Connect with us

Asia

မြောက်ကိုရီးယားက အသံထက်မြန်သော တာလတ်၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်ဟု KCNA ဖော်ပြ

ပဲ့ထိန်းဒုံးကျည်ပစ်ခတ်သည့် နေရာအား KNCA သတင်းဌာနမှ ထုတ်ပြန်သော ရုပ်ပုံတွင် တွေ့ရစဉ် (ဓာတ်ပုံ- ဆင်ဟွာ/KCNA)

ဆိုးလ်၊ ဇန်နဝါရီ ၇ ရက် (ဆင်ဟွာ)

မြောက်ကိုရီးယားက ဇန်နဝါရီ ၆ ရက်တွင် အသံထက်မြန်သော တာလတ်၊ တာဝေးပစ် ပဲ့ထိန်းဒုံးကျည် စမ်းသပ်ပစ်ခတ်ခဲ့ကြောင်း KNCA သတင်းဌာနက ဇန်နဝါရီ ၇ ရက်တွင် ဖော်ပြခဲ့သည်။ မြောက်ကိုရီးယား အလုပ်သမားပါတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်ရေးရာ ကော်မရှင် ဥက္ကဋ္ဌ ကင်ဂျုံအန်းက ဗီဒီယို စောင့်ကြည့်ထိန်းချုပ်ရေး စနစ်မှတစ်ဆင့် ပဲ့ထိန်းဒုံးကျည်စမ်းသပ်ပစ်ခတ်မှုကို ကြည့်ရှုခဲ့ရာ ယခုအကြိမ် စမ်းသပ်ပစ်ခတ်မှုသည် ယင်း ပဲ့ထိန်းဒုံးကျည်စနစ်၏ လက်တွေ့ထိရောက်မှုကို အပြည့်အဝ သက်သေပြခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

ယင်းပဲ့ထိန်းဒုံးကျည်ကို မြောက်ကိုရီးယားက ပြုံယမ်းမြို့ ဆင်ခြေဖုံး ပစ်ခတ်ကွင်းမှတစ်ဆင့် အရှေ့မြောက်ဘက်သို့ ဦးတည်၍ ပစ်ခတ်ခြင်းဖြစ်ကြောင်း သတင်းတွင် ဖော်ပြထားသည်။ ကင်ဂျုံအန်းက မြောက်ကိုရီးယား တီထွင်ထုတ်လုပ်သည့် အသံထက်မြန်သော ပဲ့ထိန်းဒုံးကျည်သည် မဟာဗျူဟာဟန့်တားမှု၏ အချက်အချာအင်အား ဖြစ်ရာ နိုင်ငံ၏ နျူကလီးယားစစ်ပွဲ တားဆီးနိုင်စွမ်းကို စဉ်ဆက်မပြတ် အားဖြည့်ရန် ရည်ရွယ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

ပဲ့ထိန်းဒုံးကျည်ပစ်ခတ်လိုက်သည့် မြင်ကွင်းအား KNCA သတင်းဌာနမှ ထုတ်ပြန်သော ရုပ်ပုံတွင် တွေ့ရစဉ် (ဓာတ်ပုံ-ဆင်ဟွာ/KCNA)

ကင်ဂျုံအန်း (လယ်) က ဗီဒီယို စောင့်ကြည့်ထိန်းချုပ်ရေးစနစ်မှတစ်ဆင့် ပဲ့ထိန်းဒုံးကျည်ပစ်ခတ်မှုအား ကြည့်ရှုနေသည်ကို KNCA သတင်းဌာနမှ ထုတ်ပြန်သော ရုပ်ပုံတွင် တွေ့ရစဉ်(ဓာတ်ပုံ- ဆင်ဟွာ/KCNA)

………………………
(Chinese Version)
新华简讯|朝中社:朝鲜试射新型高超音速中远程弹道导弹
新华社首尔1月7日电 朝中社7日报道,朝鲜6日试射新型高超音速中远程弹道导弹。朝鲜劳动党总书记、国务委员长金正恩通过视频监控系统观看了导弹试射活动,并表示此次试射充分证明该导弹系统的实效性。
报道说,朝方从平壤市郊区发射场往东北方向发射了该导弹。金正恩表示,朝鲜开发的新型高超音速导弹是战略遏制的核心力量,旨在不断强化国家核战争遏制力。(完)
1. 这是朝中社发布的导弹发射现场画面。 新华社/朝中社
2. 这是朝中社发布的导弹发射升空画面。 新华社/朝中社
3. 这是朝中社发布的金正恩(中)通过视频监控系统观看导弹试射活动的画面。 新华社/朝中社