Connect with us

North America

တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအတွက် ဂွမ်တာနာမို ထိန်းသိမ်းရေးစင်တာကို တိုးချဲ့တည်ဆောက်ရန် ထရမ့် အမိန့်ပေး

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အနီး မော်တော်ကားများစစ်ဆေးနေသည့် ရဲတပ်ဖွဲ့ဝင်များကို ဇန်နဝါရီ ၁၈ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၃၁ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်က ကျူးဘားနိုင်ငံ၊ ဂွမ်တာနာမိုရှိ အမေရိကန်ရေတပ်အခြေစိုက်စခန်းတွင် ရှိပြီးသား တရားမဝင်ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေးစင်တာကို တိုးချဲ့တည်ဆောက်ရန် ကာကွယ်ရေးဌာန (DOD) နှင့် အမိမြေလုံခြုံရေးဌာန (DHS) တို့အား ညွှန်ကြားမည်ဖြစ်ကြောင်း ဇန်နဝါရီ ၂၉ ရက်က ကြေညာခဲ့သည်။ ထို့အပေါ် ကျူးဘားအစိုးရက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး ယင်းဆုံးဖြတ်ချက်သည် “ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်” ဟု သမ္မတ Miguel Diaz-Canel Bermudez က ဆိုခဲ့သည်။
“အဆိုးဆုံးလူများကို” ထိန်းသိမ်းခြင်း
ထိုနေ့တွင် ထရမ့်သည် “Laken Riley Act” ကို ဥပဒေအဖြစ် လက်မှတ်ရေးထိုးခဲ့ပြီး ယင်းဥပဒေမူကြမ်းသည် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများကို နှင်ထုတ်သည့်ကဏ္ဍတွင် အမေရိကန် ဖက်ဒရယ်အစိုးရအား ပိုမိုကြီးမားသော အာဏာကို ပေးခဲ့သည်။ Riley သည် ဂျော်ဂျီယာပြည်နယ်ရှိ သူနာပြုကျောင်းသူဖြစ်ပြီး လွန်ခဲ့သည့်နှစ်က တရားမဝင် ဗင်နီဇွဲလား ရွှေ့ပြောင်းနေထိုင်သူတစ်ဦး၏ သတ်ဖြတ်ခြင်းခံခဲ့ရသည်။ မူရင်းနိုင်ငံသို့ ပြန်ပို့ခံရသော တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ထိုနေရာတွင် နေရန် မျှော်လင့်၍မရနိုင်ကြောင်း၊ “ သူတို့ရဲ့ မူရင်းနိုင်ငံတွေကိုတောင် သူတို့ကို ခေါ်ထားမယ်လို့ ယုံကြည်လို့ မရဘူး။ ဒီလူတွေကို (အမေရိကန်ဆီ) နောက်ထပ် ဘယ်တော့မှ ပြန်မလာစေချင်ဘူး၊ ဒါကြောင့် သူတို့ကို ဂွမ်တာနာမိုကို ပို့ဖို့ စီစဉ်ထားတယ်”ဟု လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ထရမ့်က ပြောကြားခဲ့သည်။
ထိုကျူးဘားရှိ အမေရိကန် စစ်ဘက်ဆိုင်ရာ အဆောက်အအုံတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရန်အတွက် ပြင်ဆင်ထားရန် ဖက်ဒရယ် အစိုးရ အရာရှိများအား ညွှန်ကြားထားပြီးဖြစ်ကြောင်း ထရမ့်က ပြောကြားခဲ့သည်။ “ဂွမ်တာနာမိုမှာ ကုတင် ၃၀,၀၀၀ ရှိတယ်။ အမေရိကန်ပြည်သူတွေကို ခြိမ်းခြောက်တဲ့ နိုင်ငံခြားရာဇဝတ်သားတွေကို ထိန်းထားတာမှာ သုံးနိုင်တယ်” ဟု ၎င်းက ပြောကြားခဲ့သည်။
ထရမ့်က အထက်ပါ အစီအစဉ်နှင့် ပတ်သက်သော စာချွန်လွှာကို လက်မှတ်ရေးထိုးပြီးဖြစ်ကြောင်း အိမ်ဖြူတော်က ယင်းနောက် ကြေညာခဲ့သည်။
အစိုးရအနေဖြင့် ဂွမ်တာနာမိုတွင် ရှိပြီးသား ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေးစင်တာကို တိုးချဲ့တည်ဆောက်သွားမည်ဖြစ်ပြီး ယင်းစင်တာကို အမိမြေလုံခြုံရေးဌာန (DHS) လက်အောက်ရှိ လူဝင်မှုကြီးကြပ်ရေးနှင့် အကောက်ခွန် အာဏာပိုင်အဖွဲ့ (ICE) က ထိန်းသိမ်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ထရမ့်အစိုးရ၏ နယ်စပ်ရေးရာ အကြီးအကဲ Tom Homan က ဇန်နဝါရီ ၂၉ ရက်တွင် ပြောကြားခဲ့သည်။
အဆိုပါ ထိန်းသိမ်းရေးစင်တာ အဆောက်အအုံ တိုးချဲ့တည်ဆောက်ရန် ကုန်ကျစရိတ်မည်မျှ လိုအပ်မည်ကို မေးမြန်းရာတွင် အမိမြေလုံခြုံရေးဌာန (DHS) အကြီးအကဲ Kristi Noem က အစိုးရအဖွဲ့သည် လွှတ်တော်ရှိ သက်ဆိုင်ရာ ဌာနများနှင့် အတူ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့သည်။
ထိန်းသိမ်းမည့် အလားအလာ “ကြောက်မက်ဖွယ်ကောင်း”
၁၉၀၃ ခုနှစ် ဖေဖော်ဝါရီ ၂၃ ရက်တွင် အမေရိကန်က ကျူးဘားနိုင်ငံ အရှေ့တောင်ပိုင်းရှိ မဟာဗျူဟာကျသော နေရာဖြစ်သည့် ဂွမ်တာနာမို ပင်လယ်အော်၏ မြေယာတစ်စိတ်တစ်ပိုင်းကို အတင်းအဓမ္မ ငှားရမ်းကာ စစ်အခြေစိုက်စခန်းတစ်ခု တည်ဆောက်ခဲ့သည်။ ၁၉၅၉ ခုနှစ်တွင် ကျူးဘားတော်လှန်ရေး အောင်မြင်မှုရရှိပြီးနောက် ကျူးဘားအစိုးရသည် ဂွမ်တာနာမိုတွင် အမေရိကန် စစ်အခြေစိုက်စခန်း တည်ရှိမှုကို အစဉ် ကန့်ကွက်ကာ အမေရိကန်၏ ငှားရမ်းခကို လက်ခံရန် ငြင်းဆိုခဲ့ပြီး အမေရိကန်တပ်များ ရုပ်သိမ်းပေးရန် တောင်းဆိုခဲ့သည်။ ၂၀၀၂ ခုနှစ်တွင် အမေရိကန်စစ်တပ်က ဂွမ်တာနာမို စစ်အခြေစိုက်စခန်းအတွင်း အကျဉ်းထောင်တည်ထောင်ခဲ့ပြီး အကြမ်းဖက်မှု ဆန့်ကျင်ရေးစစ်ပွဲအတွင်း ဖမ်းဆီးခံခဲ့ရသော သံသယရှိသူများကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ ထိုအကျဉ်းထောင်သည် အကျဉ်းသားများအား ညှဉ်းပန်းနှိပ်စက်မှုကြောင့် နာမည်ဆိုးဖြင့်ကျော်ကြားသည်။
လူသိနည်းသည့် အကြောင်းအရာမှာ အမေရိကန်သည် ဂွမ်တာနာမိုတွင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းရေး လုပ်ငန်းစင်တာကို တည်ထောင်ထားပြီး ပင်လယ်ပြင်တွင် နှစ်စဉ် တရားမဝင်ရွှေ့ပြောင်းနေထိုင်သူများအား တားဆီးထိန်းသိမ်းခဲ့သည်။ အကြမ်းဖက် သံသယရှိသူများကို ဖမ်းဆီးထားသောနေရာနှင့် မတူသည့် အခြား အခြေစိုက်စခန်းတွင် ထိုလူများကို ဖမ်းဆီးထားကြောင်း၊ ၂၀၂၀ ပြည့်နှစ်မှ ၂၀၂၃ ခုနှစ်အထိ ဟေတီ၊ ကျူးဘားစသည့်နိုင်ငံများမှ လူပေါင်း ၃၇ ဦး ယင်းနေရာတွင် ထိန်းသိမ်းခံထားရကြောင်း The New York Times ၏ လွန်ခဲ့သည့်နှစ် စက်တင်ဘာလ ထုတ်ပြန်ခဲ့သော သတင်းအရ သိရသည်။
အစိုးရမဟုတ်သော အဖွဲ့အစည်းအချို့က ဂွမ်တာနာမိုတွင် တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများ ထိန်းသိမ်းထားခြင်း၏ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အခြေအနေအတွက် စိုးရိမ်ကြောင်း ဖော်ပြခဲ့သည်။
ထို တရားမဝင် ရွှေ့ပြောင်းနေထိုင်သူများကို “အကျဉ်းထောင်ကဲ့သို့သော” ပတ်ဝန်းကျင်တွင် ဖမ်းဆီးထားကြောင်း၊ ၎င်းတို့သည် ဒဏ်ပေးစနစ်တစ်ခုတွင် ရာသက်ပန် ပိတ်မိနေပြီး ထိုပြစ်ဒဏ်စနစ်ကို တာဝန်ယူ လည်ပတ်ပေးသော အရာရှိ မရှိကြောင်း အမေရိကန်ရှိ “နိုင်ငံတကာ ဒုက္ခသည်များ ကူညီထောက်ပံ့ရေး အစီအစဉ်” ၏ လွန်ခဲ့သည့်နှစ်က ထုတ်ပြန်ခဲ့သော အစီရင်ခံစာတစ်ခုတွင် ပြောကြားခဲ့သည်။
ထိုအကျိုးအမြတ်မယူသောအဖွဲ့အစည်း၏ တာဝန်ခံရှေ့နေ Deepa Alagsan က ၎င်းတို့အနေဖြင့် ဂွမ်တာနာမိုရှိ ရွှေ့ပြောင်းနေထိုင်သူ ထိန်းသိမ်းရေး လုပ်ငန်းစင်တာသည် “လူဒါဇင်နှင့်ချီ” ထိန်းသိမ်းရန်သာ လုံလောက်သည်ဟု ယူဆကြောင်း၊ ပိုမိုများပြားသော ရွှေ့ပြောင်းနေထိုင်သူအား ထိန်းသိမ်းရန် ဤနေရာကို အသုံးပြုမည်မှာ စဉ်းစားရခက်ကြောင်း၊ “ဒါက လုံးဝကို ကြောက်စရာကောင်းတဲ့ အလားအလာပါ” ဟု ၎င်းက ဇန်နဝါရီ ၂၉ ရက်တွင်ပြောကြားခဲ့သည်။
ကျူးဘား အပြင်းအထန် ကန့်ကွက်
ထရမ့်၏ ဤထိန်းသိမ်းရေးအစီအစဉ်ကို ကျူးဘားက အပြင်းအထန် ကန့်ကွက်ခဲ့သည်။
အမေရိကန်၏ ဤဆုံးဖြတ်ချက်သည် “ရက်စက်ကြမ်းကြုတ်သော လုပ်ရပ်” ဖြစ်ကြောင်း ကျူးဘားနိုင်ငံ သမ္မတ Diaz-Canel က ဇန်နဝါရီ ၂၉ ရက်တွင် လူမှုမီဒီယာ X ၌ ရေးသားခဲ့သည်။ အမေရိကန်၏ ဂွမ်တာနာမိုတွင် စစ်ရေးအခြေစိုက်စခန်း တည်ထောင်ခြင်းအစီအစဉ်သည် ကျူးဘားနယ်မြေကို တရားမဝင် သိမ်းပိုက်မှုဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။
အမေရိကန်က ဂွမ်တာနာမို စစ်ရေးအခြေစိုက်စခန်းတွင် ရွှေ့ပြောင်းနေထိုင်သူများအား ဖမ်းဆီးထိန်းသိမ်းထားမည့် ဆုံးဖြတ်ချက်သည် အမေရိကန်၏ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာအခြေအနေနှင့် နိုင်ငံတကာဥပဒေ၏ အရေးမစိုက်မှုကို ပြသနေသည်ဟု ကျူးဘား နိုင်ငံခြားရေး ဝန်ကြီး Bruno Rodríguez Parrilla က ပြောကြားခဲ့သည်။
ဂွမ်တာနာမိုရှိ အမေရိကန်စစ်တပ် အခြေစိုက်စခန်း၏ အကျဉ်းသားများကို ညှဉ်းပန်းနှိပ်စက်သည့် သမိုင်းကြောင်းသည် ပြောစရာမလိုလောက်အောင် နားလည်ပြီးသားဖြစ်၍ “လူတွေရဲ့ ရုပ်ပိုင်းဆိုင်ရာနဲ့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အန္တရာယ်ထဲ ရောက်စေမယ်ဆိုတာ သံသယဖြစ်စရာမလိုဘူး” ဟု အမေရိကန် “Detention Watch Network” အစီအစဉ် အကြီးအကဲ Stacy Suh က ထုတ်ပြန်ချက်တွင် ပြောကြားခဲ့သည်။ (Xinhua)

အမေရိကန်နိုင်ငံ မြို့တော် ဝါရှင်တန်ရှိ အိမ်ဖြူတော်အပြင်ဘက်တွင် ဂွမ်တာနာမိုအကျဉ်းထောင်ကို ပိတ်သိမ်းရန် တောင်းဆိုနေသော ဆန္ဒပြပွဲ၌ ပါဝင်သူများကို ၂၀၁၈ ခုနှစ် ဇန်နဝါရီ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကုလသမဂ္ဂရုံးချုပ်၌ ကျင်းပသော ၇၈ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေညီလာခံ ပုံမှန် အချေအတင်ဆွေးနွေးပွဲတွင် မိန့်ခွန်းပြောကြားနေသော ကျူးဘားနိုင်ငံ သမ္မတ Diaz-Canel ကို ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

……………………
(Chinese Version)
特朗普令关塔那摩扩建非法移民收容中心
新华社北京1月30日电 美国总统唐纳德·特朗普29日宣布,他将责成国防部、国土安全部在古巴关塔那摩美国海军基地扩建已有的非法移民收容中心,设立可容纳3万名非法移民的设施。古巴政府强烈反对,国家主席米格尔·迪亚斯-卡内尔·贝穆德斯称这一决定是“残忍行径”。
收容“最坏的人”
特朗普当天签署“莱肯·赖利法案”成法,这项法案在驱逐非法移民方面给予美国联邦政府更大权力。赖利是佐治亚州一名护理专业学生,去年遭一名委内瑞拉非法移民杀害。特朗普在签署仪式上说,不能指望被驱逐回原籍国的非法移民留在那里,“我们甚至不能相信原籍国可以留住他们。我们不希望这些人再次返回(美国),所以我们打算把他们送去关塔那摩”。
特朗普说,他已责成联邦政府官员做好准备,让这处位于古巴的美军设施收容非法移民。“我们在关塔那摩有3万张床位,可以用于关押威胁美国人民的外籍罪犯。”
白宫随后宣布,特朗普已签署关于上述安排的备忘录。
特朗普政府边境事务主管汤姆·霍曼29日说,政府将扩建关塔那摩已有的移民收容行动中心,将由隶属国土安全部的移民与海关执法局负责运维。
被问及扩建这处收容设施需要多少资金时,国土安全部长克丽丝蒂·诺姆说,政府正同国会相关机构合作。
收容前景“可怕”
1903年2月23日,美国强行租借古巴东南部战略要地关塔那摩湾的部分土地,并建起军事基地。1959年古巴革命胜利后,古巴政府一直反对关塔那摩美军基地的存在,拒绝接受美方租金,要求美军撤出。2002年,美军在关塔那摩军事基地内设立监狱,关押在反恐战争中抓获的嫌疑人。这座监狱因虐囚而臭名昭著。
鲜为人知的是,美国在关塔那摩还设立了移民收容行动中心,常年收容在海上拦截的非法移民。据《纽约时报》去年9月报道,这些人关在基地不同于关押恐怖嫌疑人的另一个地方。2020年至2023年,来自海地、古巴等国的37人被收容在这里。
一些非政府组织对关塔那摩收容非法移民的人道状况表达忧虑。
设在美国的“国际难民援助计划”在去年发表的一份报告中说,这些非法移民关押在“类似监狱”的环境中。他们被无限期地困在一个惩罚系统中,没有官员负责这个系统的运转。
这一非营利组织的主管律师迪帕·阿拉格桑29日说,他们认为关塔那摩的移民收容行动中心只够容纳“几十人”,难以想象这里被用来收容更多移民。“这绝对是可怕的前景。”
古巴强烈反对
特朗普这项收容计划遭到古巴强烈反对。
古巴国家主席迪亚斯-卡内尔29日在社交媒体X写道,美方这一决定是“残忍行径”。他重申,美国在关塔那摩设立军事基地是非法占领古巴领土。
古巴外交部长布鲁诺·罗德里格斯·帕里利亚说,美国在关塔那摩军事基地关押移民的决定体现了美方对人道状况和国际法的蔑视。
美国“拘留观察网络”项目主管斯特西·徐(音译)在声明中说,关塔那摩美军基地虐囚的历史不言自明,“毫无疑问,它将使人们的身心健康处于危险之中”。(包雪琳)
图说1:1月18日,警察在美国首都华盛顿的白宫附近盘查车辆。新华社记者吴晓凌摄
图说2:2018年1月11日,人们在美国华盛顿白宫外参加抗议活动,要求关闭关塔那摩监狱。新华社记者殷博古摄
图说3:2023年9月19日,在位于纽约的联合国总部,古巴国家主席迪亚斯-卡内尔在第78届联合国大会一般性辩论上讲话。新华社记者李睿摄