Asia
U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို တားဆီးခြင်းအပေါ် ဖြေရှင်းချက်ပေးရန် လိုအပ်ရာ ဂျပန်-အမေရိကန် အနာဂတ်အရေး ဆွေးနွေးရန် ခက်ခဲမည်ဟု ဂျပန်ဝန်ကြီးချုပ် ပြောကြား
တိုကျို၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ဘိုင်ဒန်သည် လုံခြုံရေးအန္တရာယ်ရှိသည်ဟု အကြောင်းပြ၍ Nippon Steel ကုမ္ပဏီက U.S. Steel ကုမ္ပဏီအား ဝယ်ယူမှုကို တားဆီးခဲ့ကြောင်း၊ ၎င်းမှာ ဂျပန်ထုတ်လုပ်မှုလုပ်ငန်းကဏ္ဍက အမေရိကန်၌ ရင်းနှီးမြှုပ်နှံမှုအပေါ် စိုးရိမ်မှု ဖြစ်ပွားစေရာ ယင်းအပေါ် အမေရိကန်အနေဖြင့် ဖြေရှင်းချက်ပေးရန် ဂျပန်အစိုးရက တောင်းဆိုကြောင်း ဂျပန်ဝန်ကြီးချုပ် ရှိဂဲရု အီရှီဘာက ဇန်နဝါရီ ၆ ရက် နှစ်သစ် သတင်းစာရှင်းလင်းပွဲသို့ တက်ရောက်ပြီး သတင်းထောက်များ၏မေးမြန်းမှုကို ဖြေကြားခဲ့သည်။
“ဘာလို့ ဒီလိုဝယ်ယူမှုက လုံခြုံရေးအန္တရာယ် ဖြစ်စေတာလဲ။ အကျိုးအကြောင်း ရှင်းလင်းချက်မပေးတဲ့အခြေအနေမှာ ဂျပန်နဲ့ အမေရိကန်သည် အနာဂတ်အရေး ဆွေးနွေးဖို့ အလွန်ခက်ခဲတယ်” ၊ “ဂျပန်ထုတ်လုပ်မှု လုပ်ငန်းကဏ္ဍ လူပုဂ္ဂိုလ်တွေက အနာဂတ် အမေရိကန်အပေါ် ရင်းနှီးမြှုပ်နှံမှုရဲ့ စိုးရိမ်မှုတွေ သိသိသာသာ မြင့်တက်လာတယ်…အားလုံးရဲ့ စိုးရိမ်သံသယစိတ်တွေကို ဖယ်ရှားဖို့အတွက် ဒီအပေါ် အမေရိကန် အစိုးရက ဖြေရှင်းချက်ပေးဖို့ ဂျပန်အစိုးရအနေနဲ့ အပြင်းအထန် တောင်းဆိုပါတယ်” ဟု ရှိဂဲရု အီရှီဘာက ပြောကြားခဲ့သည်။
Nippon Steel ဥက္ကဋ္ဌ Eiji Hashimoto က U.S. Steel ကုမ္ပဏီကို ဝယ်ယူရန် ဘိုင်ဒန် မည်သို့ပင် တားဆီးစေကာမူ Nippon Steel အနေဖြင့် အမေရိကန်ဈေးကွက်အပေါ် ရပ်တည်ချက် ပြောင်းလဲမည်မဟုတ်ဘဲ တိုးတက်မှုရှိသောဈေးကွက်အဖြစ် ရှုမြင်နေဆဲဖြစ်ကြောင်း၊ ကုမ္ပဏီအနေဖြင့် အမေရိကန်ရှိ လုပ်ငန်းများ တိုးချဲ့မှုကို စွန့်လွှတ်မည်မဟုတ်သလို မိမိ၏ တရားဝင် အခွင့်အရေးနှင့် အကျိုးစီးပွားများကို နည်းလမ်းပေါင်းစုံဖြင့် ကာကွယ်ထိန်းသိမ်းသွားမည် ဖြစ်ကြောင်း ယင်းနေ့တွင် ကြေညာချက်တစ်စောင်ထုတ်ပြန်ခဲ့သည်။
Nippon Steel က U.S. Steel ကုမ္ပဏီကို ဝယ်ယူမှုအား ဘိုင်ဒန်အနေဖြင့် တရားဝင် တားမြစ်လိုက်ကြောင်း အမေရိကန် အိမ်ဖြူတော်က ဇန်နဝါရီ ၃ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။ U.S. Steel ကုမ္ပဏီအား Nippon Steel ဝယ်ယူမှုသည် “အမေရိကန်နိုင်ငံရဲ့ အကြီးဆုံး သံမဏိထုတ်လုပ်သည့်လုပ်ငန်းတစ်ခုကို နိုင်ငံခြားရဲ့ ထိန်းချုပ်မှုမှာ ထားရှိခြင်း ဖြစ်တာကြောင့် အမေရိကန် အမျိုးသားလုံခြုံရေးနှင့် အချက်အချာကျသည့် ထောက်ပံ့ရေးကွင်းဆက်အပေါ် အန္တရာယ်ဖြစ်စေတယ်” ဟု ဘိုင်ဒန်က ကြေညာချက်တွင် ဖော်ပြထားသည်။
၂၀၂၃ ခုနှစ် ဒီဇင်ဘာလတွင် ကန်ဒေါ်လာ ၁၄.၉ ဘီလီယံဖြင့် U.S. Steel ကုမ္ပဏီကို ဝယ်ယူမည် ဖြစ်ကြောင်း Nippon Steel က ကြေညာခဲ့သည်။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု စိစစ်ရေးကို အဓိက စီမံဆောင်ရွက်သည့် အမေရိကန်နိုင်ငံ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုရေးရာ ကော်မတီ (CFIUS) က သက်ဆိုင်ရာ အရောင်းအဝယ်မှာ အမေရိကန် သံမဏိ ထုတ်လုပ်မှု ပမာဏကို လျော့ကျစေပြီး “အမျိုးသားလုံခြုံရေး” အပေါ် ခြိမ်းခြောက်မှု ဖြစ်မည်ကို စိုးရိမ်ကြောင်း ပြောကြားခဲ့သည်။ Nippon Steel နှင့် U.S. Steel ကမူ CFIUS ၏ စိုးရိမ်မှုမှာ အထောက်အထားမရှိဟု ယူဆကြောင်း သိရသည်။ (Xinhua)
……………………….
(Chinese Version)
日本首相:阻止收购美钢需作解释 日美难谈未来
新华社东京1月6日电(记者刘春燕 欧阳迪娜)日本首相石破茂6日出席新年记者招待会并回答记者提问时表示,美国总统拜登以存在安全风险为由阻止日本制铁公司收购美国钢铁公司,令日本产业界对投资美国产生忧虑,日本政府要求美国作出解释。 “为什么这一收购案会引发安全风险?在不能说明理由的情况下,日美很难谈论未来。”石破茂表示,“日本产业界人士对于未来投资美国的忧虑明显上升……日本政府强烈要求美国政府作出解释,以打消大家的疑虑。”
日铁社长今井正当天发表的一份声明表示,尽管拜登阻止日铁收购美钢,日铁对美国市场的定位不会改变,依然视其为成长性市场。公司不会放弃扩展美国业务,将采取一切措施维护自己的合法权益。
美国白宫3日发表声明说,拜登正式阻止日铁收购美钢。拜登在声明中说,日铁收购美钢将“使美国最大的钢铁生产商之一置于外国控制之下,给美国国家安全和关键供应链带来风险”。
2023年12月,日铁宣布计划以149亿美元收购美钢。主管外资审查的美国外国投资委员会表示,担忧相关交易会导致美国钢铁产量下降,对“国家安全”构成威胁。日铁和美钢认为,美国外国投资委员会的所谓担忧缺乏依据。(完)
1. 这是2024年5月14日在美国首都华盛顿拍摄的美国总统拜登。新华社发(亚伦摄)
2. 这是2022年8月4日在美国华盛顿拍摄的白宫。新华社记者刘杰摄