Connect with us

China

ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် မီးပုံးပွဲတော်ဖြင့် တရုတ်နှစ်သစ်ကူး နွေဦးပွဲတော်ကို ထွန်းလင်းစေ

၃၁ ကြိမ်မြောက် ကျစ်ကုန့် နိုင်ငံတကာ ဒိုင်နိုဆော မီးပုံးပွဲတော်တွင် “ငွေနတ်ဘုရားအား ကြိုဆိုခြင်း” မီးပုံးများကို ဇန်နဝါရီ ၁၄ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ချိန်တူး၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ စီချွမ်းပြည်နယ် အရှေ့တောင်ပိုင်းရှိ ကျစ်ကုန့်မြို့တွင် ဒိုင်နိုဆော၊ ရေတွင်းဆားနှင့် မီးပုံးပွဲတော် ဟူသော ထူးခြားချက်သုံးမျိုးရှိသည်။ တရုတ်နှစ်သစ်ကူး နွေဦးပွဲတော် ကျရောက်ချိန်တိုင်းတွင် ကျစ်ကုန့်မီးပုံးပွဲတော်သည် ၎င်း၏သေသပ်လှပသော ဒီဇိုင်း၊ တောက်ပသော မီးအလင်းရောင်ကြောင့် လူအများဂရုပြုခြင်းခံရသည်။
တရုတ်ပြက္ခဒိန်အရ နှစ်သစ်ပထမလ၏ လပြည့်နေ့ည “မီးပုံးပွဲတော်” တွင် မီးပုံးဖြင့်ဆုတောင်းသည့် ဓလေ့သည် ဟန့်ခေတ်မှစတင်ခဲ့ကြောင်း သိရသည်။ ကျစ်ကုန့်ဒေသသည် ထန်မင်းဆက်နှင့် စုန့်မင်းဆက် ခေတ်ကာလများမှစ၍ နှစ်သစ်တွင် မီးပုံးထွန်းညှိသည့် မှတ်တမ်းရှိခဲ့ပြီး မင်မင်းဆက်နှင့် ချင်းမင်းဆက်ခေတ်တွင် “ခြင်္သေ့မီးပုံးပွဲ” ၊ “မီးပုံးတိုင်ပွဲတော်” စသည့် အတန်အသင့်ကြီးမားကာ အတိုင်းအတာတစ်ခုနှင့် ပုံမှန်ကျင်းပသည့် မီးပုံးပွဲတော် လှုပ်ရှားမှုများ စတင်ကျင်းပလာခဲ့သည်။
၁၉၆၄ ခုနှစ်တွင် ကျစ်ကုန့်မြို့၌ ပထမဆုံးအကြိမ် နွေဦးပွဲတော်ကြိုဆိုသည့် မီးပုံးပွဲတော် ကျင်းပခဲ့သည်။ ကျွမ်းကျင်သည့် မီးပုံးပြုလုပ်သူ ပညာရှင်များအပြင် လုပ်ငန်းအသီးသီးမှ နည်းပညာကျွမ်းကျင်ပညာရှင်များက မီးပုံးပြုလုပ်သည့်တာဝန်ကို လက်ခံရရှိကာ ရောင်စုံမီးပုံးများပြုလုပ်၍ မီးပုံးပွဲတော်သို့ပို့ဆောင် ပြသလေ့ရှိသည်။ ကြွေထည်ပစ္စည်း၊ ဆေးပုလင်း၊ ပိုးချည်အိမ်၊ ကောက်ရိုး၊ စီဒီ စသည့် ပစ္စည်းအမျိုးမျိုးဖြင့် မီးပုံးပြုလုပ်နိုင်ပြီး ကျစ်ကုန့်မီးပုံးပွဲတော်သည်လည်း ပိုမိုနာမည်ကျော်ကြားလာခဲ့သည်။ ၂၀၀၈ ခုနှစ်တွင် ကျစ်ကုန့်မီးပုံးပွဲတော်သည် ဒုတိယအသုတ်မြောက် နိုင်ငံတော်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုအမွေအနှစ် စာရင်းဝင်ဖြစ်ခဲ့သည်။
ကျစ်ကုန့်မြို့တွင် မီးပုံးပွဲတော်ကြောင့် ပေါ်ထွက်လာသော ရောင်စုံမီးပုံးလုပ်ငန်းသည် ဒေသထူးခြားချက်ရှိသည့် လုပ်ငန်းဖြစ်လာနေပြီ ဖြစ်ကြောင်းသိရသည်။ ရောင်စုံမီးပုံး ပညာရှင်များကလည်း အဆက်မပြတ် ဆန်းသစ်တီထွင်လာပြီး သံကြိုးဖရိန်ဖြင့် လူရုပ်လုံးကြွပုံစံပြုလုပ်သည့် လက်မှုပညာ၊ အလှပုံဖော်ခြင်း လက်မှုပညာ၊ ရုပ်လုံးကြွပန်းပု လက်မှုပညာ၊ သံကြိုးဖြင့်ရုပ်လုံးဖော်ခြင်း လက်မှုပညာ စသည့် လက်မှုပညာ ၈ မျိုးဖြင့် ကိုယ်စားပြုသော ကျစ်ကုန့်ရောင်စုံမီးပုံး ပြုလုပ်သည့် လက်မှုပညာသည် စီချွမ်းပြည်နယ်အဆင့် ဒြပ်မဲ့ယဉ်ကျေးမှုစာရင်းဝင်ဖြစ်ခဲ့သည်။
လက်ရှိတွင် နည်းပညာအသစ်များကို အဆက်မပြတ်ပေါင်းစပ်ကာ ရိုးရာနှင့် ယနေ့ခေတ် အကြောင်းအရာနှစ်မျိုးလုံးပါဝင်သော ကျစ်ကုန့်ရောင်စုံမီးပုံးများသည်လည်း တစ်ကမ္ဘာလုံး ဒေသအသီးသီးတွင် အောင်မြင်မှုများရရှိခဲ့ရာ ၁၉၉၀ ပြည့်နှစ်မှ ယနေ့တိုင် နိုင်ငံနှင့် ဒေသ ၈၀ ကျော်တွင် ပြသခဲ့ပြီးဖြစ်သဖြင့် တရုတ်ပြည်သူများ၏ ချစ်ကြည်နူးဖွယ်ကောင်းမှုကို ကမ္ဘာကြီးက ခံစားရစေပါသည်။ (Xinhua)

တရုတ်နိုင်ငံ စီချွမ်းပြည်နယ် ကျစ်ကုန့်မြို့တွင် ကျင်းပသော ၃၁ ကြိမ်မြောက် ကျစ်ကုန့် နိုင်ငံတကာ ဒိုင်နိုဆော မီးပုံးပွဲတော်အား ဇန်နဝါရီ ၁၇ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

…………………………
(Chinese Version)
镜头里的非遗年|非遗灯会耀新春
新华社照片,成都,2025年1月30日
位于四川省东南部的自贡市有三绝:恐龙、井盐和灯会。每到春节,自贡灯会都会因其精美的设计、绚丽的灯光成为人们关注的焦点。
农历新年第一个月圆之夜“元宵节”燃灯祈福的习俗始于汉代。自贡地区在唐宋年间就有新年燃灯的记载,明清时期开始举办“狮灯场市”“灯杆节”等有一定规模和固定举办时间的灯会活动。
1964年,自贡举办首届迎春灯会。除了专业的制灯工匠,各行各业的技能人才都会接到制灯任务并将制作的彩灯送至灯会参展。瓷器、药瓶、蚕茧、秸秆、光碟……各种材料都可做灯,自贡灯会名气越来越大。2008年,自贡灯会被列入第二批国家级非物质文化遗产名录。
在自贡,由灯会催生的彩灯产业已成为当地特色产业。彩灯匠人们也不断创新,以丝架人物立体造型技艺、梳花技艺、浮雕技艺、丝雕技艺等8种技艺为代表的自贡彩灯传统制作工艺被列入四川省级非物质文化遗产名录。
如今,不断吸纳新技术、兼顾传统与现代主题的自贡彩灯也在全球各地大放异彩,1990年至今已在80多个国家和地区展出,让世界感受中国人的浪漫。
图说1:1月14日在第31届自贡国际恐龙灯会上拍摄的彩灯灯组《喜迎财神》。新华社记者 胥冰洁 摄
图说2:这是1月17日在四川省自贡市第31届自贡国际恐龙灯会上拍摄的彩灯灯组(无人机照片)。新华社记者 王曦 摄