Connect with us

China

တရုတ်လျှပ်စစ်ကားများ ပြည်ပဈေးကွက်တွင် အဆက်မပြတ်အရောင်းသွက်နေ

တရုတ်အမှတ်တံဆိပ် MG လျှပ်စစ်ကားပြခန်းကို ၂၀၂၄ ခုနှစ် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်မြို့ ကားပြပွဲ၌ ၂၀၂၄ ခုနှစ် နိုဝင်ဘာလ ၈ ရက်တွင် တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇန်နဝါရီ ၆ ရက် (ဆင်ဟွာ)

၂၀၂၄ ခုနှစ်အတွင်း တရုတ်လျှပ်စစ်ကားများသည် ပြည်ပဈေးကွက်၌ ရလဒ်ကောင်းများ ဆွတ်ခူးရရှိခဲ့သည်။ အချို့သောနိုင်ငံမှ လုပ်ငန်းဆိုင်ရာအသင်းအဖွဲ့များ လွန်ခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်သည့် အချက်အလက်များအရ တရုတ်လျှပ်စစ်ကားများသည် ပြည်ပတွင် အဆက်မပြတ် အရောင်းသွက်လျက်ရှိကြောင်းသိရသည်။
Norwegian Road Federation (OFV) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် နော်ဝေးနိုင်ငံ၌ ကားအသစ်အစီးရေ စုစုပေါင်း ၁၂၈,၀၀၀ ကျော်ရောင်းချနိုင်ခဲ့ပြီး ၎င်းအနက် အစီးရေ ၁၁၄,၀၀၀ ကျော်မှာ လျှပ်စစ်ကားများဖြစ်သည်။ BYD၊ XPeng၊ MG စသည့် အမှတ်တံဆိပ်များက အရောင်းအများဆုံးအမှတ်တံဆိပ် ၁၅ ခုစာရင်းဝင်ခဲ့သည့်အပြင် ဈေးကွက်ဝေစုသည် ယမန်နှစ်ထက် ပိုများလာကြောင်း သိရသည်။

Norwegian Road Federation (OFV) တာဝန်ခံ Øyvind Solberg Thorsen က တရုတ်ကားအမှတ်တံဆိပ်များသည် ၂၀၂၄ ခုနှစ်တွင် နော်ဝေးကားအသစ်ဈေးကွက်၌ အရေးပါသည့်ဝေစုကိုပိုင်ဆိုင်ထားကြောင်း၊ “၂၀၂၅ ခုနှစ်မှာ တရုတ်နိုင်ငံ ထွန်းသစ်စ ကားအမှတ်တံဆိပ်နဲ့ ကားမော်ဒယ်များက ကားအသစ်ဈေးကွက်မှာ ပိုမိုကောင်းမွန်တဲ့ ရလဒ်များ လုပ်ဆောင်နိုင်မလားဆိုတာ သတိပြုဖွယ်ထိုက်ပါတယ်” ဟုဆိုသည်။
အစ္စရေးမော်တော်ယာဉ် တင်သွင်းသူများအသင်း (Israel Vehicle Importers Association) က ၂၀၂၅ ခုနှစ် ဇန်နဝါရီ ၂ ရက်တွင် ထုတ်ပြန်သည့် အချက်အလက်များအရ ၂၀၂၄ ခုနှစ်တွင် အစ္စရေးနိုင်ငံ၌ တရုတ်ကားအမှတ်တံဆိပ် လျှပ်စစ်ကားအစီးရေ ၄၆,၁၃၇ စီးရောင်းချရခဲ့ပြီး အစ္စရေးနိုင်ငံ လျှပ်စစ်ကားဈေးကွက်ဝေစု၏ ၆၈.၆၉ ရာခိုင်နှုန်းကို နေရာယူထားကြောင်း သိရသည်။ BYD၊ XPeng၊ Chery နှင့် Geely စသည့် အမှတ်တံဆိပ်များသည် လျှပ်စစ်ကား အရောင်းချရဆုံးစာရင်း ထိပ်တန်းနေရာ၌ ရပ်တည်လျက်ရှိသည်။ ၎င်းအနက် BYD ကုမ္ပဏီအောက်ရှိ ATTO 3 အသေးစားလျှပ်စစ်ကားမော်ဒယ်ကို ၂၀၂၄ ခုနှစ်တွင် ၁၀,၆၀၇ စီး ရောင်းချနိုင်ခဲ့သဖြင့် အစ္စရေးနိုင်ငံတွင် အရောင်းကောင်းဆုံး ကားမော်ဒယ်ဖြစ်ခဲ့သည်။

လတ်တလောနှစ်ပိုင်းတွင် တရုတ်လျှပ်စစ်ကားအမှတ်တံဆိပ်များသည် သာလွန်ကောင်းမွန်သော အရည်အသွေး၊ သက်သာသောကုန်ကျစရိတ်နှင့် စွမ်းဆောင်ရည် မြင့်မားမှုတို့ဖြင့် နိုင်ငံတကာဈေးကွက်တွင် တဖြည်းဖြည်းလူကြိုက်များလာခဲ့သည်။ ကားလောကမှ လူပုဂ္ဂိုလ်များက တရုတ်လျှပ်စစ်ကားသည် ကမ္ဘာ့လျှပ်စစ်ကားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုအတွက် အရေးပါသော သက်ရောက်မှုရှိသည်ဟု ယူဆကြသည်။ (Xinhua)

ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာညီလာခံ ဘာကူ အစည်းအဝေး တက်ရောက်လာသူများအား တရုတ်အမှတ်တံဆိပ် လျှပ်စစ်ကားများဖြင့် ဝန်ဆောင်မှုပေးနေပုံကို ၂၀၂၄ ခုနှစ် နိုဝင်ဘာ ၁၁ ရက်တွင် အဇာဘိုင်ဂျန်မြို့တော် ဘာကူမြို့၌ တွေ့ရစဉ် (ဆင်ဟွာ)

—————————-
(Chinese Version)
中国电动汽车持续畅销海外市场
新华社北京1月3日电 2024年中国电动汽车在海外市场取得不俗成绩。部分国家行业机构日前发布的数据显示,中国电动汽车持续畅销海外。
挪威公路联合会2日发布的数据显示,2024年挪威共售出新车逾12.8万辆,其中超过11.4万辆为电动汽车,比亚迪、小鹏、名爵等品牌进入销量榜前15名,且市场份额均比前一年有所增加。
挪威公路联合会负责人厄于温·索尔贝格·托森表示,中国汽车品牌在2024年占据了挪威新车市场的重要份额。“2025年,中国新兴汽车品牌和车型能否在新车市场取得更好表现值得关注。”
以色列汽车进口商协会2日发布的数据显示,2024年中国汽车品牌在以色列共售出46137辆电动汽车,占该国电动汽车市场份额的68.69%。比亚迪、小鹏、奇瑞和吉利等品牌位居电动汽车销量榜前列,其中比亚迪旗下电动小型跨界车ATTO 3在2024年售出10607辆,成为以色列最畅销车型。
近年来,中国电动汽车品牌凭借过硬的质量和高性价比,逐渐赢得国际市场青睐。汽车界人士认为,中国电动汽车对世界电动汽车行业的发展产生重要影响。(完)
图说1:这是2024年11月8日在2024年瑞士苏黎世汽车展上拍摄的中国汽车品牌上汽名爵展台。新华社记者 连漪 摄
图说2:这是2024年11月11日在阿塞拜疆首都巴库拍摄的联合国气候变化巴库大会为参会者提供服务的中国品牌电动车。新华社记者 曹阳 摄