遭受了“历史不公”,解决方案不是驱逐他们,而是实现“两国方案”。
据美国媒体报道,特朗普25日提出“清空”加沙地带设想,称希望埃及和约旦接受并安置来自加沙地带的巴勒斯坦人,并表示这种安置可能是暂时的,也可能是长期的。(完)
1. 1月25日,在拉法口岸埃及一侧,一名获释巴勒斯坦人挥手致意。
2. 1月25日,在约旦河西岸城市拉姆安拉,获释巴勒斯坦人受到欢迎。
3. 1月25日,在约旦河西岸城市拉姆安拉,获释巴勒斯坦人受到欢迎。