Connect with us

Science & Technology

တရုတ်ပြည်တွင်းထုတ် C909 လေယာဉ် ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် ချုံချင့်၌ စမ်းသပ်ပျံသန်းမှု အောင်မြင်

China Express လေကြောင်းလိုင်း၏ တရုတ်ပြည်တွင်းထုတ် C909 လေယာဉ် ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှုလုပ်ဆောင်နေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ချုံချင့်မြို့ ဝမ့်ကျိုးဝူချောင်လေဆိပ်၌ တွေ့ရစဉ် (ဆင်ဟွာ)

ချုံချင့်၊ ဇန်နဝါရီ ၃ ရက် (ဆင်ဟွာ)

China Express လေကြောင်းလိုင်း၏ တရုတ်ပြည်တွင်းထုတ် C909 လေယာဉ်သည် ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်နံနက်ခင်းက ချုံချင့်မြို့ ဝမ့်ကျိုးခရိုင်ရှိ ဝမ့်ကျိုးဝူချောင်လေဆိပ်သို့ တည်ငြိမ်စွာ မြေပြင်သို့ ဆင်းသက်ခဲ့ရာ အဆိုပါလေယာဉ်မော်ဒယ်ကို တရုတ်ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာလုပ်ဆောင်ပြီးစီးခြင်း၏ အမှတ်သင်္ကေတ ဖြစ်ခဲ့သည်။ ယခုအကြိမ် ပျံသန်းစမ်းသပ်ချက်သည် တရုတ်ပြည်တွင်းထုတ်လေယာဉ်များ၏ နည်းပညာအဆင့်အတန်းနှင့် ဈေးကွက်ယှဉ်ပြိုင်မှုစွမ်းအားကို တစ်ဆင့်တိုးမြှင့်တင်ရန် အုတ်မြစ်ချပေးခြင်းဖြစ်သည်။ (Xinhua)

နည်းပညာဝန်ထမ်းများက ယခုအကြိမ် စမ်းသပ်ပျံသန်းမှုလုပ်ဆောင်မည့် တရုတ်ပြည်တွင်းထုတ် C909 လေယာဉ်အား ပြည်တွင်းထုတ်ဘရိတ်စနစ်အစိတ်အပိုင်းများ တပ်ဆင်ပေးနေသည်ကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၃၁ ရက်က ချုံချင့်မြို့ ဝမ့်ကျိုးဝူချောင်လေဆိပ်၌ တွေ့ရစဉ် (ဆင်ဟွာ)

တရုတ်ပြည်တွင်းထုတ် C909 လေယာဉ် ပြည်တွင်းထုတ်ဘရိတ်စနစ်ဖြင့် စမ်းသပ်ပျံသန်းမှု အောင်မြင်စွာ လုပ်ဆောင်ပြီးနောက် ဝန်ထမ်းများက လေယာဉ်ကွင်းအတွင်း အမှတ်တရဓာတ်ပုံရိုက်ကူးနေသည်ကို ၂၀၂၅ ခုနှစ် ဇန်နဝါရီလ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

————————————-
(Chinese Version)
国产C909飞机在渝完成国产制动系统验证飞行
2025年1月1日凌晨,华夏航空的国产C909飞机平稳着陆重庆市万州区万州五桥机场,标志着该型号飞机国产制动系统的验证飞行测试顺利完成。此次飞行测试的成功为进一步提升国产飞机的技术水平和市场竞争力奠定基础,
新华社发(冉孟军 摄)
图说1:2024年12月31日,重庆万州五桥机场,华夏航空一架国产C909飞机在进行国产制动系统验证飞行测试。
图说2:2024年12月31日,重庆万州五桥机场,技术人员为执行本次验证飞行测试的国产C909飞机安装国产制动系统零部件。
图说3:2025年1月1日,重庆万州五桥机场,国产C909飞机成功完成国产制动系统验证飞行测试。这是工作人员在停机坪上合影留念。